ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာ က မန်ချက်စတာ ယူနိုက်တက် အသင်းမှ အသည်းအသန် လိုချင််နေခဲ့တဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ရောင်းချဖို့ ရည််ရွယ်ချက် မရှိကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘာစီလိုနာ အသင််းရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ယူရို 65 သန်း + အပိုဆုကြေး နဲ့ ခေါ်ယူဖို့ သဘော တူညီမှု ရရှိခဲ့ပြီလို့ သိခဲ့ရပါတယ် ။

ဒါ့အပြင် ယူနိုက်တက်တို့ဟာ အခြေခံ အချက်အလက်တွေ သဘောတူညီမှု ရရှိသွားရင် ကစားသမား ဖြစ်သူကို ခေါ်ယူနိုင်လိမ့်မယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ အခုချိန်ထိ ရေရာသေချာတဲ့ အဖြေတစ်ခု ထွက်ပေါ်မလာခဲ့သေးပါဘူး ။ ယခင်တုန်းကတော့ ကစားသမား ကိုယ်တိုင် ကတ်တလန််မှာပဲ ဆက်နေချင်ကြောင်း သိခဲ့ရသလို နည်းပြ ဇာဗီ ကလည်း နယ်သာလန် လက်ရွေးစင်ကို အသင်းမှာပဲ ဆက်လက်် ရှိစေလိုကြောင်း ပြောကြားခဲ့ဖူးပါသေးတယ် ။

အခုတော့ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာ ကိုယ်တိုင် က ကစားသမား ဖြစ်သူဟာ အသင်းမှာပဲ ဆက်နေလိုကြောင်း ၊ သူ့ကို အသင်းမှာပဲ ဆက်လက် ထိန််းသိမ်းနိုင်ဖို့ အတွက် စွမ်းနိုင်သမျှ ကြိုးစားသွားမှာ ဖြစ်ကြောင််း ပြောခဲ့လိုက်ပါတယ် ။ ” မန်ချက်စတာ ယူနိုက်တက်တင် မဟုတ်ပါဘူး ၊ သူ့ကို လိုချင်တဲ့ အခြား အသင်းတွေလည်း ရှိနေကြပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ဖက်ကတော့ သူ့ကို ရောင်းချဖို့ ရည််ရွယ်ချက် မရှိပါဘူး ။ သူ ကိုယ်တိုင်လည်း အသင်းမှာပဲ ဆက်နေချင်နေပါတယ် ”

” ကျွမ်းကျင်သူတွေ အားလုံးရဲ့ ပြောကြားချက်အရ ဖရန်ကီ ဟာ ဖရန်ကီ ဟာ ကမ္ဘာ့ အ​ကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးပါ ။ သူ့ကို အသင်းမှာ ပိုင်ဆိုင်ရတဲ့ အတွက် ကျွန်တော်တို့ ပျော်ရွှင်နေရပါတယ်။ သူ့ကို အသင်းမှာ ဆက်လက် ရှိနေစေဖို့ အတွက် ကျွန််တော့်မှာ ရှိသလောက် အာဏာပါဝါတွေ အကုန် ထုတ်သုံးသွားမှာပါ ။ ဒါပေမဲ့ အသင်းမှာ လစာ ပြသနာလေးတွေ ရှိနေပါသေးတယ် ။ အဲ့တာက ညှိနှိုင်းလို့ ရပါတယ်လေ ” လို့ လာပေါ်တာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ZAWGYI: ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာ က မန်ချက်စတာ ယူနိုက်တက် အသင်းမှ အသည်းအသန် လိုချင််နေခဲ့တဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ရောင်းချဖို့ ရည််ရွယ်ချက် မရှိကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘာစီလိုနာ အသင််းရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ယူရို 65 သန်း + အပိုဆုကြေး နဲ့ ခေါ်ယူဖို့ သဘော တူညီမှု ရရှိခဲ့ပြီလို့ သိခဲ့ရပါတယ် ။