မန်ယူအသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ အေဂျက်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ ဦးစားပေးလုပ်ဆောင်နေပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ကလပ်နှစ်သင်းအကြားသဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့လည်း ဘဏ္ဍာရေးအခက်အခဲတွေကြောင့် မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ ရှိနေတာကြောင့် လာမယ့်ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့ဖြစ်မြောက်နိုင်တယ်လို့ ခန့်မှန်းသတင်းတွေထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကလပ်နှစ်သင်းကြား ဆွေးနွေးမှုမှာ အရှိန်မြှင့် လုပ်ဆောင်နေပြီး မကြာခင်မှာပဲ အဖြေတစ်ခုကို တိတိကျကျသိရဖို့ရှိပါတယ်။တစ်ဆက်ထဲမှာပဲ စပိန်ရဲ့ နံမည်ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ ESPN ကတော့ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်အတွက် ယူရိုသန်း-၁၀၀အထိအလိုရှိနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

ဒီဂျောင်ကတော့ ဘာစီလိုနာကနေ မဖြစ်မနေ ထွက်ခွာရတော့မယ် ဆိုတာကို လက်ခံထားပြီး ဆရာဟောင်း တန်ဟက်ဂ်နဲ့ ပြန်လည် ပေါင်းစည်းဖို့ ခေါင်းညိတ်ထားပါတယ်။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု မရမှာကို စိတ်ပူပန်စရာ မလိုတော့ပဲ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ ခပ်မြန်မြန် ဖြစ်လာမလား ၊ ဒါမှမဟုတ် နောက်ကျမလား ဆိုတာဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ ကြားမှာပဲ မူတည်ပါတော့တယ်။

ဖရန်ကီဒီဂျောင်အနေနဲ့ မန်ယူကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် သူအတွက် စောင့်ဆိုနေတဲ့ ကျောနံပါတ် ၄ ခု က အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။ ဒီနံပါတ်တွေကတော့ ၂၁ ၊ ၆ ၊ ၁၆ နဲ့ ၁၈ တို့ပဲ ဖြစ်ပါတယ်။ လက်ရှိနံပါတ် ၂၁ ပိုင်ရှင် ကာဗာနီနဲ့ နံပါတ် ၆ ပိုင်ရှင် ပေါ့ဘာ တို့ဟာ နွေရာသီမှာ အသင်းက ပြောင်း ရွှေ့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ နံပါတ် ၁၈ ကိုဝတ်ဆင်နေတဲ့ ဖာနန်ဒက်စ်က မာတာရဲ့ နံပါတ် ၈ ကို ပြောင်းလဲဝတ်ဆင်မှာ ဖြစ်တာကြောင့် ဒီဂျောင်အနေနဲ့ နံပါတ် ၁၈ကို ရွေးချယ်နိုင်သလို အသင်းရဲ့နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ပေါစခိုးလ်၊ ရွိုင်ကိန်း ၊ ကာရစ် တို့ ဝတ်ဆင်ခဲ့တဲ့ နံပါတ် ၁၆ ကိုလည်း ဝတ်ဆင်နိုင်မယ်လို့ သိရပါတယ်။

သို့ပေမယ့် ဒီဂျောင်ဝတ်ဆင်နိုင်ချေ အရှိဆုံး ကျောနံပါတ်ကတော့ နံပါတ် (၂၁)ဖြစ်ပြီး သူဟာ ဘာစီလိုနာနှင့် နယ်သာလန်အသင်းတွင် ကျောနံပါတ် ၂၁ ကိုသာ စွဲစွဲမြဲမြဲဝတ်ဆင်ကစားလျက်ရှိနေပါတယ်။

အဆိုပါ နံပါတ်အား ဝတ်ဆင်ရခြင်းမှာ ၎င်းရဲ့အသက် ၂၁ နှစ်ပြည့်မွေးနေ့မှာ ကွယ်လွန်သွားသော အဖေဘက်မှ အဖိုးဖြစ်သူ ဟန်းစ်ဒီဂျောင်ကို ဂုဏ်ပြုလိုလိုတဲ့ နံပါတ်ဖြစ်ပြီး အဖိုးဟာ ဒီဂျောင်ရဲ့ပရိသတ်သာမက စစ်မှန်တဲ့ ဘောလုံးပရိသတ်ဖြစ်ကြောင်း ဒီဂျောင်က ပြောကြားဖူးခဲ့ဖူးပါတယ်။

ZAWGYI: မန်ယူအသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ အေဂျက်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ ဦးစားပေးလုပ်ဆောင်နေပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ကလပ်နှစ်သင်းအကြားသဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။