အာဆင်နယ်နဲ့ပရီးမီးယားလိဂ်ဂရိတ်ကြီး သီယာရီအွန်နရီရဲ့ကျောနံပါတ် ၁၄ ကို အမွေဆက်ခံခဲ့ပြီးနောက် သူ့ရဲ့ပထမဆုံးပွဲမှာ ရာသီကြို ၃၅ မိနစ်ဟက်ထရစ်ကိုသွင်းခြင်းအားဖြင့် အက်ဒီအန်ကတ်တီးယားက ဂန်းနားစာချုပ်သစ်ကို အောင်ပွဲခံခဲ့ပါတယ်။ စနေနေ့၊ အက်စ်ဆွစ်ချ်တောင်းတို့နဲ့ ရာသီကြိုခြေစမ်းပွဲမှာ အာဆင်နယ်တို့က ၅-၁ နဲ့အနိုင်ရခဲ့ပြီး အန်ကတ်တီးယားက ၃၅ မိနစ်ဟက်ထရစ်သွင်းခဲ့ပါတယ်။

လန်ဒန်ကော်နီက တံခါးပိတ်ပွဲကန်တဲ့ ချစ်ကြည်ရေးပွဲမှာ လိဂ်ဝမ်းဖေးဘရိတ်အပ်စ်ဆွစ်ချ်တို့ကို ဂိုးပြတ်နဲ့မှုန်းပြီး ရာသီကြိုပထမဆုံးပွဲကို အာဆင်နယ်တို့စတင်လိုက်ပါတယ်။ အန္တရာယ်ရှိတဲ့ဧရိယာမှာ အပ်ဆွစ်ချ်တို့ဘောလုံးဆုံးရှုံးတဲ့အခါ ပွဲချိန်စက္ကန့် ၃၀ မှာတင် အန်ကတ်တီးယားက အဖွင့်ဂိုးစသွင်းခဲ့တာပါ။ အန်ကတ်တီးယားဟာ သူ့အနာဂါတ်နဲ့ပတ်သတ်ပြီး သတင်းပေါင်းစုံထွက်ရင်း အာဆင်နယ်ကထွက်ခွာလုနီးပါး သေချာခဲ့တာဖြစ်ပေမဲ့ လွန်ခဲ့တဲ့နှစ်ပတ်ခန့်မှာတော့ ဆုံးဖြတ်ချက်ကို ဂငယ်ကွေ့ပြန်ကွေ့လာပြီး ကာလရှည်သက်တမ်းစာချုပ်တခုကို ဂန်းနားတို့နဲ့လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။

နောက်တကြိမ်မှာတော့ အန်ကတ်တီးယားရဲ့ခေါင်းတိုက်ချက်ကို ဂိုသမားခရစ်စတီယန်ဝေါ်လ်တန်က ကာကွယ်လိုက်ပြီးနောက် ဆမ်ဘီလိုကန်ဂါဂိုးသွင်းဖို့ တိုက်စစ်မှူးက ဖန်တီးပေးခဲ့ပါတယ်။ နစ်ကိုးလတ်ပက်ပီက curling ကန်ချက်နဲ့ ဂိုးရလုနီးပါးဖြစ်ခဲ့ပေမဲ့ အန်ကတ်တီးယားကပွဲ အချိန်တိုအတွင်း နောက်ထပ်အမြန် ၂ ဂိုးသွင်းလို့ ဟက်ထရစ်ပြည့်စုံပြီး မင်းသားဖြစ်ခဲ့ပါတယ်။

ဂန်းနားတို့က ဘန်းဒ်လီနို၊ ဟက်တာဘယ်လာရင်၊ ဘန်ဂျမင်ဝှိုက်၊ သောမတ်စ်ပါတေး၊ နစ်ကိုးလတ်စ်ပက်ပီတို့အပါအဝင် တောင့်တင်းတဲ့လူစာရင်းနဲ့ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်းမှာ နှစ်သင်းလုံး လူစာရင်းအပြည့်လဲခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ပထမပိုင်းလူစာရင်းက ဂိုး လီနို၊ ဘယ်လာရင်၊ ဝှိုက်၊ မာရီ၊ ဆက်ဒရစ်၊ ပါတေး၊ မိတ်လန်နိုင်းစ်၊ လိုကန်ဂါ၊ ပက်ပီ၊ အန်ကတ်တီးယား၊ နယ်လ်ဆင်။

ဒုတိယပိုင်းလူစာရင်း အိုခွန်းခို၊ ဝေါ်လ်တာ၊ ကာ့က်၊ အာ၊ ဆူဆာ၊ စမစ်၊ ဆာလာအူလတ်၊ ပါတင်နို၊ ဟတ်ချင်ဆန်၊ ဘာလိုဂန်၊ ဖလောရက်စ်။ အရံ အွန်နရီဖရန်ဆေး၊ အိုဂန်းဘို။ လတ်တလောမှာ နိုင်ငံတကာပွဲမကစားထားတဲ့ကစားသမားများကို မန်နေဂျာအာတေးတား ခေါ်ယူခွင့်ရခဲ့ပြီး ဒုတိယပိုင်း တသင်းလုံးလူစားလဲချိန်မှာ ဘာလိုဂန်းကိုမိတ်ဆက်ရင်း လူငယ်ကစားသမားတွေအတွေ့အကြုံရအောင် အခွင့်အရေးပေးခဲ့ပါတယ်။

အသက် ၂၀ အရွယ်အင်္ဂလန်လူငယ်က အာဆင်နယ်တို့အတွက် ငါးဂိုးမြောက်ကိုသွင်းယူခဲ့ပြီး ၂၀၂၂-၂၃ ဒုတိယရာသီဝက်ကို မစ်ဒယ်ဘရော့မှာသွားကစားခဲ့ရာကနေ သူ့ရဲ့တကျော့ပြန်ကို အမှတ်အသားပြုခဲ့ပါတယ်။ အပ်ဆွစ်ချ်တို့အတွက်နှစ်သိမ့်ဂိုးကိုတော့ ဆုန်းအာလူးကိုက နောက်ကျဂိုးတဂိုးသွင်းခဲ့ပါတယ်။ ကိုင်လ်အက်ဒဝ့ါဒ်လည်း ဂိုးဝင်လုနီးပါးဖြစ်ခဲ့ပါတယ်။

ဒီပွဲနဲ့ ရာသီကြိုကိုသွေးပူလေ့ကျင့်လိုက်တဲ့အာဆင်နယ်တို့ဟာ ရာသီကြိုခရီးကိုတော့ တနင်္လာနေ့မှာစတင်မှာဖြစ်ပြီး ဂျာမနီစခန်းသွင်းလေ့ကျင့်ရေးသွားမှာဖြစ်ပါတယ်။ ဇူလိုင် ၈ မှာ နျုရင်ဘာ့ဂ်တို့နဲ့ကန်ပြီး ရာသီကြိုအဆုံးသတ်မှာပါ။ အဲဒီခရီးပြီးရင်တော့ ယူအက်စ်မှာ သုံးပွဲဆက်တိုက်ကန်ဖို့ရှိပါတယ်။ ဂန်းနားတို့ရဲ့ပရီးမီးယားလိဂ်ရာသီကတော့ သြဂုတ် ၅ ၊ ခရစ်စတယ်ပဲလေ့စ်တို့နဲ့ စတင်မှာပါ။

ZAWGYI: အာဆင်နယ်နဲ့ပရီးမီးယားလိဂ်ဂရိတ်ကြီး သီယာရီအွန်နရီရဲ့ကျောနံပါတ် ၁၄ ကို အမွေဆက်ခံခဲ့ပြီးနောက် သူ့ရဲ့ပထမဆုံးပွဲမှာ ရာသီကြို ၃၅ မိနစ်ဟက်ထရစ်ကိုသွင်းခြင်းအားဖြင့် အက်ဒီအန်ကတ်တီးယားက ဂန်းနားစာချုပ်သစ်ကို အောင်ပွဲခံခဲ့ပါတယ်။ စနေနေ့၊ အက်စ်ဆွစ်ချ်တောင်းတို့နဲ့ ရာသီကြိုခြေစမ်းပွဲမှာ အာဆင်နယ်တို့က ၅-၁ နဲ့အနိုင်ရခဲ့ပြီး အန်ကတ်တီးယားက ၃၅ မိနစ်ဟက်ထရစ်သွင်းခဲ့ပါတယ်။