မန်ချက်စတာယူနိုက်တက်အသင်းရဲ့မန်နေဂျာသစ်ဖြစ်လာမယ့် အဲရစ် တန်ဟာ့ဂ်အနေနဲ့ နောက်နှစ်ဘောလုံးရာသီအတွက် သူ့ရဲ့မန်ချက်စတာယူနိုက်တက်အစီအစဉ်တွေထဲမှာ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဆက်လက်ထိန်းသိမ်းဖို့ တိုက်တွန်းခံခဲ့ရကြောင်း သိရပါတယ်။ အသက်၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ ခက်ခဲတဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေရတာဖြစ်ပြီး လက်ရှိဘောလုံးရာသီအတွင်းမှာဆိုရင် သွင်းဂိုး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့သလို အသင်းရဲ့ပွဲထွက်ကစားသမားနေရာကိုလည်း ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

အသင်းရဲ့မန်နေဂျာသစ်ဖြစ်လာမယ့် တန်ဟာ့ဂ်အနေနဲ့ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်မရစေခဲ့ဘဲ ဆုဖလားလက်မဲ့ဘောလုံးရာသီ ၅ ခုဆက်တိုက်ဖြတ်သန်းစေခဲ့တဲ့ အသင်းရဲ့လူစာရင်းကို သွေးသစ်လောင်းသွားဖို့အတွက် ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် The Sun သတင်းဌာနရဲ့အဆိုအရ မန်ချက်စတာကနေ ထွက်ခွါလိုနေကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည့်တိုင် တန်ဟာ့ဂ်အနေနဲ့ ရက်ရှ်ဖို့ဒ်ကို လာမယ့်နွေမှာ အသင်းပေးမပြောင်းသင့်ကြောင်းကို အသင်းဝန်ထမ်းတွေက ပြောပြထားခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

အဆိုပါဖော်ပြချက်အရ အသင်းရဲ့အတွင်းလူတွေက ရက်ရှ်ဖို့ဒ်အနေနဲ့ လာမယ့်ဘောလုံးရာသီမှာ သူ့ရဲ့ဆိုးရွားတဲ့ပုံစံတွေကနေ ဖောက်ထွက်လာနိုင်ပြီး ကြယ်ပွင့်ကစားသမား ၁ ဦးအဖြစ် ပြန်လည်တောက်ပလာနိုင်ကြောင်း ယုံကြည်နေတာဖြစ်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ အနာဂါတ်မရေရာလာတဲ့ သတင်းတွေကတော့ အနည်းငယ်တော့ အံ့ဩစရာဖြစ်လာနိုင်ပြီး ရက်ရှ်ဖို့ဒ်အနေနဲ့ လက်ရှိဘောလုံးရာသီမတိုင်ခင်ကအထိ အသင်းရဲ့ အရေးပါတဲ့ တိုက်စစ်ကစားသမားအဖြစ် ပါဝင်လာခဲ့သူတစ်ဦးဖြစ်နေခဲ့တာပါ။

လက်ရှိဘောလုံးရာသီမတိုင်ခင် ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂ ခုအတွင်းမှာ ရက်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၄၃ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ တိုက်စစ်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာပြဿနာတွေနဲ့အတူ ပြီးခဲ့တဲ့နွေရာသီတုန်းက ပွဲထွက်ခွင့်နေရာအတွက် ပြိုင်ဘက်ဖြစ်စေမယ့် ဂျေဒန် ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းကနေ ရောက်ရှိလာမှုက သူ့ကို အသင်းရဲ့ပွဲထွက်ကစားသမားစာရင်းကနေ ဖယ်ရှားခံရစေတာလည်းဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်အနေနဲ့ လက်ရှိမှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး ဒီနှစ်အစောပိုင်းတုန်းကဆိုရင် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့အတွက်တောင် သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သေးတာပါ။ ဒါပေမယ့် ဂန်းနားတို့အနေနဲ့ ရာသီကုန်ရင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၄ ရဲ့ပြင်ပကို ရောက်ရှိနိုင်ချေရှိတာကြောင့် သူ့အနေနဲ့ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ချင်ရဲ့လားဆိုတာက မေးခွန်းထုတ်စရာဖြစ်နေပြန်ပါတယ်။

ဒီအချိန်မှာတော့ ယူနိုက်တက်အနေနဲ့ ဒီနှစ်နွေမှာ အသင်းရဲ့ကြယ်ပွင့်ကစားသမားအများအပြားကို လက်လွှတ်သွားမှာဖြစ်ပြီး ပေါလ် ပေါ့ဂ်ဘာ၊ အက်ဒင်ဆန် ကာဗာနီ၊ ဂျက်ဆီ လင်ဂါ့ဒ်နဲ့ ဟွမ် မာတာတို့လို ကစားသမားတွေပါ ပါဝင်နေတာကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ အခွင့်အရေးပိုရနိုင်တယ်လို့ ယူဆရမှာပါ။ ပထမအသင်းကြီးကို ရောက်ရှိလာခဲ့ပြီးတဲ့နောက်မှာ သူ့အအေနနဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၃၀၀ ကျော်ကစားခဲ့ပြီး ၉၃ ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းရဲ့မန်နေဂျာသစ်ဖြစ်လာမယ့် အဲရစ် တန်ဟာ့ဂ်အနေနဲ့ နောက်နှစ်ဘောလုံးရာသီအတွက် သူ့ရဲ့မန်ချက်စတာယူနိုက်တက်အစီအစဉ်တွေထဲမှာ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဆက်လက်ထိန်းသိမ်းဖို့ တိုက်တွန်းခံခဲ့ရကြောင်း သိရပါတယ်။ အသက်၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ ခက်ခဲတဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေရတာဖြစ်ပြီး လက်ရှိဘောလုံးရာသီအတွင်းမှာဆိုရင် သွင်းဂိုး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့သလို အသင်းရဲ့ပွဲထွက်ကစားသမားနေရာကိုလည်း ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။