“ကျနော့်မှာ အရမ်းကိုအမှောင်ဆန်တဲ့ဇာတ်လမ်းတွဲတွေ ရှိခဲ့တာပေ့ါ။ ရဲစခန်းကို တကြိမ်ထက်မကရောက်ခဲ့ရတာလေ။” ဘာဆီလိုနာရဲ့ဂျရတ်ပီကေးဟာ မန်ချက်စတာယူနိုက်တက်က ငယ်ရွယ်စဉ်ဘဝအကြောင်းတွေကို ဖွင့်ချပြောပြလာပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဆီကငှားထားတဲ့တိုက်ခန်းကို ယုန်တကောင်က ဘယ်လိုဖျက်ဆီးခဲ့တယ်ဆိုတာတောင် ပါလိုက်သေး။

ဂျရတ်ပီကေးဟာ ၂၀၀၄ကနေ ၂၀၀၈အထိ မန်ချက်စတာယူနိုက်တက်အသင်းသားအဖြစ် ကစားခဲ့တာဖြစ်ပြီး အဲဒီအချိန် လူငယ်ကစားသမားဘဝ ကြုံကြိုက်ခဲ့ရတာတွေကို ပြန်ပြောင်းအောက်မေ့ ဖွင့်ချခဲ့ပါတယ်။ ဘာဆီလိုနာတို့ရဲ့ မှတ်တမ်းအစီအစဉ်သစ်ဖြစ်တဲ့ matchday အတွက် ပီကေးက ဒါတွေကိုပြောပြပေးခဲ့တာပါ။ ၃၂နှစ်သားနောက်တန်းသမားရဲ့ အင်္ဂလန်ကဘဝမှာ ရီစရာဇာတ်လမ်းဇာတ်ကွက်တွေ အများကြီးရှိခဲ့ပါတယ်။

“ဒီမြို့ (မန်ချက်စတာ) မှာ ကျနော်ကိုယ်တိုင်ကြုံခဲ့တဲ့ အရမ်းကိုအမှောင်ဆန်တဲ့ဇာတ်လမ်းတွဲတွေ ရှိခဲ့တာပေ့ါဗျာ။ ရဲစခန်းမှာအဆုံးသတ်ခဲ့ရတာ တကြိမ်မကဘူးလေ။ ဒီအကြောင်းတွေမပြောတာ အကောင်းဆုံးပါလေ။ ဒါက ကျနော် ငယ်တုန်းကဟာတွေပါ။ ကျနော်က အဲဒီမှာရှိနေခဲ့ပြီး အဲဒီတုန်းက ဘာမှမဟုတ်သေးဘူးလေ။”

“မြို့က သူတို့တွေပုံဖော်နေသလောက်လည်း မဆိုးရွားပါဘူး။ ကျနော်ကြားထားသလောက်လည်း မငြိမ်သက်သော်ငြားလည်းပေါ့လေ။” မန်ချက်စတာကလမ်းတွေပေါ်မှာ ပီကေးတယောက် ဒုက္ခပေါင်းစုံဝေနေခဲ့သလို အိမ်မှာနေရတဲ့ဘဝကလည်း သိပ်တော့အဆင်ပြေလှတယ်မဟုတ်ခဲ့ပါဘူး။ ယူနိုက်တက်ရဲ့ဆရာကြီးဖာဂူဆန်ဆီကနေ ငှားနေခဲ့တဲ့တိုက်ခန်းကို သူမွေးထားတဲ့ယုန်လေးက ဘယ်လိုဖျက်ဆီးပစ်ခဲ့တယ်ဆိုတာကို ပီကေးကပြန်ပြောပြပါတယ်။

“ကျနော် ဆာအဲလက်စ်ဆီကနေ အိမ်ငှားနေခဲ့တယ်လေ။ ပြီးတော့ ကျနော်ယုန်တကောင်ဝယ်ခဲ့ပြီး အဲဒီယုန်ကအိမ်ကိုဖျက်ဆီးခဲ့ပါရော။ သူက ခုံတွေအားလုံးကို လိုက်ကိုက်တာကိုက်တာဆိုတာလေ။ အားလုံးကိုကိုက်တာ။ ပြီးတော့ ကျနော်ထွက်ခဲ့တဲ့အချိန်မှာ ဖာဂူဆန်က ကျနော့်ကိုခေါ်ပါရော။ သူက ပေါက်ကွဲနေခဲ့တယ်။”

ပီကေးနဲ့အဖွဲ့က ခရစ်စမတ်ပါတီပြီးနောက် အပြင်မှာ နောက်ကျသည်အထိနေနေခဲ့တာကြောင့် ခုံတလုံးကိုဒေါသတွေပုံချပြီး ပေါက်ကွဲခဲ့တဲ့စကော့ကြီးအတွက် အခြေအနေက ပိုကောင်းမလာခဲ့ပါဘူး။ “ခရစ်စမတ်မတိုင်ခင် ၂ရက်၃ရက်အလိုမှာ အသင်းကကစားသမားတွေအတွက် သီးသန့်ပါတီတခုရှိခဲ့တယ်ဗျ။ ပါတီကလုံးဝအမိုက်စား၊ အမြင့်စားဗျာ။ သူတို့တွေတကယ်ပဲ အကန့်အသတ်မရှိ ဖရီးလွှတ်ပေးထားတာ။ ဒါက တနေ့လုံးချတဲ့ပါတီပဲ။ ကျနော်တို့ လေ့ကျင့်ရေးကနေထွက်ခဲ့တယ်၊ ကားတွေကိုအဲဒီမှာထားခဲ့ပြီး ဘတ်စ်ကားပဲစီးခဲ့တယ်။ ကျနော်တို့ကာစီနိုကိုသွားတယ်။ ပါတီ ပါတီပေါ့။”

“နောက်နေ့ကျတော့ ဆာအဲလက်စ်က ကျနော်တို့ကိုအဝတ်လဲခန်းထဲမှာ စောင့်နေပါလေရော။ ကျနော်တို့တွေ ဆူပူကြိမ်းမောင်းမှုအစစ်ကြီးကိုခံခဲ့ရတာ။ အဲဒီမှာ အလူမီနီယမ်ခုံတလုံးရှိပြီး သူက အဲဒါကိုပိတ်ကန်ရော။ ကံဆိုးစွာနဲ့ပဲ ညို့သကျည်းကြီးနဲ့ကန်မိပါလေရော။ သူ ထော့နဲထော့နဲ့စဖြစ်သွားတာကို ခင်ဗျားမြင်နိုင်တယ်လေ။ သူက သူ့ခြေထောက်သူ ဖျက်ဆီးလိုက်တာပဲ။ ဒါက တကယ့်ကိုပွက်လောရိုက်ပဲ။ အဲဒီကနေစပြီး သူတို့တွေ ခရစ်စမတ်ပါတီကိုရပ်လိုက်ပါလေရောဗျို။”

ZAWGYI: “ကျနော့်မှာ အရမ်းကိုအမှောင်ဆန်တဲ့ဇာတ်လမ်းတွဲတွေ ရှိခဲ့တာပေ့ါ။ ရဲစခန်းကို တကြိမ်ထက်မကရောက်ခဲ့ရတာလေ။” ဘာဆီလိုနာရဲ့ဂျရတ်ပီကေးဟာ မန်ချက်စတာယူနိုက်တက်က ငယ်ရွယ်စဉ်ဘဝအကြောင်းတွေကို ဖွင့်ချပြောပြလာပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဆီကငှားထားတဲ့တိုက်ခန်းကို ယုန်တကောင်က ဘယ်လိုဖျက်ဆီးခဲ့တယ်ဆိုတာတောင် ပါလိုက်သေး။