ပေါလ်ပေါ့ဘာအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အခါ မန်စီးတီးရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး ပရီးမီးယားလိဂ်ကနေ ထွက်ခွါချင်နေတယ်လို့ သိရပါတယ်။

ပေါ့ဘာရဲ့လက်ရှိစာချုပ်သက်တမ်းဟာ ရာသီကုန်မှာကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက်ကာလရှည်ကြိုးစားခဲ့ပေမယ့် ညှိနှိုင်းမရတဲ့အဆုံးမှာ ပြင်သစ်သားကိုလက်လွှတ်ရတော့မှာကို လက်ခံလိုက်ရတာပါ။

ပြီးခဲ့တဲ့သောကြာနေ့ကထွက်ပေါ်လာတဲ့သတင်းတွေအရ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူကိုခေါ်ယူဖို့ မြို့ခံပြိုင်ဘက်စီးတီးဟာ ပေါ့ဘာရဲ့အေးဂျင့်တွေကိုဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်အခုတလောမှာ ပေါ့ဘာရဲ့အိမ်အတွင်း မကြာခဏဖောက်ထွင်းမှုတွေဖြစ်ပွါးနေတာကြောင့် ပေါ့ဘာနဲ့မိသားစုဟာ အင်္ဂလန်မှာဆက်ရှိနေဖို့ သိပ်မသေချာတော့ပါဘူး။

ကစားသမားနဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရတော့ ပေါ့ဘာဟာယူနိုက်တက်မှာ ရုန်းကန်နေရတယ်ဆိုပေမယ့် အသင်းအပေါ်ချစ်မြတ်နိုးစိတ်ရှိနေတာကြောင့် မန်စီးတီးရဲ့ချိတ်ဆက်မှုကို လက်ခံမှာမဟုတ်ဘူးလို့သိရပါတယ်။

ပေါ့ဘာရဲ့အနာဂတ်ဟာ ဘယ်အသင်းမှာဖြစ်မလဲဆိုတာ အခုထိသေသေချာချာမသိရသေးပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ဟာ ငွေကြေးဘယ်လောက်ရမလဲဆိုတာထက် မိသားစုအဆင်ပြေစေရေးကိုသာရှေးရှုမယ်လို့ သတင်းတွေထွက်နေတာပါ။

ပေါ့ဘာကိုမွေးရပ်မြေမှာပထမဆုံးကစားစေချင်နေတဲ့ ပီအက်စ်ဂျီအသင်းဟာ ပေါ့ဘာကိုကာလရှည်စိတ်ဝင်စားနေတာဖြစ်ပြီး ထိပ်ဆုံးကကမ်းလှမ်းသွားဖွယ်ရှိပါတယ်။ ပီအက်စ်ဂျီအပြင် ပေါ့ဘာရဲ့အသင်းဟောင်းဖြစ်တဲ့ဂျူဗင်တပ်စ်ကလဲ ကမ်းလှမ်းလာဖွယ်ရှိနေပြီး ပေါ့ဘာဟာအသင်းအပေါ်သံယောစဉ်ရှိသေးသလို မိသားစုနဲ့လဲရင်းနှီးတဲ့နေရာဖြစ်တာကြောင့် အပြောင်းအရွှေ့ဖြစ်လာနိုင်တာပါ။

ZAWGYI: ပေါလ်ပေါ့ဘာအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အခါ မန်စီးတီးရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး ပရီးမီးယားလိဂ်ကနေ ထွက်ခွါချင်နေတယ်လို့ သိရပါတယ်။