မန်ယူနိုက်တဒ် အသင်းဟာ ညာခြမ်းအတွက် ဂျေဒန်ဆန်ချို ကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် လက်ရှိရာသီ ဘယ်ခြမ်းမှာပိုပြီး အသားကျနေတဲ့ အင်္ဂလန်သား ကို တန်ဟဂ် က ဘက်ပြောင်းဖို့ စီစဉ်လိုခြင်းမရှိပဲ ညာခြမ်းကစားသမားတစ်ယောက် ထပ်မံခေါ်ယူပေးဖို့တောင်းဆိုဖွယ် ရှိပါတယ်။ တန်ဟဂ် ကိုယ်တိုင်က ညာခြမ်း ကို ဘယ်ခြေအသုံးပြုကစားသမားကို အလိုရှိပြီး ယူနိုက်တဒ်မှာ ဘယ်သန် ကစားသမား မရှိတဲ့အချက်က လည်း တိုက်စစ်ကစားရာမှာ ဘယ်ခြမ်းကိုဝန်ပို ဖြစ်စေတဲ့ အဓိက အချက် ဖြစ်စေတယ်လို့ ယူဆထားပါတယ်။

မန်စီးတီး မှာ မာရက်ဇ်၊ချဲလ်ဆီး မှာ ဇီယျချ် နဲ့ ဟာဗက်ဇ်၊လီဗာပူးလ် မှာ ဆာလာ နဲ့ အာဆင်နယ် မှာ ဆာကာ တို့ရှိပေမယ့် ယူနိုက်တဒ် ညာခြမ်းအတွက် ဘယ်ခြေသုံးကစားသမား မရှိတဲ့ ပြသနာ ကို တန်ဟဂ် က လာမယ့်ရာသီမှာ အဖြေရှာလိုတာဖြစ်ပါတယ်။

1.အန်တိုနီ (အိုင်းယက်စ်)။ ။ ဘရာဇီးလ် တောင်ပံလူ က အိုင်းယက်စ် မှာ လည်း တန်ဟဂ် အလေးထားရတဲ့ ကစားသမား ဖြစ်သလို အသင်းရဲ့တိုက်စစ်အတွက် အဓိက ကျတဲ့ ဘောလုံးသယ်ဆောင်မှုတွေပြုလုပ်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဘရာဇီးလ်သားဖြစ်တာကြောင့် ဘောလုံးအရည်အချင်း ပြည့်ဝပြီး ပြိုင်ဘက်တွေကို လှပတဲ့အလိမ်ခေါက် တွေ နဲ့ ကျော်ဖြတ်နိုင်ပေမယ့် ပရီးမီးယားလိဂ် မှာတော့ ပိုကြမ်းတဲ့ ကစားသမားတွေ ကြောင့် သူ့ရဲ့ ကစားဟန် က အဆင်ပြေပါ့မလားဆိုတာ မေးခွန်းထုတ်ရဖွယ် ရှိပါတယ်။

ယူနိုက်တဒ် အနေနဲ့ တန်ဟဂ် သာ တောင်းဆိုရင် သေချာပေါက် ခေါ်ယူဖို့ညှိနှိုင်းမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ် နဲ့ ကစားသမား ရဲ့ အံဝင်ဂွင်ကျ ဖြစ်မှု အပေါ်ကိုတော့ မန်းဖစ်ဒီပိုင်း အပြောင်းရွှေ့ ကြောင့် စဉ်းစားသုံးသပ်ဖွယ်ရှိပါတယ်။

2.ရာဖင်ဟာ (လိဒ်)။ ။ ဘာစီလိုနာ နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီထားပေမယ့် လိဒ် သာ တန်းဆင်းခဲ့ရင် ဘရာဇီးလ်သားကို ခေါ်ယူလိုတဲ့အသင်းတွေ ပိုပြီးများပြားလာနိုင်ပါတယ်။ လိဒ် နဲ့ စာချုပ်ထဲမှာ တန်းဆင်းခဲ့ရင် ဖျတ်သိမ်းကြေးအဖြစ် ပေါင်(၂၅)သန်းသာ ပေးချေရမယ်လို့ ပါဝင်တာကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေ သေချာပေါက် အားပြိုင်ကြမယ့် အပြောင်းရွှေ့တစ်ခု ဖြစ်လာပါလိမ့်မယ်။

သို့သော်လည်း လိဒ် သာ တန်းတင်ကျန်ရစ်ခဲ့ရင်တော့ ရာဖင်ဟာ ရဲ့ ပြောင်းရွှေ့ကြေးက ပေါင်သန်း(၅၀-၇၀) ကြားအထိမြင့်တက်သွား နိုင်တာကြောင့် ဘာစီလိုနာ အနေနဲ့ လက်ရှောင် သွားနိုင်ပါတယ်။

3.ဒမ်ဂျူးမား/ဒိုင်ဘာလား။ ။ ဗီလာရီးရဲလ် တောင်ပံကစားသမား က လာမယ့်ရာသီမှာ အသင်းကြီးတွေကြား ရေပန်းစားနေတဲ့ ကစားသမား တစ်ဦးဖြစ်သလို တစ်ဖက်မှာလည်း အူနိုင်းအမ်မရီ က မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ကို တောင်းဆိုဖွယ်ရှိပါတယ်။ ဒမ်ဂျူးမား အတွက် ဗီလာရီးရဲလ် အသင်းဟာ ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀) အထက် တောင်းဆိုနိုင်ပါတယ်။

ဒိုင်ဘာလား ကတော့ ယူဗင်းတပ်စ် ကနေ ထွက်ခွါလာခဲ့ပြီးနောက် အင်တာ/ရိုးမား အသင်းတို့နဲ့ချိတ်ဆက်နေပေမယ့် အင်္ဂလန်ကလပ်တွေ နဲ့ ချိတ်ဆက်လျက်ရှိပါတယ်။ ယူနိုက်တဒ် အနေနဲ့လည်း ဒိုင်ဘာလား ကို ချိတ်ဆက်နေပြီး တော့တင်ဟမ်၊အာဆင်နယ် တို့ကလည်း ချိတ်ဆက်လျက်ရှိပါတယ်။

ZAWGYI: မန်ယူနိုက်တဒ် အသင်းဟာ ညာခြမ်းအတွက် ဂျေဒန်ဆန်ချို ကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် လက်ရှိရာသီ ဘယ်ခြမ်းမှာပိုပြီး အသားကျနေတဲ့ အင်္ဂလန်သား ကို တန်ဟဂ် က ဘက်ပြောင်းဖို့ စီစဉ်လိုခြင်းမရှိပဲ ညာခြမ်းကစားသမားတစ်ယောက် ထပ်မံခေါ်ယူပေးဖို့တောင်းဆိုဖွယ် ရှိပါတယ်။ တန်ဟဂ် ကိုယ်တိုင်က ညာခြမ်း ကို ဘယ်ခြေအသုံးပြုကစားသမားကို အလိုရှိပြီး ယူနိုက်တဒ်မှာ ဘယ်သန် ကစားသမား မရှိတဲ့အချက်က လည်း တိုက်စစ်ကစားရာမှာ ဘယ်ခြမ်းကိုဝန်ပို ဖြစ်စေတဲ့ အဓိက အချက် ဖြစ်စေတယ်လို့ ယူဆထားပါတယ်။