မန်ချက်စတာစီးတီး ကစားသမားသစ် ဖြစ်သူ ကယ်ဗင်ဖီးလစ်က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ စိတ်၀င်စားမှုကို ခံခဲ့ရတဲ့ အတွက် ဂုဏ်ယူမိတယ်လို့ ဆိုလိုက်ပေမယ့်လည်း သူ့အနေနဲ့ လိဒ်ယူနိုက်တက် အပေါ် သစ္စာစောင့်သိမှု ရှိတာကြောင့် အိုးထရပ်ဖို့ဒ်ကို ဘယ်တော့မှ ပြောင်းရွေ့မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ လိဒ်နဲ့ အင်္ဂလန် တို့မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ ဖီးလစ်ကို စီးတီး နဲ့ ယူနိုက်တက် တို့ဟာ အပြိုင်အဆိုင် စိတ်၀င်စားခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယော့ရှိုင်းယားသား ဖြစ်ပြီး လိဒ် ပရိတ်သတ် ဖြစ်တဲ့ ဖီးလစ်ဟာ သူ့အသင်းရဲ့ ခါးသီးပြိုင်ဘက် ဖြစ်တဲ့ မန်ယူနိုက်တက်ကို ပြောင်းရွေ့ဖို့ အတွက် လုံး၀ စိတ်မကူးခဲ့ကာ အဲဒီအစား ဒီလမှာ မန်ချက်စတာစီးတီးကို ပြောင်းရွေ့ကြေး ပေါင် ၄၅ သန်းနဲ့ ရောက်ရှိသွားခဲ့ပါတယ်။ မန်ယူနိုက်တက်ကို ပြောင်းရွေ့ဖို့ အတွက် ဖြစ်နိုင်ခြေ ရှိခဲ့သလား ဆိုတဲ့ မေးခွန်းကို ဖီးလစ်က “No ပါ။ ကျွန်တော် အဲဒီကို ပြောင်းရွေ့ဖို့ အတွက် ဘယ်တုန်းကမှ စိတ်ကူးခဲ့ဖူးတာ မရှိခဲ့ပါဘူး။ ”

” ကျွန်တော် လိဒ်ကို ဘယ်လောက် သစ္စာရှိသလဲ ဆိုတာ ခင်ဗျားတို့ သိထားပြီးသားပါ။ ကျွန်တော့် မိသားစုတွေ ကလည်း လိဒ်ပရိတ်သတ်တွေချည်းပါပဲ။ ယူနိုက်တက်လို ကမ္ဘာ့ အကြီးကြယ်ဆုံး ကလပ်တွေထဲက တစ်ခုဟာ ကျွန်တော့်ကို ခေါ်ယူချင်ခဲ့တာကြောင့် ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ လိဒ် အပေါ် သစ္စာရှိသွားရပါမယ်။ ဒ့ါကြောင့် မန်ချက်စတာရဲ့ အခြားဘက်ခြမ်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ မော်ဒန် ဘောလုံးလောကမှာ ဒီလို ခံယူချက်ဟာ အထူးတဆန်း ဖြစ်နေသလား ဆိုတာ ကတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော့်ရဲ့ ပုံစံ ကတော့ ဒီအတိုင်းပါပဲ။ ”

” ကျွန်တော့်ရဲ့ အတွေးကလည်း ဒီလို ပုံစံပါပဲ။ အမြဲတမ်းလည်း ဒီအတိုင်းပဲ ရှိနေမှာပါ။ ကျွန်တော့်ကို ကမ္ဘာပေါ်မှာ အကြီးမားဆုံး အခွင့်အရေး ပေးခဲ့တဲ့ လူတွေ အပေါ် ကျွန်တော် သစ္စာစောင့်သိချင်ပါတယ်။ လိဒ်ဟာ ကျွန်တော့်ကို ပထမဦးဆုံး ခေါ်ယူခဲ့တဲ့ အသင်းပါ။ ဒါဟာ ကျွန်တော် အဓိက လုပ်သွားရမယ့် အရာတွေထဲက တစ်ခုပါပဲ။” လို့ ဆိုလိုက်ပါတယ်။ ဖီးလစ်ဟာ အန်လန်ရုတ်မှာ ၈ ရာသီကြာ ကစားခဲ့ကာ ၂၃၅ ပွဲ ကစားပေးခဲ့ပြီး ကလပ်ကနေ ထွက်ခွာလာချိန်မှာ လိဒ်နဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေပါသေးတယ်။

အင်္ဂလန်ကွင်းလယ်လူဟာ စီးတီးနဲ့ စာချုပ် ၆ နှစ် ချုပ်ဆိုခဲ့ကာ ဟာလန်း အိုတေဂါ တို့ပြီးနောက် ပက်ဂွာဒီယိုလာရဲ့ တတိယမြောက် နွေရာသီ ကစားသမား ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။ ဂွာဒီယိုလာလို နည်းပြနဲ့ လက်တွဲသွားရမယ့် အပေါ် ဖီးလစ်က “ပက်နဲ့ အတူ အလုပ်လုပ်ရမယ့် အရေးဟာ တကယ့် အခွင့်အရေးကောင်း ဖြစ်ပါတယ်။ သူ့ရဲ့ စာချုပ်က တစ်နှစ်ပဲ ကျန်တော့ပေမယ့် ဒီမှာ နောက်ထပ် ဆက်ရှိနေဖို့ မျှော်လင့်ထားပါတယ်။ သူဟာ ကြီးကြယ်တဲ့ မန်နေဂျာ တစ်ဦးပါ။ ”

” သူဟာ ကျွန်တော့်ရဲ့ ကစားပုံကို နောက် Level ကို ပို့ပေးမယ့်သူပါ။ ကျွန်တော့် အနေနဲ့ ဆုဖလားတွေ အတွက် တိုက်ပွဲ၀င်နေရတဲ့ အသင်းမှာ အမြဲတမ်း ကစားချင်ခဲ့တာပါ။ မန်စီးတီးမှာ ရှိတဲ့ ကစားသမားတွေနဲ့ နေ့တိုင်း လေ့ကျင့်ရမှာ ဖြစ်တာကြောင့် ဒါဟာ ကိုယ့်ကို တိုးတက်စေမှာပါ။ ကျွန်တော့် အနေနဲ့ ဒီလို အခွင့်အရေးမျိုးကို လုံး၀ ပယ်ချသွားဖို့ မဖြစ်နိုင်ပါဘူး။” လို့ ပြောသွားပါတယ်။

ZAWGYI: မန်ချက်စတာစီးတီး ကစားသမားသစ် ဖြစ်သူ ကယ်ဗင်ဖီးလစ်က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ စိတ်၀င်စားမှုကို ခံခဲ့ရတဲ့ အတွက် ဂုဏ်ယူမိတယ်လို့ ဆိုလိုက်ပေမယ့်လည်း သူ့အနေနဲ့ လိဒ်ယူနိုက်တက် အပေါ် သစ္စာစောင့်သိမှု ရှိတာကြောင့် အိုးထရပ်ဖို့ဒ်ကို ဘယ်တော့မှ ပြောင်းရွေ့မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ လိဒ်နဲ့ အင်္ဂလန် တို့မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ ဖီးလစ်ကို စီးတီး နဲ့ ယူနိုက်တက် တို့ဟာ အပြိုင်အဆိုင် စိတ်၀င်စားခဲ့ကြတာ ဖြစ်ပါတယ်။