မန်ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမားကြီး မာတာဟာ လက်ရှိ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ပြည့်တာနဲ့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း မန်ယူနိုက်တက်ဘက်က တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကနေ မန်ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ပေါင်(၃၇.၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး မန်ယူနိုက်တက်မှာ (၈)နှစ်ကြာ ကစားခဲ့ပြီးတဲ့နောက် အသင်းဘက်က မာတာရဲ့ အသက်အရွယ်အရ စာချုပ်သစ် မချုပ်ဆိုတော့တာ ကြောင့် အခုလိုလမ်းခွဲဖို့ ဖြစ်လာတာ ဖြစ်ပါတယ်။

အသက်(၃၄)နှစ် ရှိနေပြီဖြစ်တဲ့ မာတာဟာ လက်ရှိ ဇွန်လ ကုန်ရင် မန်ယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မာတာဟာ မန်ယူနိုက်တက်နဲ့ စာချုပ်ချုပ်ခဲ့စဉ်က ကာရင်တန်ကို ဟယ်လီကော်ပတာနဲ့ ရောက်ရှိလာခဲ့တာက ပြောစမှတ်တွင်စရာ ဖြစ်ရပ် တစ်ခု ဖြစ်ခဲ့ပါသေးတယ်။

မန်ယူနိုက်တက်အတွက် ပွဲပေါင်း (၂၈၅) ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး (၅၁)ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ မန်ယူနိုက်တက်နဲ့ (၈)နှစ်တာ ကာလအတွင်း အက်ဖ်အေဖလား (၂)ကြိမ်၊ ယူရိုပါလိဂ်ဖလား (၁)ကြိမ်နဲ့ ကွန်မြူနဒီဒိုင်း (၁)ကြိမ် ရရှိခဲ့ပါတယ်။

မန်ယူနိုက်တက်မှာ ရှိနေခဲ့တဲ့ အချိန်တွေ အတွင်းမာတာဟာ မြင့်မြတ်တဲ့ ပရိဟိတ အလုပ်တွေကိုလုပ်ခဲ့ပါသေးတယ်။ (၂၀၁၈)မှာစပြီးတော့ မာတာဟာ သူ့ရဲ့ လစာငွေရဲ့ (၁)ရာခိုင်နှုန်းကို မသန်စွမ်းကလေးငယ်တွေကို ထောက်ပံ့ပေးလျက်ရှိနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပရဟိတ အသင်းကြီးထံ လှူဒါန်းနေခဲ့တာ ဖြစ်ပါတယ်။


ဒါကတော့ မာတာဟာအသင်းရဲ့ အဝတ်အစားနဲ့ ပတ်သက်ပြီး တာဝန်ယူထားရတဲ့ ဝန်ထမ်းတွေကို ကူညီမှု တွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

မာတာဟာ အသင်းရဲ့ အဝေးကွင်း ပွဲစဉ်တွေ ပြီးဆုံးတဲ့ အခါမှာ အသင်းရဲ့ ဝန်ထမ်းတွေကို အဝတ်လျှော်ပေးတာတွေနဲ့ အသင်းဖော်တွေရဲ့ ဖိနပ်တွေကို ဆေးကြောတဲ့ နေရာတွေမှာ ကူညီမှုတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းတွေကို မန်ယူနိုက်တက်နဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိတဲ့ ဝန်ထမ်းတစ်ဦိးက အခုလိုမျိုး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

” မာတာက တကယ့်ကို ထူးရှယ် ကောင်လေးတစ်ယောက်ပါ၊ သူက အဝတ်အစားနဲ့ ပတ်သက်ပြီး တာဝန်ယူထားရတဲ့ ဝန်ထမ်းတွေကို လပေါင်းများစွာ ကူညီပေးခဲ့တဲ့ သူပါ၊ အဝေးကွင်းပွဲစဉ်တွေ ပြီးတဲ့ ဝန်ထမ်းတွေကို လာရောက် ကူညီပေးတတ်ခဲ့တဲ့ သူပါ၊”

“လူတွေက ကောင်းမွန်တဲ့ အမူအရာတွေလို ပြောကြပေမဲ့ တကယ်တော့ အရိုးသားဆုံးပြောရမယ်ဆိုရင် ဒါက တကယ့်ဘောလုံးသမားကောင်းတစ်ယောက်ရဲ့ အကျင့်စရိုက်မျိုးပါ၊ သူက ဘောလုံးမှာ အကောင်းဆုံးလူ တစ်ယောက်ပဲ လို့ ကျွန်တော်တို့ ပြောကြပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

မာတာဟာ မန်ယူနိုက်တက်နဲ့ အတူနောက်ပိုင်းနှစ်တွေမှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးခဲ့ရပေမဲ့ ပါဝင်ကစားခွင့်ရခဲ့တဲ့ ပွဲစဉ်တွေမှာတော့ မာစတာ ခြေစွမ်းတွေကို ထုတ်ပြနိုင်လေ့ရှိတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

အသင်းဖော်တွေ၊ နည်းပြတွေနဲ့ ဆက်ဆံရေးပြေလည်သူ ဖြစ်ပြီး၊ ပရိသတ်တွေက ပါမာတာကို ချစ်ခင်လေးစားကြတာကြောင့် ယူနိုက်တက်မှာ နာမည်ကောင်းကျန်ရစ်စေခဲ့တဲ့ ကစားသမားမျိုးလည်း ဖြစ်ခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမားကြီး မာတာဟာ လက်ရှိ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ပြည့်တာနဲ့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း မန်ယူနိုက်တက်ဘက်က တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကနေ မန်ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ပေါင်(၃၇.၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး မန်ယူနိုက်တက်မှာ (၈)နှစ်ကြာ ကစားခဲ့ပြီးတဲ့နောက် အသင်းဘက်က မာတာရဲ့ အသက်အရွယ်အရ စာချုပ်သစ် မချုပ်ဆိုတော့တာ ကြောင့် အခုလိုလမ်းခွဲဖို့ ဖြစ်လာတာ ဖြစ်ပါတယ်။

အသက်(၃၄)နှစ် ရှိနေပြီဖြစ်တဲ့ မာတာဟာ လက်ရှိ ဇွန်လ ကုန်ရင် မန်ယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မာတာဟာ မန်ယူနိုက်တက်နဲ့ စာချုပ်ချုပ်ခဲ့စဉ်က ကာရင်တန်ကို ဟယ်လီကော်ပတာနဲ့ ရောက်ရှိလာခဲ့တာက ပြောစမှတ်တွင်စရာ ဖြစ်ရပ် တစ်ခု ဖြစ်ခဲ့ပါသေးတယ်။

မန်ယူနိုက်တက်အတွက် ပွဲပေါင်း (၂၈၅) ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး (၅၁)ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ မန်ယူနိုက်တက်နဲ့ (၈)နှစ်တာ ကာလအတွင်း အက်ဖ်အေဖလား (၂)ကြိမ်၊ ယူရိုပါလိဂ်ဖလား (၁)ကြိမ်နဲ့ ကွန်မြူနဒီဒိုင်း (၁)ကြိမ် ရရှိခဲ့ပါတယ်။

မန်ယူနိုက်တက်မှာ ရှိနေခဲ့တဲ့ အချိန်တွေ အတွင်းမာတာဟာ မြင့်မြတ်တဲ့ ပရိဟိတ အလုပ်တွေကိုလုပ်ခဲ့ပါသေးတယ်။ (၂၀၁၈)မှာစပြီးတော့ မာတာဟာ သူ့ရဲ့ လစာငွေရဲ့ (၁)ရာခိုင်နှုန်းကို မသန်စွမ်းကလေးငယ်တွေကို ထောက်ပံ့ပေးလျက်ရှိနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပရဟိတ အသင်းကြီးထံ လှူဒါန်းနေခဲ့တာ ဖြစ်ပါတယ်။


ဒါကတော့ မာတာဟာအသင်းရဲ့ အဝတ်အစားနဲ့ ပတ်သက်ပြီး တာဝန်ယူထားရတဲ့ ဝန်ထမ်းတွေကို ကူညီမှု တွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

မာတာဟာ အသင်းရဲ့ အဝေးကွင်း ပွဲစဉ်တွေ ပြီးဆုံးတဲ့ အခါမှာ အသင်းရဲ့ ဝန်ထမ်းတွေကို အဝတ်လျှော်ပေးတာတွေနဲ့ အသင်းဖော်တွေရဲ့ ဖိနပ်တွေကို ဆေးကြောတဲ့ နေရာတွေမှာ ကူညီမှုတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းတွေကို မန်ယူနိုက်တက်နဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိတဲ့ ဝန်ထမ်းတစ်ဦိးက အခုလိုမျိုး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

မာတာက တကယ့်ကို ထူးရှယ် ကောင်လေးတစ်ယောက်ပါ၊ သူက အဝတ်အစားနဲ့ ပတ်သက်ပြီး တာဝန်ယူထားရတဲ့ ဝန်ထမ်းတွေကို လပေါင်းများစွာ ကူညီပေးခဲ့တဲ့ သူပါ၊ အဝေးကွင်းပွဲစဉ်တွေ ပြီးတဲ့ ဝန်ထမ်းတွေကို လာရောက် ကူညီပေးတတ်ခဲ့တဲ့ သူပါ၊

လူတွေက ကောင်းမွန်တဲ့ အမူအရာတွေလို ပြောကြပေမဲ့ တကယ်တော့ အရိုးသားဆုံးပြောရမယ်ဆိုရင် ဒါက တကယ့်ဘောလုံးသမားကောင်းတစ်ယောက်ရဲ့ အကျင့်စရိုက်မျိုးပါ၊ သူက ဘောလုံးမှာ အကောင်းဆုံးလူ တစ်ယောက်ပဲ လို့ ကျွန်တော်တို့ ပြောကြပါတယ် လို့ ပြောကြားခဲ့ပါတယ်။