ကယ်လ်ဗင်ရမ်ဆေးက လီဗာပူးမှာ ပိုကောင်းသထက်ကောင်းလာမှာဖြစ်တယ်လို့ အဘာဒင်းမန်နေဂျာ ဂျင်ဂွတ်ဒ်ဝင်းက အခိုင်အမာပြောလိုက်ပါတယ်။ တနှစ်တာအတွက် အကောင်းဆုံးစကော့တလန်လူငယ်ကစားသမားဆု ရထားတဲ့ ရမ်ဆေးကိုရတာဟာ လီဗာပူးတို့ အရမ်းကံကောင်းတာဖြစ်တယ်လို့လည်း သူကမှတ်ချက်ပြုပါတယ်။ လီဗာပူးမှာရှိတဲ့ ထိပ်တန်းအဆင့်ပတ်ဝန်းကျင်မှာ ကယ်လ်ဗင်ရမ်ဆေး ထွန်းတောက်လာလိမ့်မယ်လို့ အဘာဒင်းမန်နေဂျာက ထောက်ခံအားပေးလိုက်ပါတယ်။

အသက် ၁၈ နှစ်သား ညာနောက်ခံလူ ရမ်ဆေးအတွက် ကနဦးပေးချေမှုပေါင် ၄ သန်း၊ ထပ်တိုးနိုင်တဲ့ဘောနပ်စ်သဘောတူညီမှု ပေါင် ၃.၅ သန်းပေးဖို့ လီဗာပူးတို့သဘောတူညီခဲ့ပြီးသားဖြစ်ပါတယ်။ အန်ဖီးလ်မှာ ၅ နှစ်သက်တမ်းစာချုပ်လက်မှတ်ထိုးဖို့အတွက် ရမ်ဆေးရဲ့ တကိုယ်ရည်သဘောတူညီများ အဆုံးသတ်နဲ့ ဆေးစစ်ခြင်းတွေပြည့်စုံဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတဲ့တစုံတရာအပြောင်းအလဲမရှိဘဲ ဒီအသေးစိတ်လက်ကျန်တွေပြည့်စုံခဲ့ရင်တော့ အလားအလာကောင်းတွေအများကြီးရှိတဲ့ကစားသမားကို လီဗာပူးတို့ရပြီလို့ ဂွတ်ဒ်ဝင်းက ယုံကြည်တာပါ။

“ဈေးနှုန်းကို ကလပ်နှစ်ခုသဘောတူပြီးသားပါ၊ ဒါပေမဲ့ မြင်ကွင်းနောက်ကွယ်မှာ ပြီးအောင်ဆက်လုပ်ဖို့လိုသေးတဲ့ ကိစ္စအနည်းငယ်ရှိနေပါသေးတယ်။ ကယ်လ်ဗင်က ဆေးစစ်ချက်တခုကျော်ဖြတ်ဖို့နဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ သဘောတူဖို့လိုအပ်နေပါတယ်။ သူနဲ့သူ့မိသားစုအတွက် အရမ်းကိုစိတ်လှုပ်ရှားစရာအခွင့်အလန်းတခုပါပဲ။ ကယ်လ်ဗင်ကို ဖွံ့ဖြိုးတိုးတက်စေတဲ့တွက် ဒီမှာရှိတဲ့ အဘာဒင်းအကယ်ဒမီက ကြီးမားတဲ့အသိအမှတ်ပြုခံရမှုနဲ့ ထိုက်တန်ပါတယ်။ အရောင်းအဝယ်ဖြစ်ခဲ့ရင်တော့ လီဗာပူးတို့က အရမ်းကံကောင်းတာပါ၊”

“ဘာလို့လဲဆိုတော့ တနှစ်တာ အကောင်းဆုံးလူငယ်ကစားသမားဆု အနိုင်ရခဲ့တဲ့ အရမ်းစိတ်လှုပ်ရှားစရာပါရမီရှင်တဦးကို သူတို့ရတော့မှာဖြစ်လို့ပါ။ သူ့အတွက် မြင့်မားတဲ့မျှော်လင့်ချက်တွေ ကျနော်တို့ရှိခဲ့ကြတာဖြစ်ပြီး လီဗာပူးမှာ သူ ပိုကောင်းသည်ထက်ကောင်းလာတော့မယ်ဆိုတာ သံသယမရှိပါဘူး။” လို့ သူကပြောပါတယ်။ လီဗာပူးတို့ရဲ့ လက်ရှိညာတောင်ပံနောက်ခံလူ ပထမရွေးချယ်မှုဖြစ်တဲ့ ထရန့်အလက်စ်ဇန်းဒါးအာနိုးလ်ရဲ့နေရာမှာ အလုပ်သင်ပညာယူအဖြစ် ကလော့က ရမ်ဆေးကိုရှုမြင်ထားတာပါ။

လီဗာပူးတို့နဲ့နည်းဗျူဟာစစ်စတမ်နဲ့ ရမ်ဆေးက ပုံတိုင်းချုပ် ကွက်တိဖြစ်ကြောင်း ဂွတ်ဒ်ဝင်းကလည်း ထောက်ခံပါတယ်။ “အဲဒီမှာ အခြားစကော့တလန်ကစားသမားဖြစ်တဲ့ အန်ဒီရောဘတ်ဆန်ကို ဘယ်တောင်ပံမှာ သူတို့ရထားပါတယ်။ အခြားဘက်ခြမ်းမှာတော့ ထရန့်အလက်စ်ဇန်းဒါးအာနိုးလ်နဲ့ပေါ့၊ အရမ်းကို တိုက်စစ်ဆန်တဲ့ဖူးဘက်နှစ်ယောက်ကို သူတို့ရထားပါတယ်။ ဒါ့ကြောင့်မို့ပဲ ကယ်လ်ဗင်ကိုလည်း သူတို့ခေါ်မှာပါ။ ပထမရာသီဝက်တုန်းက သူ့ရဲ့ကိန်းကဏန်းအချက်အလက်တွေဟာ ကမ္ဘာ့ထိပ်တန်းဖူးဘက်စ်တွေနဲ့ တန်းတူရှိခဲ့ပါတယ်။” တဲ့။

ZAWGYI: ကယ်လ်ဗင်ရမ်ဆေးက လီဗာပူးမှာ ပိုကောင်းသထက်ကောင်းလာမှာဖြစ်တယ်လို့ အဘာဒင်းမန်နေဂျာ ဂျင်ဂွတ်ဒ်ဝင်းက အခိုင်အမာပြောလိုက်ပါတယ်။ တနှစ်တာအတွက် အကောင်းဆုံးစကော့တလန်လူငယ်ကစားသမားဆု ရထားတဲ့ ရမ်ဆေးကိုရတာဟာ လီဗာပူးတို့ အရမ်းကံကောင်းတာဖြစ်တယ်လို့လည်း သူကမှတ်ချက်ပြုပါတယ်။ လီဗာပူးမှာရှိတဲ့ ထိပ်တန်းအဆင့်ပတ်ဝန်းကျင်မှာ ကယ်လ်ဗင်ရမ်ဆေး ထွန်းတောက်လာလိမ့်မယ်လို့ အဘာဒင်းမန်နေဂျာက ထောက်ခံအားပေးလိုက်ပါတယ်။