မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ သူ့ရဲ့တပည့်ဟောင်းတွေဖြစ်ကြတဲ့ အန်တိုနီနဲ့ ဖရန်ကီဒီဂျောင်တို့ကို သေချာပေါက်ခေါ်ယူလိမ့်မယ်လို့ talkSPORT က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာက ဒီဂျောင်ကို ခေါ်ယူဖို့ကြိုးစားနေတာက အချိန်ကာလ အတိုင်းအတာတစ်ခုထိ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် ဘရာဇီးတောင်ပံကစားသမား အန်တိုနီကိုလည်း နည်းပြတန်ဟတ်က ခေါ်ယူဖို့ ကြိုးစားလာခဲ့တယ်လို့ သိရပါတယ်။

အန်တိုနီဟာ အေဂျက်စ်ကနေ ဆော်ပေါ်လိုအသင်းကို ၂၀၂၀ တုန်းက ရောက်ရှိခဲ့တာဖြစ်ပြီး နယ်သာလန်မှာ ကစားခဲ့တဲ့ ၂ နှစ်အတွင်းမှာတင် ပြည်တွင်းလိဂ်မှာရော၊ ချန်ပီယံလိဂ်မှာပါ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂျောင်ကတော့ ၂၀၁၉ တုန်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ရောက်ခဲ့တဲ့တန်ဟတ်ရဲ့ အေဂျက်အသင်းမှာ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး စပိန်မြေကို ပေါင် ၆၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ဆရာဟောင်း အဲရစ်တန်ဟတ်နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ပြန်လည်တွေ့ဆုံဖို့အတွက် အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပါပြီ။ talkSPORT သတင်းထောက် အဲလက်စ်ခရော့ခ်က “ယူနိုက်တက်က အန်တိုနီအတွက်လည်း သေချာပေါက် ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ရာသီက သူ့ရဲ့အချက်အလက်တွေက တကယ်ကောင်းပါတယ်၊”

“ရာသီကုန်ပိုင်းမှသာ ဒဏ်ရာကြောင့် လွဲခဲ့ပေမယ့် သူ့အကြောင်းကို အဲရစ်တန်ဟတ် ကောင်းကောင်းသိပါတယ်။ ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ ဝန်းကျင်လောက်နဲ့ ဆွေးနွေးနေပြီး ကျွန်တော်ရတဲ့ သတင်းတွေအရတော့ ဒါက ကောလာဟလတစ်ခု အဆင့်ထက်ပိုတဲ့အတွက်ကြောင့် အန်တိုနီကလည်း သူတို့ရဲ့အဓိကပစ်မှတ်တစ်ခုဖြစ်ပါတယ်။”

“သတင်းပေးတစ်ယောက်ဆိုရင် ဒီနွေရာသီမှာ အန်တိုနီက မန်ချက်စတာယူနိုက်တက် ကစားသမားဖြစ်မလာခဲ့ရ် တော်တော့်ကို အံ့သြဖို့ကောင်းလိမ့်မယ်လို့တောင်ပြောတယ်။ သူနဲ့ဖရန်ကီဒီဂျောင်က မန်ချက်စတာယူနိုက်တက်ကို သေချာပေါက် ရောက်မယ့်ကစားသမားတွေပဲ နှစ်ယောက်စလုံးကိုလည်း တန်ဟတ်က ယုံကြည်တယ်။ အဲ့ဒါကြောင့် သူအယုံကြည်ဆုံး ကစားသမားတွေဆီက အကောင်းဆုံး ခြေစွမ်းကို ဆွဲထုတ်ပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ သူ့ရဲ့တပည့်ဟောင်းတွေဖြစ်ကြတဲ့ အန်တိုနီနဲ့ ဖရန်ကီဒီဂျောင်တို့ကို သေချာပေါက်ခေါ်ယူလိမ့်မယ်လို့ talkSPORT က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာက ဒီဂျောင်ကို ခေါ်ယူဖို့ကြိုးစားနေတာက အချိန်ကာလ အတိုင်းအတာတစ်ခုထိ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် ဘရာဇီးတောင်ပံကစားသမား အန်တိုနီကိုလည်း နည်းပြတန်ဟတ်က ခေါ်ယူဖို့ ကြိုးစားလာခဲ့တယ်လို့ သိရပါတယ်။

အန်တိုနီဟာ အေဂျက်စ်ကနေ ဆော်ပေါ်လိုအသင်းကို ၂၀၂၀ တုန်းက ရောက်ရှိခဲ့တာဖြစ်ပြီး နယ်သာလန်မှာ ကစားခဲ့တဲ့ ၂ နှစ်အတွင်းမှာတင် ပြည်တွင်းလိဂ်မှာရော၊ ချန်ပီယံလိဂ်မှာပါ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂျောင်ကတော့ ၂၀၁၉ တုန်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ရောက်ခဲ့တဲ့တန်ဟတ်ရဲ့ အေဂျက်အသင်းမှာ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး စပိန်မြေကို ပေါင် ၆၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ဆရာဟောင်အဲရစ်တန်ဟတ်နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ပြန်လည်တွေ့ဆုံဖို့အတွက် အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပါပြီ။ talkSPORT သတင်းထောက် အဲလက်စ်ခရော့ခ်က “ယူနိုက်တက်က အန်တိုနီအတွက်လည်း သေချာပေါက် ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ရာသီက သူ့ရဲ့အချက်အလက်တွေက တကယ်ကောင်းပါတယ်၊”