ဒီနွေမှာ အဲရစ် တန်ဟတ်ရဲ့ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာခဲ့တဲ့နောက် တိုင်ရယ် မာလာစီယာက မန််ချက်စတာ ယူနိုက်တက် အသင်းဆီ တရားဝင် ပြောင််းရွှေ့နိုင်ခြင်းက မယုံကြည်နိုင်ဖွယ်ကောင်းတဲ့ ခံစားချက်တွေကို ဖြစ်ပေါ်စေခဲ့ပြီလို့ ဖွင့်ပြောလိုက်ပါတယ် ။ ဒီတစ်ပါတ် သောကြာနေ့မှာ ဘန်ကောက်မြို့ကို ခြေစမ်းပွဲဲ ကစားဖို့ သွားရတော့မယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အင်္ဂါနေ့မှာပဲ ဒီနွေရဲ့ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဖီယင်နု အသင်းရဲ့ ဘယ်နောက်ခံလူ တိုင်ရယ် မာလာစီယာကို တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ််ကြောင်း ကြေငြာ သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မာလာစီယာကို ရရှိနိုင်ရေးအတွက် ဖီယင်နု အသင်းကို ပေါင် 12.9 သန်း ကနဦး ပေးချေခဲ့ရပြီး အပိုဆုကြေးပါ ပါဝင်သွားမယ်ဆိုရင် ပေါင် 14.6 သန်း အထိ ပေးချေရမှာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက်တို့ဟာ မာလာစီယာကို 4 နှစ် + တစ်နှစ် သက််တမ်းတိုးခွင့်နဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။ မာလာစီယာဟာ ပြီးခဲ့တဲ့ တစ်ပါတ်ကပဲ မန်ချက်စတာကို ရောက်လာခဲ့တာဖြစ်ပြီး တနင်္လာနေ့မှာ ဆေးစစ်ခဲ့တဲ့နောက် ဒီ​နေ့မှာ ယူနိုက်တက် အသင်းရဲ့ တရားဝင် ကစား သမားသစ် ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ သူဟာ အံ့ဖွယ် ခံစားချက်တွေကို ပိုင်ဆိုင်နေရပြီ ဖြစ်ကြောင််း မာလာစီယာ က ပြောခဲ့လိုက်ပါတယ် ။ ” မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့တာက အံ့ဖွယ် ခံစားချက်တွေကို ဖြစ်စေပါတယ် ။ ဒါက ကျွန််တော့်ရဲ့ စာမျက်နှာ အသစ် တစ်ခုပါပဲ ။ အသင်းသစ် မှာ အသင်းဖော်သစ်တွေနဲ့ ကစားရပါတော့မယ် ။ ပြီးတော့ အသင်းမှာ အဲရစ် တန်ဟတ်လို လွှမ်းမိုးမှုရှိတဲ့ နည်းပြမျိုးလည်း ရှိနေသေးတယ်လေ။ Eredivisie မှာ သူ့ရဲ့ အသင်းကို ရင်ဆိုင်ကစားရင်း သူ့ဆီမှာ ရှိနေတဲ့ အရည်အသွေးတွေ ၊ ကစားသမားတွေဆီက ဘာကို တောင်းဆိုသလဲဆိုတာတွေကို သိခဲ့ရတာပါ ။ ကျွန်တော် အသက်ငယ်သေးပြီး ဆက်လက် တိုးတက်နိုင်ပါသေးတယ် ”

” ကျွန်တော် ကွင်းထဲ ရောက်တဲ့ အခါတိုင်း အနီရောင် ဂျာစီကို ဝတ်ဆင်ရင်း အရာအားလုံး ပေးဆပ် ကစားမှာပါလို့ ယူနိုက်တက် ပရိသတ်တွေကို ကတိပေးနိုင်ပါတယ် ။ ကျွန်တော် နဲ့ ကျွန်တော့်ရဲ့ မိသားစုအပေါ် ပေးစွမ်းခဲ့တဲ့ အရာတွေအတွက် ဖီယင်နု အသင်းကို အရမ်းပဲ ကျေးဇူးတင််ပါတယ် ။ တကယ်လို့ သူတို့တွေသာ မရှိခဲ့ကြရင် အခုလို အရာတွေ ဖြစ်လာမှာတောင် မဟုတ်ပါဘူး ။ အခု ကျွန်တော်ဟာ ယူနိုက်တက် ကစားသမား ဘဝအပေါ် အာရုံစိုက်ဖို့ အသင်းသစ်ကို အောင်မြင်မှုတွေ ရရှိစေနိုင်ဖို့ အသင့်ရှိ နေပါပြီ ” လို့ မာလာစီယာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ZAWGYI: ဒီနွေမှာ အဲရစ် တန်ဟတ်ရဲ့ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာခဲ့တဲ့နောက် တိုင်ရယ် မာလာစီယာက မန််ချက်စတာ ယူနိုက်တက် အသင်းဆီ တရားဝင် ပြောင််းရွှေ့နိုင်ခြင်းက မယုံကြည်နိုင်ဖွယ်ကောင်းတဲ့ ခံစားချက်တွေကို ဖြစ်ပေါ်စေခဲ့ပြီလို့ ဖွင့်ပြောလိုက်ပါတယ် ။ ဒီတစ်ပါတ် သောကြာနေ့မှာ ဘန်ကောက်မြို့ကို ခြေစမ်းပွဲဲ ကစားဖို့ သွားရတော့မယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အင်္ဂါနေ့မှာပဲ ဒီနွေရဲ့ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဖီယင်နု အသင်းရဲ့ ဘယ်နောက်ခံလူ တိုင်ရယ် မာလာစီယာကို တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ််ကြောင်း ကြေငြာ သွားခဲ့လိုက်ပါတယ် ။