မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်လ်ဒို အနေနဲ့ ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာနိုင်ခြေရှိတဲ့ အကောင်းဆုံး အကြောင်းပြချက်ဟာ သူ့ရဲ့ အကျိုးအတွက် ဖြစ်လိမ့်မယ်လို့ စကိုင်းစပေါ့တ်ရဲ့ ရုပ်သံ အစီအစဉ် တင်ဆက်သူ ပေါလ်မာဆွန်က ယုံကြည်နေပါတယ်။ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်းဟဂ်ဟာ ပေါ်တူဂီ စူပါစတားနဲ့ လက်တွဲကာ အလုပ်လုပ်ဖို့ စိတ်အား ထက်သန်နေပြီး၊ ကစားသမား ဘက်ကလည်း နည်းပြသစ်နဲ့အတူ ခေတ်သစ်တခု ပြန်လည် တည်ဆောက်ချင်တဲ့ ဆန္ဒမျိုး ရှိနေနိုင်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်မှာ ရော်နယ်လ်ဒို ဆက်ရှိနေခြင်းဟာ နှစ်ဦးနှစ်ဘက်စလုံး အတွက် အကောင်းဆုံး အခြေအနေ မဟုတ်ဘူးလို့ ပေါလ်မာဆွန်က အကြံပြုထားပြီး၊ ဒီကစားသမားကို အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ တိုက်တွန်းလိုက်ပါတယ်။ တကယ်လို့ ရော်နယ်လ်ဒိုသာ ယူမိုက်တက်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် သူ့ရဲ့ မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီရှိရာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့သင့်တယ်လို့ အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆွန်က ယူဆနေပါတယ်။

အဆိုပါ ပေါ်တူဂီ တိုက်စစ်မှူးဟာ အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်းဟဂ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ မစတင်မီ အသင်းကနေ ထွက်ခွာသင့်တယ်လို့ ယုံကြည်ကြောင်း ပေါလ်မာဆွန်က အခုလို ပြောထားပါတယ်။ ရော်နယ်လ်ဒို အနေနဲ့ ဒီနွေရာသီမှာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ပြီး လီယွန်နယ် မက်ဆီနဲ့အတူ အိပ်မက်အသင်းတခု ဖန်တီးသင့်တယ်လို့ ကျွန်တော် မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ အဲရစ် တန်းဟဂ်ရဲ့ အလုံးစုံ ပြုပြင် ပြောင်းလဲရေးဟာ ရော်နယ်လ်ဒို ရှိနေသရွေ့ မစတင်နိုင်သေးဘူးလေ။

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ အတူတွဲ ကစားနိုင်မယ့် အခြေအနေဟာ ပရိတ်သတ်တွေ သေချာပေါက် မျှော်လင့်နေတဲ့ ကိစ္စတခုဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပရိတ်သတ်တွေနဲ့ ရုပ်သံ အစီအစဉ် တင်ဆက်သူတွေဟာ ဒီကစားသမား နှစ်ဦးကို အတူတွဲ ကစားသင့်တယ်လို့ အကြံပေးခဲ့ဖူးပါတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင်လည်း ပီအက်စ်ဂျီ အသင်းလို ငွေကြေးချမ်းသာတဲ့ ကလပ်အသင်းဟာ ထာဝရ အကောင်းဆုံး ဘောလုံးသမား နှစ်ယောက်ကို လုပ်ခလစာ ပေးချေနိုင်စွမ်းရှိတဲ့ အသင်းတသင်း ဖြစ်တာကြောင့် ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ ဖြစ်မလာနိုင်စရာ မရှိပါဘူး။

ရော်နယ်လ်ဒိုသာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ သူ့ရဲ့ ကစားသမားဘဝ မှတ်တမ်းထဲမှာ ဆုဖလားတွေ ထပ်ပေါင်းထည့်ဖို့ အခွင့်အရေး ရရှိလိမ့်မယ်လို့လည်း ပေါလ်မာဆွန်က ယုံကြည်နေပါတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်းဟဂ်ရဲ့ ပထမဆုံး ဘောလုံးရာသီမှာ သရဲနီတို့ဟာ ဆုဖလား တခုမှ ရနိုင်ဖွယ် မရှိဘူးလို့ ပေါလ်မာဆွန်က ယူဆထားတာကြောင့်၊ ရော်နယ်လ်ဒိုကို အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာသင့်တယ်လို့ အခုလို တိုက်တွန်းလိုက်ပါတယ်။

“ရော်နယ်လ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဆုဖလားတွေ ရယူနိုင်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် အဲဒီမှာ ဆက်နေစရာ ဘာအကြောင်းရှိလို့လဲ?၊ သူ့ရဲ့ ကစားသမား ဘဝမှာ ဆုဖလားတွေ၊ တဦးချင်း အောင်မြင်မှုတွေ ရယူနိုင်ဖို့ အချိန်တွေ အများကြီး မရှိတော့ဘူးလေ။ ပီအက်စ်ဂျီ အသင်းမှာ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ အတူတွဲ ကစားနေတဲ့ မြင်ကွင်းမျိုးကို ခင်ဗျား စိတ်ကူးကြည့်လိုက်စမ်းပါ။ သူတို့ဟာ ပြိုင်ဘက်တွေ အနေနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးပါပြီ။ ဒါ့ကွောင့ျ သူတို့နှဈယောကျ အသငြးဖောတြှေ အဖွဈ ကစားသမား ဘဝကို အဆုံးသတျသှားတာကို ကွညျ့ခှငျ့ရရငျ တကယျကို ပွောစြရာကောငြးမှာပါ။” ဆျိုပွီး ပေါလျမာဆှနျက ထုတျပွောသှား ခဲ့ပါတယျ။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်လ်ဒို အနေနဲ့ ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာနိုင်ခြေရှိတဲ့ အကောင်းဆုံး အကြောင်းပြချက်ဟာ သူ့ရဲ့ အကျိုးအတွက် ဖြစ်လိမ့်မယ်လို့ စကိုင်းစပေါ့တ်ရဲ့ ရုပ်သံ အစီအစဉ် တင်ဆက်သူ ပေါလ်မာဆွန်က ယုံကြည်နေပါတယ်။ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်းဟဂ်ဟာ ပေါ်တူဂီ စူပါစတားနဲ့ လက်တွဲကာ အလုပ်လုပ်ဖို့ စိတ်အား ထက်သန်နေပြီး၊ ကစားသမား ဘက်ကလည်း နည်းပြသစ်နဲ့အတူ ခေတ်သစ်တခု ပြန်လည် တည်ဆောက်ချင်တဲ့ ဆန္ဒမျိုး ရှိနေနိုင်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်မှာ ရော်နယ်လ်ဒို ဆက်ရှိနေခြင်းဟာ နှစ်ဦးနှစ်ဘက်စလုံး အတွက် အကောင်းဆုံး အခြေအနေ မဟုတ်ဘူးလို့ ပေါလ်မာဆွန်က အကြံပြုထားပြီး၊ ဒီကစားသမားကို အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ တိုက်တွန်းလိုက်ပါတယ်။ တကယ်လို့ ရော်နယ်လ်ဒိုသာ ယူမိုက်တက်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် သူ့ရဲ့ မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီရှိရာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့သင့်တယ်လို့ အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆွန်က ယူဆနေပါတယ်။

အဆိုပါ ပေါ်တူဂီ တိုက်စစ်မှူးဟာ အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်းဟဂ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ မစတင်မီ အသင်းကနေ ထွက်ခွာသင့်တယ်လို့ ယုံကြည်ကြောင်း ပေါလ်မာဆွန်က အခုလို ပြောထားပါတယ်။ ရော်နယ်လ်ဒို အနေနဲ့ ဒီနွေရာသီမှာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ပြီး လီယွန်နယ် မက်ဆီနဲ့အတူ အိပ်မက်အသင်းတခု ဖန်တီးသင့်တယ်လို့ ကျွန်တော် မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ အဲရစ် တန်းဟဂ်ရဲ့ အလုံးစုံ ပြုပြင် ပြောင်းလဲရေးဟာ ရော်နယ်လ်ဒို ရှိနေသရွေ့ မစတင်နိုင်သေးဘူးလေ။

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ အတူတွဲ ကစားနိုင်မယ့် အခြေအနေဟာ ပရိတ်သတ်တွေ သေချာပေါက် မျှော်လင့်နေတဲ့ ကိစ္စတခုဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပရိတ်သတ်တွေနဲ့ ရုပ်သံ အစီအစဉ် တင်ဆက်သူတွေဟာ ဒီကစားသမား နှစ်ဦးကို အတူတွဲ ကစားသင့်တယ်လို့ အကြံပေးခဲ့ဖူးပါတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင်လည်း ပီအက်စ်ဂျီ အသင်းလို ငွေကြေးချမ်းသာတဲ့ ကလပ်အသင်းဟာ ထာဝရ အကောင်းဆုံး ဘောလုံးသမား နှစ်ယောက်ကို လုပ်ခလစာ ပေးချေနိုင်စွမ်းရှိတဲ့ အသင်းတသင်း ဖြစ်တာကြောင့် ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ ဖြစ်မလာနိုင်စရာ မရှိပါဘူး။

ရော်နယ်လ်ဒိုသာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ သူ့ရဲ့ ကစားသမားဘဝ မှတ်တမ်းထဲမှာ ဆုဖလားတွေ ထပ်ပေါင်းထည့်ဖို့ အခွင့်အရေး ရရှိလိမ့်မယ်လို့လည်း ပေါလ်မာဆွန်က ယုံကြည်နေပါတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်းဟဂ်ရဲ့ ပထမဆုံး ဘောလုံးရာသီမှာ သရဲနီတို့ဟာ ဆုဖလား တခုမှ ရနိုင်ဖွယ် မရှိဘူးလို့ ပေါလ်မာဆွန်က ယူဆထားတာကြောင့်၊ ရော်နယ်လ်ဒိုကို အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာသင့်တယ်လို့ အခုလို တိုက်တွန်းလိုက်ပါတယ်။

ရော်နယ်လ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဆုဖလားတွေ ရယူနိုင်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် အဲဒီမှာ ဆက်နေစရာ ဘာအကြောင်းရှိလို့လဲ?၊ သူ့ရဲ့ ကစားသမား ဘဝမှာ ဆုဖလားတွေ၊ တဦးချင်း အောင်မြင်မှုတွေ ရယူနိုင်ဖို့ အချိန်တွေ အများကြီး မရှိတော့ဘူးလေ။ ပီအက်စ်ဂျီ အသင်းမှာ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ အတူတွဲ ကစားနေတဲ့ မြင်ကွင်းမျိုးကို ခင်ဗျား စိတ်ကူးကြည့်လိုက်စမ်းပါ။ သူတို့ဟာ ပြိုင်ဘက်တွေ အနေနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးပါပြီ။ ဒါ့ကွောင့ျ သူတို့နှဈယောကျ အသငြးဖောတြှေ အဖွဈ ကစားသမား ဘဝကို အဆုံးသတျသှားတာကို ကွညျ့ခှငျ့ရရငျ တကယျကို ပွောစြရာကောငြးမှာပါ။ ဆျိုပွီး ပေါလျမာဆှနျက ထုတျပွောသှား ခဲ့ပါတယျ