သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ နွေရာသီမှာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဇန်နဝါရီတုန်းက ယူနိုက်တက်အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် ရော်နယ်ဒိုက ထွက်ခွာနိုင်တယ်လို့ သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်ဟာ မသေချာတဲ့အနေအထားမှာ ရော်နယ်ဒိုက မကြာခင်မှာ ထွက်ခွာဖွယ်ရှိနေပါတယ်။ မယ်ရာသတင်းဌာနရဲ့အဆိုအရ ပေါ်တူဂီသားကို ရီးရဲလ်အသင်းက ခေါ်ယူချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုပြန်ရောက်လာရင် အသင်းအင်အားက ဘန်ဇီးမား ၊ မိုဒရစစ် ၊ တိုနီခရူးစ်တို့နဲ့ တောင့်တင်းလာဖွယ်ရှိနေပါတယ်။

ရီးရဲလ်ပရိသတ်တွေကလည်း ရော်နယ်ဒိုကို အသင်းမှာ ပြန်လည်မြင်တွေ့လိုနေကြပါတယ်။ စနေနေ့တုန်းက ကွယ်လွန်ခဲ့တဲ့ ရော်နယ်ဒိုရဲ့သားဖြစ်သူ အတွက် ရီးရဲလ်ပရိသတ်တွေက ဆုတောင်းပေးခဲ့ကြတာဖြစ်ပါတယ်။ အသက် ၃၇ နှစ်သားဟာ ရီးရဲလ်အသင်းမှာ ၂၀၀၉ ကနေ ၂၀၁၈ အထိ ၉ နှစ်တာဖြတ်သန်းခဲ့ကာ ပွဲပေါင်း ၄၃၈ ပွဲမှာ ၄၅၀ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၁၃၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

အဲ့နောက် ၂၀၁၈ တုန်းက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပြီး ယူနိုက်တက်ကိုမပြန်ခင် ၃ နှစ်တာဖြတ်သန်းခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ထင်ထားသလိုဖြစ်မလာပဲ ယူနိုက်တက်က အဆင့် ၆ နေရာမှာ ရပ်တည်နေကာ အာဆင်နယ်ထက် ၂ ပွဲ ပိုကစားထားပါတယ်။

ဒါ့အပြင် အဆင့် ၄ နေရာနဲ့ ၅ မှတ်ကွာဟနေပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေက တန်ဟက်ဟာ အသင်းကို ပြောင်းလဲပေးနိုင်ဖို့ မျှော်လင့်နေပြီး ပေါ့ဂ်ဘာ ၊ မာတစ်အပါအဝင် ကစားသမားတော်တော်များများ ထွက်ခွာဖွယ်ရှိနေပါတယ်။

ZAWGYI: သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ နွေရာသီမှာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဇန်နဝါရီတုန်းက ယူနိုက်တက်အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် ရော်နယ်ဒိုက ထွက်ခွာနိုင်တယ်လို့ သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။