လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းရဲ့ ရာဖင်ညာအတွက် လိဒ်စ်ယူနိုက်တက်အသင်းကို အဖွင့်ကမ်းလှမ်းချက်က ပါယ်ချခံခဲ့ရကြောင်းသိရပြီး ကစားသမားဘက်ကလည်း ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ကို ပိုမိုစိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဂန်းနားတို့အနေနဲ့ မနေ့ကမှ ဖာဘီယို ဗီယာရာကို ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ရာဖင်ညာဘက်ကို မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။

The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းအနေနဲ့ ရာဖင်ညာအတွက် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ်သားအပေါ် သတ်မှတ်ထားတဲ့ တန်ကြေးနဲ့ ကွာဟနေတာကြောင့် ငြင်းဆန်ခံခဲ့ရကြောင်း သိရပါတယ်။ အဆိုပါဖော်ပြချက်အရ ရာဖင်ညာအနေနဲ့ ပရီးမီးယားလိဂ်မှာသာ ဆက်ရှိလိုနေပြီး အာဆင်နယ်အသင်းထက်စာရင် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် ပိုမိုအလေးပေးထားကြောင်း သိရပါတယ်။

ရာဖင်ညာရဲ့ အဓိကဦးစားပေးအသင်းကတော့ ဘာစီလိုနာအသင်းပဲဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူထားနိုင်ခဲ့သည့်တိုင်အောင် စပိန်ကလပ်အနေနဲ့ ငြိစွန်းနေတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် အသင်းရဲ့ကစားသမားတွေကို အရင်ရောင်းချပြီးမှသာလျင် လူသစ်ခေါ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နွေရာသီတုန်းက ပြင်သစ်လီဂန်းကလပ် ရင်းနေးအသင်းကနေ လိဒ်စ်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေးပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ရာဖင်ညာအနေနဲ့ အသင်းနဲ့အတူ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ ရာဖင်ညာကို ရောင်းချရမယ်ဆိုရင် ပေါင်သန်း ၅၀ ထက်ပိုတဲ့ ပမာဏကိုသာလျင် အလိုရှိနေတယ်လို့ပဲ ဆိုရမှာပါ။ ရာဖင်ညာအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လိဒ်စ်ယူနိုက်တက်အသင်းအတွက် ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး သူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုးက အသင်းကို ချန်ပီယံရှစ်ကို ဆင်းရမယ့်အရေးကနေ ကယ်ဆယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ တကယ်လို့များ လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ တန်းသာဆင်းသွားခဲ့ရမယ်ဆိုရင် ရာဖင်ညာကို ပေါင်သန်း ၃၀ ကျော်လေးနဲ့တင် ခေါ်ယူနိုင်ကြမှာလည်းဖြစ်ပါတယ်။

ZAWGYI: လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းရဲ့ ရာဖင်ညာအတွက် လိဒ်စ်ယူနိုက်တက်အသင်းကို အဖွင့်ကမ်းလှမ်းချက်က ပါယ်ချခံခဲ့ရကြောင်းသိရပြီး ကစားသမားဘက်ကလည်း ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ကို ပိုမိုစိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဂန်းနားတို့အနေနဲ့ မနေ့ကမှ ဖာဘီယို ဗီယာရာကို ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ရာဖင်ညာဘက်ကို မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။