ကီလီယန်အမ်ဘက်ပေက ရီးရဲယ်မက်ဒရစ် အသင်းဟာ free transfer နဲ့ ပက်သက်ပြီး သူဆွေးနွေးမှု လုပ်ခဲ့တဲ့ တစ်ခုတည်းသော ကလပ်မဟုတ်ဘဲ ပရီးယားလိဂ် အင်အားကြီး ကလပ်တစ်ခု ဖြစ်တဲ့ လီဗာပူးအသင်းနဲ့လည်း အပြောင်းအရွေ့ နဲ့ပက်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ် ။ ပြင်သစ်လက်ရွေးစင်နဲ့ လီဂူးဝမ်းချန်ပီယံ တို့ရဲ့ ပြီးခဲ့တဲ့ စာချုပ်ဟာ လာမည့်လမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး လူတော်တော်များများက အမ်ဘက်ပေ အနေနဲ့ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွေ့ကာ ကမ္ဘာ့လစာ အမြင့်ဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ယူဆထားခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မထင်မှတ်ထားခဲ့တဲ့ ဒရမ်မာဆန်ဆန် အလှည့်အပြောင်း ဖြစ်သွားခဲ့ပြီး အမ်ဘက်ပေဟာ လီဂူးဝမ်း ကလပ်မှာပဲ ဆက်နေရန် ဆုံးဖြတ်ချက်ချမှတ်သွားခဲ့ကာ လာမည့် ၂၀၂၅ ခုနှစ်ထိ စာချုပ်သက်တမ်း တိုးမြှင့် သွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် အမ်ဘက်ပေဟာ ကလပ်အသင်း သမိုင်းတစ်လျှောက် လစာအမြင့်ဆုံး ကစားသမား ဖြစ်လာခဲ့တဲ့ အပြင် ကလပ် နောက်ကွယ်က လုပ်ဆောင်မှု တစ်ချို့ အပေါ်ကိုလည်း လွှမ်းမိုးမှု ရှိလာမှာ ဖြစ်ပြီး ပြင်သစ်သမ္မတ မက်ခရွန် ကတောင် အမ်ဘက်ပေကို လီဂူးဝမ်းကလပ်မှာပဲ ဆက်နေရန် စည်းရုံးမှု လုပ်ခဲ့တယ်လို့ သိရပါတယ်။

အမ်ဘက်ပေကို ရီးရဲယ်မက်ဒရစ် တစ်သင်းတည်းကပဲ ခေါ်ယူဖို့ ကြိုးစားခဲ့တယ်ဆိုပြီး ထင်မှတ်နိုင်ပေမယ့်လည်း လက်ရှိမှာတော့ အမ်ဘက်ပေက သူဟာ လီဗာပူး အသင်းနဲ့လည်း စကားပြောဆိုမှု လုပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အမ်ဘက်ပေက “ကျနော်တို့ လီဗာပူးနဲ့ အနည်းငယ် စကားပြောဆိုမှု လုပ်ခဲ့ပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ အနည်းငယ် ဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။ ကျနော် လီဗာပူးနဲ့ စကားပြောဆိုမှု တစ်ချို့ လုပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးဟာ ကျနော့် အမေ အနှစ်သက်ဆုံး ကလပ် ဖြစ်နေလို့ပါပဲ။

ကျနော့် အမေက လီဗာပူးကို တအား နှစ်သက်ပါတယ်။ ဘာလို့လဲဆိုတာ ကျနော်လည်း မသိပါဘူး။ ခင်ဗျားတို့ သူ့ကိုပဲ သွားမေးကြည့်လိုက်ပါ။ လီဗာပူးဟာ အသင်းကောင်း တစ်သင်း ဖြစ်ပြီး လွန်ခဲ့တဲ့ ငါးနှစ်ကလည်း ကျနော်တို့ စကားပြောဆိုမှု လုပ်ခဲ့ပါသေးတယ်။ ကျနော် မိုနာကိုမှာ ကစားနေစဥ်က ဖြစ်ပြီး လီဗာပူးဟာ တကယ့်ကို ကြီးကြယ်တဲ့ကလပ် ဖြစ်ပါတယ်။” လို့ဆိုသွားပါတယ်။ ဆက်လက်ပြီး ကမ္ဘာ့ဖလားဆုရှင်က သူ့အနေနဲ့ ပီအက်ဂျီ နဲ့ ရီးရဲယ်မက်ဒရစ် တို့ထဲက တစ်သင်းသင်းကိုပဲ အဓိက ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

အမ်ဘက်ပေဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က မိုနာကို ကနေ ပီအက်ဂျီကို ကနဦး အငှားလာကစားခဲ့တာ ဖြစ်ပြီး နောက်ရာသီမှာ ပေါင်သန်း ၁၅၀ နဲ့ အပြီးသတ် ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူး အသင်း အနေနဲ့ကတော့ အဆိုပါ နှစ်ကြိမ်စလုံး ပီအက်ဂျီရဲ့ ဘဏ္ဍာရေး အင်အားကို ယှဉ်ပြိုင်နိုင်ဟန် မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ အပတ်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လီဗာပူး အနေနဲ့ အမ်ဘက်ပေကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားမှု ရှိခဲ့သလားဆိုပြီး သတင်းထောက် တစ်ဦးက မေးမြန်းမှု လုပ်ခဲ့ရာမှာ ယာဂန်ကလော့က ပြင်သစ်စတားကို အထူးချီးကျူးမှု လုပ်သွားခဲ့ကာ အမ်ဘက်ပေ အတွက် ကုန်ကျမယ့် စုစုပေါင်း package ဟာ လီဗာပူးရဲ့ ဘဏ္ဍာရေးအင်အားနဲ့ အဆင်မပြေနိုင်ဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။

ကလော့က “အမှန်ပါပဲ။ ကျနော်တို့ အမ်ဘက်ပေကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားမှု ရှိခဲ့ပါတယ်။ ကျနော်တို့ ကမ်းနေတာ မဟုတ်ပါဘူး ။ သူနဲ့ ဆွေးနွေးမှု လုပ်ခဲ့သလားဆိုတာကိုတော့ ပြောဆိုသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ သူ့ကို စိတ်ဝင်စားခဲ့တယ် ဆိုတာကတော့ အမှန်ပါပဲ။ အကယ်၍ ဒီလို ကစားသမားမျိုးကို ခင်ဗျားတို့ မနှစ်သက်ဘူးဆိုရင် ကိုယ့်ကိုကိုယ် ပြန်ပြီး မေးခွန်းထုတ်သွားရမှာပါ။ ဒါပေမဲ့ ကျနော်တို့ သူ့ကို ခေါ်ယူဖို့ ကြိုးစားသွားမယ့် တိုက်ပွဲထဲမှာ ဝင်ရောက်နိုင်စွမ်း မရှိပါဘူး ။ အခြားကလပ်တွေတော့ ဝင်ပါကြမှာပါ။ ဒါဟာ အိုကေပါတယ်။”

ZAWGYI: ကီလီယန်အမ်ဘက်ပေက ရီးရဲယ်မက်ဒရစ် အသင်းဟာ free transfer နဲ့ ပက်သက်ပြီး သူဆွေးနွေးမှု လုပ်ခဲ့တဲ့ တစ်ခုတည်းသော ကလပ်မဟုတ်ဘဲ ပရီးယားလိဂ် အင်အားကြီး ကလပ်တစ်ခု ဖြစ်တဲ့ လီဗာပူးအသင်းနဲ့လည်း အပြောင်းအရွေ့ နဲ့ပက်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ် ။ ပြင်သစ်လက်ရွေးစင်နဲ့ လီဂူးဝမ်းချန်ပီယံ တို့ရဲ့ ပြီးခဲ့တဲ့ စာချုပ်ဟာ လာမည့်လမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး လူတော်တော်များများက အမ်ဘက်ပေ အနေနဲ့ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွေ့ကာ ကမ္ဘာ့လစာ အမြင့်ဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ယူဆထားခဲ့ကြပါတယ်။