မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း တက်ဒီ ရှရင်ဂမ်အနေနဲ့ ဒီနှစ်နွေမှာ သူ့အသင်းဟောင်းကို ကစားသမားသစ် ၅ ဦး သို့မဟုတ် ၆ ဦးအထိ လိုအပ်နေကြောင်း ယုံကြည်နေပေမယ့် ယူနိုက်တက်မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်ကို ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီယွန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေမှုကို သတိပေးစကားဆိုသွားခဲ့ပါတယ်။ တန်ဟာ့ဂ်အနေနဲ့ အိုင်းယက်စ်အသင်းနဲ့ အောင်မြင်နေတဲ့ နည်းပြဘဝကို အဆုံးသတ်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့တ့ ယူနိုက်တက်နဲ့ ၃ နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ နှောင်းပိုင်းနှစ်တွေမှာ ရုန်းကန်ခဲ့ရပြီး တန်ဟာ့ဂ်ကတော့ ဒီနှစ်နွေမှာ အသင်းကို ပြန်လည်ပြင်ဆင်ဖို့အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၀၀ ဝန်းကျင် အသားတင်သုံးစွဲခွင့်ရရှိထားပြီး တိုက်စစ်မှူးသစ် ၁ ဦး၊ ကွင်းလယ်ကစားသမား ၁ ဦးနဲ့ ခံစစ်မှူး ၂ ဦးတို့ကို ခေါ်ယူဖို့အတွက် အလိုရှိနေတာဖြစ်ပါတယ်။ တန်ဟာ့ဂ်အနေနဲ့ အိုင်းယက်စ်တုန်းက သူ့လက်အောက်မှာ ကစားခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီယွန်းကို သူ့ရဲ့ထိပ်တန်းပစ်မှတ်ကစားသမားအဖြစ် သတ်မှတ်ထားပြီး အဆိုပါဒတ်ချ်လက်ရွေးစင် ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။

ဒီယွန်းအနေနဲ့ ၂၀၁၉ ခုနှစ်တုန်းက ဘာစီလိုနာအသင်းကို အိုင်းယက်စ်အသင်းကနေ ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ အရေးအပါဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် သူ့ကိုယ်သူ ထုဆစ်နိုင်ခဲ့ပေမယ့် ရှရင်ဂမ်ကတော့ ပရီးမီးယားလိဂ်ရဲ့ လျင်မြန်မှုနဲ့ အရည်အသွေးက အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားအတွက် ရှော့ခ်ရစရာဖြစ်လာနိုင်မှာကို စိုးရိမ်နေတာဖြစ်ပါတယ်။ Lord Ping နဲ့ အစီအစဉ်တစ်ခုမှာ ရှရင်ဂမ်က “မန်ချက်စတာယူနိုက်တက်အသင်းမှာ ကြီးမားတဲ့ ခေါ်ယူမှုတွေ လုပ်ရမယ့်အလုပ်တော့ ရှိနေပါတယ်။ အဲရစ် တန်ဟာ့ဂ်အနေနဲ့ မှန်ကန်တဲ့ စရိုက်လက္ခဏာရှိတဲ့ ကစားသမားတွေကို ခေါ်ယူဖို့အတွက် လိုအပ်နေပြီး ပရီးမီးယားလိဂ်မှာ ကစားရတာရဲ့ စိန်ခေါ်မှုတွေကို နားလည်သူဖြစ်ဖို့ လိုအပ်တယ်”လို့ ပြောလာခဲ့ပါတယ်။

ဆက်လက်ပြီး သူက “သူ့အနေနဲ့ ဒီလိုကစားသမားတွေကို ဘယ်ကနေ ရှာလာမှာလဲ? ကျွန်တော်ကတော့ ဖရန်ကီ ဒီယွန်းနဲ့ ပတ်သက်တဲ့ ကောလဟလတွေတော့ တွေ့နေရတယ်။ သူက ပရီးမီးယားလိဂ်မှာ ကစားနေတာမဟုတ်ဘူး။ ပြီးတော့ ဘာစီလိုနာအသင်းမှာ ကစားနေတာ။ အဲဒီအသင်းဆိုတာက အခြားအသင်းအားလုံးနီးပါးကို အတော်လေးသိပ်နိုင်တဲ့ အသင်းမျိုးဗျ။ ဘာဆာရဲ့ ပြည်တွင်းလိဂ်ပြိုင်ဘက်အသင်းတွေ အများကြီးက ရာသီတစ်လျှောက်လုံး ကျ,ကျလာကြတာ။ ဒါက ပရီးမီးယားလိဂ်မှာ ဖြစ်လေ့ဖြစ်ထရှိတာမျိုးမဟုတ်ဘူး။ ပွဲတိုင်းက တိုက်ပွဲပဲ”

“လိဂ်ရဲ့ လျင်မြန်မှုနဲ့ အရည်အသွေးက တန်ဟာ့ဂ်ရဲ့ စနစ်အတွက် ရှော့ခ်ဖြစ်စရာတောင် ဖြစ်လာနိုင်တယ်။ ပြီးတော့ ဒီယွန်းလို ကစားသမားအတွက်ရောပေါ့။ ယူနိုက်တက်အနေနဲ့ နောက်နှစ်မှာ လုံးဝကို ပရမ်းပတာဖြစ်နေတဲ့ ဘောလုံးရာသီတစ်ခုကိုတောင် ထပ်မံပိုင်ဆိုင်ရနိုင်ပါတယ်”လို့ ပြောလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၇ ခုနှစ်ကတည်းက ဆုဖလားမရရှိတော့တာဖြစ်ပြီး မန်ချက်စတာစီးတီး၊ လီဗာပူးလ်နဲ့ ချဲလ်ဆီးအသင်းတို့နောက်ကို ရောက်ခဲ့ရသလို ရှရင်ဂမ်ကတော့ ဒီနှစ်မှာ တန်ဟာ့ဂ်ကို ခေါ်ယူမှုအသစ်တွေ ပြုလုပ်ဖို့အတွက် ထောက်ပံ့ပေးဖို့ အရေးကြီးကြောင်း ပြောလာခဲ့ပါတယ်။

ယူနိုက်တက်မှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ရရှိခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းကြီးကတော့ “ယူနိုက်တက်က ကွင်းထဲမှာ ကစားဖို့အတွက် အင်အားဖြည့်တင်းမှုတွေ လိုအပ်တယ်။ ကွင်းလယ်ကစားသမား၊ အထောင်တိုက်စစ်မှူးနဲ့ တောင်ပံတွေမှာပေါ့။ ကျွန်တော်တို့အနေနဲ့ အသင်းကို ရောက်ရှိလာဖို့အတွက် ထိပ်တန်းအဆင့်ရှိ ကစားသမား ၅ ယောက် သို့မဟုတ် ၆ ယောက်လောက်အထိကို ကြည့်နေတာ။ လုပ်ရမယ့် တာဝန်ရဲ့ ပမာဏကို သဘောကျတဲ့ မှန်ကန်တဲ့ စရိုက်လက္ခဏာနဲ့ ဝင်လာဖို့အတွက်နဲ့ ယူနိုက်တက်ကို သူတို့ဖြစ်သင့်တဲ့ နေရာကို ပြန်ရောက်ဖို့အတွက် အဆင်သင့်ဖြစ်နေမယ့် ကစားသမားမျိုးတွေပေါ့”

“ဒါက တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ ကစားသမားတွေဘက်က ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် စီးတီးနဲ့ ယူနိုက်တက်ကြားက တစ်သင်းကို ရွေးချယ်ပါဆိုရင် ကစားသမားတွေက ဒီလိုအချိန်တွေ အခိုက်အတန့်တွေတိုင်းမှာ စီးတီးကိုပဲ ရွေးချယ်ကြလိမ့်မယ်။ ကစားသမားတစ်ယောက်အနေနဲ့ဆိုရင် သူက အကောင်းဆုံးသော ကစားသမားတွေနဲ့ပဲ ကစားချင်မှာပဲလေ။ ထိပ်တန်းကစားသမားတွေဆိုတာက ဒီဘရိုင်းနား ဒါမှမဟုတ် စီးတီးပို်ငဆိုင်ထားတဲ့ ကမ္ဘာ့အဆင့်ကစားသမားဘယ်သူနဲ့မဆို တွဲဖက်ကစားဖို့ဆိုရင် နှစ်သက်ကြမှာပဲလေ။ သူတို့လူစာရင်းက အဆုံးအစမဲ့တယ်။ သူတို့က လက်ရှိချန်ပီယံတွေဖြစ်ပြီး သူတို့အနေနဲ့ နောက်နှစ်ဘောလုံးရာသီမှာလည်း ဖလားတိုင်းကို စိန်ခေါ်နေလိမ့်ဦးမှာပါ”

“ခင်ဗျားအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ကြည့်လိုက်မယ်ဆိုရင်တော့ ဒါမျိုးကို တွေ့ရမှာမဟုတ်တော့ဘူး။ လတ်တလောမှာ ဒီလိုစွမ်းဆောင်ပြနိုင်တဲ့ ကစားသမားဆိုတာ တစ်ဦးတစ်ယောက်မှ ရှိမနေဘူး။ ဒါက စိတ်ပျက်စရာကောင်းလွန်းတဲ့ အတွေးတစ်ခုပါပဲ။ တကယ်လို့များ တန်ဟာ့ဂ်က အဲဒီကိုသွားပြီး အခြေအနေကို အလှည့်အပြောင်းလုပ်နိုင်မယ်ဆိုရင် အရာရာတိုင်းက အတော့်ကို လျင်လျင်မြန်မြန်နဲ့ပဲ ပြောင်းလဲလာပါလိမ့်မယ်”လို့ ပြောလာခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း တက်ဒီ ရှရင်ဂမ်အနေနဲ့ ဒီနှစ်နွေမှာ သူ့အသင်းဟောင်းကို ကစားသမားသစ် ၅ ဦး သို့မဟုတ် ၆ ဦးအထိ လိုအပ်နေကြောင်း ယုံကြည်နေပေမယ့် ယူနိုက်တက်မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်ကို ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီယွန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေမှုကို သတိပေးစကားဆိုသွားခဲ့ပါတယ်။ တန်ဟာ့ဂ်အနေနဲ့ အိုင်းယက်စ်အသင်းနဲ့ အောင်မြင်နေတဲ့ နည်းပြဘဝကို အဆုံးသတ်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့တ့ ယူနိုက်တက်နဲ့ ၃ နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။