မန်ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်းဖြစ်တဲ့ပေါ့ဘာဟာ ဒီနွေရာသီ အပြောင်းအရွှေ့စျေးကွက်ထဲမှာ ဂျုဗင်တပ်အသင်းထံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ရပြီးလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဂျုဗင်တပ်ကနေ မန်ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက မန်ယူနိုက်တက်ဆီ ပြန်လာဖို့ ရွေးချယ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းခဲ့ ခြင်းမရှိကြောင်းကို ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

ပေါ့ဘာက ” ကျွန်တော့်ရဲ့ ကံကြမ္မာကိုယုံပါတယ်၊ ကျွန်တော့်ရဲ့ ကစားသမားဘဝနဲ့ ဘဝတလျှောက်မှာ ကျွန်တော် ပြုလုပ်ခဲ့တဲ့ ရွေးချယ်မှုတွေ အားလုံးက ကျွန်တော့်ရဲ့ ကံကြမ္မာ ပါပဲ၊ ဒီရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အမြဲတမ်းပျော်ရွှင်မှု ရှိပါတယ်၊ တခါတလေမှာ ကျွန်တော်တို့က ကျွန်တော်တို့ အလိုရှိတဲ့အတိုင်း ဖြစ်မလာနိုင်တဲ့ ရွေးချယ်မှု အချို့ကို ပြုလုပ်ကြလေ့ရှိကြပါတယ်၊ ဒါပေမဲ့ မန်ယူနိုက်တက်မှာ ရှိ​​နေခဲ့ရတဲ့အချိန်တွေမှာ ကျွန်တော် အရမ်းပဲပျော်ခဲ့ရပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် အဲ့ဒီမှာ ကြီးပြင်းလာခဲ့တယ်၊ လူကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်၊

ဒါက ကျွန်တော့်အတွက် သေချာပေါက်ကို အမှားတစ်ခုမဟုတ်ခဲ့ပါဘူး၊ မန်ယူနိုက်တက်မှာ ကျွန်တော် အရမ်းပျော်ခဲ့ရတာပါ၊ ဒါပေမဲ့ အဲ့ဒီမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ခင်ဗျား ဘယ်တော့မှ သိလိမ့်မှာ မဟုတ်ပါဘူး၊ တခါတလေမှ ခင်ဗျားက မတူညီတဲ့ တစုံတရာကို အနိုင်လိုချင်တယ်ဆိုရင် ရွေးချယ်မှုတွေကလည်း တူညီနေမှာ မဟုတ်ပါဘူး၊ အခု ကျွန်တော် ဒီမှာ အရမ်းပျော်ပါတယ်၊ ဂျုဗင်တပ်ကို ပြန်ရောက်လာရလို့ ကျွန်တော် အရမ်းပဲ ဝမ်းသာနေပါတယ် ” လို့ ပေါ့ဘာက ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်ယူနိုက်တက် အနေနဲ့ ပေါ့ဘာကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး အသင်းကနေ ပြန်လည် ထွက်ခွာချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုခဲ့ရတာ ဖြစိတဲ့အတွက်ကြောင့် စီးပွားရေးအရ ပေါ့ဘာကို ခေါ်ယူခဲ့မှုဟာ မန်ယူနိုက်တက်အတွက် အရှုံးပေါ်ခဲ့တဲ့ စီးပွားရေးတစ်ခု ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ဂျုဗင်တပ်ထံ ပြောင်းရွှေ့ သွားခဲ့ပြီး မန်ယူနိုက်တက်ဆီ တတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်တော့ပါဘူး။ မန်ယူနိုက်တက် ပရိသတ်တွေရဲ့ ရင်ထဲမှာလည်း ပေါ့ဘာဆိုတာ ဆူးညှောင့်တစ်ခုလို စိတ်ထဲက ထင်မှတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ဂျုဗင်တပ်မှာ တစ်နှစ်လုပ်ခလစာ ယူရို ၈ သန်း ရရှိမှာဖြစ်ပြီး အပိုဆုကြေးကတော့ ယူရို ၂.၅ သန်းလောက်အထိ ရရှိသွားဖို့ရှိနေတာ ဖြစ်ပါတယ်။ ဂျုဗင်တပ်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိတဲ့ စာချုပ်တသ်ခုကို ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဆိုတော့ လက်ရှိ ဂျုဗင်တပ်မှာ ရရှိမယ့် လုပ်ခလစာဟာ မန်ယူနိုက်တက်ရဲ့ ပေါ့ဘာကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်မှာပါတဲ့ လုပ်ခလစာထက် တော်တော်လေးကို နည်းပါးနေတာကြောင့် လစာနည်းလို့ မန်ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတာပါဆိုတဲ့ ပေါ့ဘာရဲ့ အကြောင်းပြချက်ကလည်း ခိုင်လုံမှု မရှိဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိနေပြီ ဖြစ်တဲ့ ပြင်သစ်သား ပေါ့ဘာဟာ မန်ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၃၂ ပွဲအထိ ပါဝင်ကစားပေးခဲ့ ပြီးတော့ သွင်းဂိုး ၃၉ ဂိုးနဲ့ ဂိုးဖတ်တီးမှု ၅၁ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ​ပေါ့ဘာဟာ မန်ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ်နဲ့ ကာရာဘောင်ဖလားတို့ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်သလို မန်ယူနိုက်တက်မှာ ဝေဖန်မှု အခံရဆုံး ကစားသမားတစ်ယောက်လည်းပဲ ဖြစ်ခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ပေါ့ဘာနဲ့ မန်ယူနိုက်တက်တို့ရဲ့ လမ်းခွဲက ချစ်ခြင်းတွေနဲ့ ခွဲခွာခဲ့တာမျိုးတော့မဟုတ်ခဲ့ဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်းဖြစ်တဲ့ပေါ့ဘာဟာ ဒီနွေရာသီ အပြောင်းအရွှေ့စျေးကွက်ထဲမှာ ဂျုဗင်တပ်အသင်းထံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ရပြီးလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဂျုဗင်တပ်ကနေ မန်ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက မန်ယူနိုက်တက်ဆီ ပြန်လာဖို့ ရွေးချယ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းခဲ့ ခြင်းမရှိကြောင်းကို ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။