မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက်စစ်် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုက ယူနိုက်တက်တို့ ခရစ္စတီယာနို ရော်နယ်ဒို ကို ခေါ်ယူလိုက်ပြီလို သိလိုက်ရချိန်မှာ သူဟာ စိတ်လှုပ်ရှားလွန်းနေခဲ့ကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဂျေဒန် ဆန်ချို ကိုသာ ဦးစားပေး ပစ်မှတ် အဖြစ် ထားရှိပြီး တိုက်စစ်ပိုင်း အင်အား ဖြည့်တင်းဖို့ လုပ်ဆောင််ခဲ့ပါတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ ရော်နယ်ဒို ဟာလည်း အသင်းပြောင်းဖို့ လုပ်နေတာနဲ့ ကြုံခဲ့လိုက်ရပါတယ် ။

ယူနိုက်တက်တို့ဟာ ဒီအခွင့်အရေးကို လက်လွတ်မခံပဲ ပေါ်တူဂီသား ကိုပါ အသင်းဆီ အရ ခေါ်ယူခဲ့လိုက်ကြပါတယ် ။ ရလဒ် တစ်ခု အနေနဲ့ ရော်နယ်ဒို ဟာ ဒီရာသီ ယူနိုက်တက် အသင်းရဲ့ တစ်နှစ်တာ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်သွားနိုင်ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီအတွင်း ရလဒ်တွေ စုတ်ပြတ်နေခဲ့ပြီး ဖလား လက်မဲ့ ဘောလုံး ရာသီိကိုပါ ဖြတ်သန်းခဲ့ရပါတယ် ။ ဒါ့အပြင် အမှတ်ပေး ဖလား ပြိုင်ပွဲမှာလည်း အဆင့် 6 နေရာနဲ့သာ ရာသီပိတ်သိမ်းခဲ့ရပါတယ် ။

ဒါပေမဲ့ ပြိုင်ပွဲစုံ 39 ပွဲ ကစားပေးခဲ့တဲ့ အသက် 37 အရွယ်် တိုက်စစ်မှူး ရော်နယ်ဒို ကတော့ 24 ဂိုး အထိ သွင်းယူပေးသွားနိုင်ခဲ့ပါတယ် ။ အခုတော့ ဆန်ချို က ရော်နယ်ဒို ဟာ သူ့ရဲ့ Idol ဖြစ်ကြောင်း ၊ သူ့ကို ခေါ်ယူလိုက်ချိန်မှာ အရမ်းကို စိတ်လှုပ်ရှားခဲ့ကြောင်း ဖွင့်ပြောခဲ့လိုက်ပါတယ် ။

‘ ကျွန်တော် အရမ်း စိတ်လှုပ်ရှားခဲ့ပါတယ် ။ ကျွန်တော်က သူ့ကို role model အဖြစ် ရှုမြင်ထားသူတစ်ဦးပါ ။ သူဟာ ခမ်းနားတဲ့ ကစားသမား ပါပဲ ။ သူ ပွဲစဥ်တွေမှာ ဘာတွေ လုပ်ဆောင်ထားခဲ့သလဲ ဆိုတာကို ခင်ဗျားတို့ မြင်နိုင််ပါတယ် ။ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ဂုဏ်ထူးမှတ်နဲ့ ထိုက််တန်ခဲ့တာချည်းပါပဲ ‘

‘ ဒါ့ကြောင့် သူ့ကိုစောင့်ကြည့်ခဲ့တဲ့ လူငယ်ကစားသမား တစ်ဦးအတွက်တော့ သူနဲ့ အတူ ကစားခွင့် ရရှိတော့မယ်ဆိုတာက အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခြင်းပါပဲ ‘ လို့ ဆန်ချို က ပြောခဲ့လိုက်ပြီး ရော်နယ်ဒို လို အောင်ပွဲခံတဲ့ ပုံစံ တစ်ခု မရှိဘူးလား လို့ အမေးခံရတဲ့ အခါမှာတော့

‘ ကျွန်တော့်မှာလည်း ရှိသင့်ပါတယ် ။ ကျွန်တော် မကြာသေးခင်းက အောင်ပွဲခံခဲ့ပုံတွေကို စောင့်ကြည့်ဖြစ်ခဲ့သေးတယ် ။ ပျင်းစရာကြီးဗျာ ။ ရော်နယ်ဒို လို ဂိုးသွင်းပြီးချိန်မှာ လူတိုင်းက Siiuu ဖြစ်သွားတဲ့ ပုံစံမျိုး ကျွန်တော့်မှာ မရှိသေးပါဘူး ။ ကျွန်တော် မကြာခင် အောင်ပွဲခံတဲ့ ပုံစံ တစ်မျိုး သေချာပေါက် ရှာဖွေသွားမှာပါ ‘ လို့ ဆန်ချို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။