ချဲလ်ဆီးအသင်း ဟာ ရာဖင်ဟာ ကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း 60 ခန့် သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်ပါတယ်။ သို့သော် အဲဒီ သဘောတူညီမှု က လိဒ် ယူနိုက်တက် နဲ့သာ ဖြစ်ပြီး ၊ ကာယကံရှင် ကစားသမား နဲ့ မဟုတ်သေးပါဘူး။ Telegraph သတင်းအရ လန်ဒန် ကလပ်ဟာ ကစားသမား အတွက် တစ်ပတ် လုပ်ခ ပေါင် 115000 နဲ့ 5 နှစ် စာချုပ် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဒီ အနေအထားမှာ အေးဂျင့် ကိုယ်တိုင်ရော ၊ ရာဖင်ဟာ ကိုယ်တိုင်ကပါ “Yes” မလုပ်သေးပဲ ၊ မူလ က အကြို သဘောတူညီထားတဲ့ ဘာစီလိုနာ ရဲ့ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ တကယ်တော့ ဘာစီလိုနာ ဟာ ရာဖင်ဟာ ကို ခေါ်ယူဖို့ အတွက် ဘောလုံးရာသီ မပိတ်သိမ်းခင် ကတည်းက ချိတ်ဆက်နေခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အေးဂျင့် ဒေကို ဟာ ဘာစီလိုနာ ကစားသမားဟောင်း ဖြစ်လို့ ၊ နူးကမ့်က တာဝန်ရှိသူတွေ နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိတယ်လို့ နားလည်ရပြီး စာချုပ် ဆိုင်ရာ အချက်အလက်တွေကို ကြိုတင် သဘောတူညီမှု ရယူနိုင်ခဲ့ဟန် တူပါတယ်။

ဒါကြောင့်လဲ ချဲလ်ဆီး အသင်းက လိုလိုချင်ချင် နဲ့ ကမ်းလှမ်းထားသည့်တိုင်အောင် အပြောင်းအရွှေ့က ထင်ထားသလို ချောချောမွေ့မွေ့ မပေါ်ပေါက်သေးတာ ဖြစ်ပါတယ်။ မနေ့ကတော့ ဘာစီလိုနာ ဟာ သူတို့ရဲ့ La Liga TV Right 10% ကို ရောင်းချပြီး ယူရို သန်း 207.5 သန်း အထိ ရှာဖွေနိုင်လိုက်ပါတယ်။ ဒီကိစ္စက အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ လှုပ်ရှားဖို့ အတွက် အခွင့်အရေး တစ်ခု ဖန်တီး ပေးလိုက်သလိုပါပဲ။

နာမည်ကျော် အားကစား သတင်းထောက်ကြီး ဖာဘရီဇီယို ရိုမာနို ကတော့ ဘာစီလိုနာ ဟာ ရာဖင်ဟာ အတွက် လိဒ် ယူနိုက်တက်ထံ ကမ်းလှမ်းမှု ပေးပို့ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။ လိဒ် ဟာ ချဲလ်ဆီး နဲ့ ရယူထားတဲ့ သဘောတူညီမှု ကို လေးစားတာကြောင့် ပယ်ချတာ ဖြစ်ကြောင်း သူက ရှင်းပြထားပါတယ်။ ဒီမနက် ထွက်ပေါ်လာခဲ့တဲ့ Times သတင်းမှာတော့ ဘာစီလိုနာ ရဲ့ ကမ်းလှမ်းချက်ဟာ ချဲလ်ဆီး က ကမ်းလှမ်းထားတဲ့ ပမာဏ ကို ယှဉ်နိုင်ခြင်း မရှိလို့ ပယ်ချတာ ဖြစ်တယ်လို့ ဆိုထားပြီး ၊ ကတ်တလန် ကလပ်ဟာ ချဲလ်ဆီးအသင်း က ပေးထားတဲ့ ပေါင် သန်း 60 ပမာဏမျိုး အထိ ပေးဖို့ ပြင်ဆင်နေတယ်လို့ အခိုင်အမာ ရေးသားလိုက်ပါတယ်။

တစ်ချိန်တည်းမှာ ကစားသမားကိုပါအရခေါ်ယူနိုင်ဖို့ အထိ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ ဒေကို ကိုယ်တိုင်လဲ အခုရက်ပိုင်း အတွင်း ဘာစီလိုနာ ရုံးချုပ်မှာ ခြေရှုပ်နေပါတယ်။ Mateu Alemany, Rafa Yuste တို့ နဲ့ ဆက်တိုက် အစည်းအဝေးတွေ လုပ်ဆောင်ကာ ၊ ဘာစီလိုနာ ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း သိဖို့ ကြိုးစားနေပါတယ်။ Times သတင်းစာကြီး က ဘာစီလိုနာ ဟာ ချဲလ်ဆီး က ကမ်းလှမ်းထားတဲ့ ပမာဏမျိုးအထိပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ရေးသားထားသည့်တိုင်အောင် ၊ ကတ်တလန် အခြေစိုက် သတင်းတွေမှာတော့ အဲဒီ ပုံစံမျိုးရေးတာ မတွေ့ရသေးပါဘူး။

ရာဖင်ဟာ ကိုယ်တိုင်ကတော့ ဘာစီလိုနာ ကို ပိုပြီး ပြောင်းဖို့ ဆန္ဒရှိနေဟန်တူတယ်လို့ ယူဆရသလို (လစာ ပိုများလို့လဲ ဖြစ်ကောင်း ဖြစ်နိုင်) ၊ အကယ်၍ ဘာကာ ဘက်က ဘဏ္ဍာရေးပိုင်း အရ တတ်နိုင်ခြင်း မရှိဘူး ဆိုရင် ချဲလ်ဆီး ကို yes ပေးဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက လိဒ် ယူနိုက်တက် အသင်းကို တန်းမဆင်းရအောင် အဓိက ပံ့ပိုး ကူညီပေးခဲ့တဲ့ ဘရာဇီးသား ဟာ လက်ရှိ အပြောင်းအရွှေ့မှာတော့ ဇာတ်လိုက်ကျော် ဖြစ်နေပါတယ်။

ZAWGYI: ချဲလ်ဆီးအသင်း ဟာ ရာဖင်ဟာ ကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း 60 ခန့် သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်ပါတယ်။ သို့သော် အဲဒီ သဘောတူညီမှု က လိဒ် ယူနိုက်တက် နဲ့သာ ဖြစ်ပြီး ၊ ကာယကံရှင် ကစားသမား နဲ့ မဟုတ်သေးပါဘူး။ Telegraph သတင်းအရ လန်ဒန် ကလပ်ဟာ ကစားသမား အတွက် တစ်ပတ် လုပ်ခ ပေါင် 115000 နဲ့ 5 နှစ် စာချုပ် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။