ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာချင်နေတဲ့ ပေါ်တူဂီ လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒိုကို ခေါ်ယူဖို့ ပေါင် ၁၄သန်းနဲ့ ကမ်းလှမ်းခဲ့ကြောင်း ကောလဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ် ။ အသက် ၃၇နှစ် အရွယ်ရှိ ရော်နယ်ဒို ဟာ လက်ရှိမှာ မန်ယူနိုက်တက်နဲ့ စာချုပ် တနှစ်သာ ကျန်ရှိတော့ပြီး ၊ သန်တုန်းမြန်တုန်း အချိန် လာမယ့် ရာသီသစ်မှာ ချန်ပီယံလိဂ် ကစားခွင့် ရဖို့ကို စိုင်းပြင်းနေပါတယ် ။

လက်ရှိ အချိန်မှာ ၄င်းကို ခေါ်ယူမယ့် အသင်းက လက်ချိုး ရေတွက်လို့ ရလောက်အောင် အထိ နည်းနေပါတယ် ။ ကစားသမား ကိုယ်တိုင်က မန်ယူနိုက်တက်ထံ ထွက်ခွာခွင့် တောင်းဆိုထားပြီး ၊ လောလောဆယ် အချိန် အထိ အသင်းရဲ့ ရာသီကြို ပြင်ဆင်မှုသို့ မပူးပေါင်းထားသလို ၊ ထိုင်းနိုင်ငံသို့ ရာသီကြို ခရီးစဉ်မှာလည်း လိုက်ပါထားခြင်း မရှိပါဘူး ။ ရော်နယ်ဒို အသင်းပြောင်းချင်နေတာ သိပေမယ့် ၊ မန်ယူနိုက်တက် ပရိသတ်တွေကတော့ ၄င်းကို ပရီးမီးယားလိဂ် မဟုတ်တဲ့ အခြား ကလပ် တသင်းသင်းသို့သာ ပြောင်းရွှေ့စေချင်နေကြပါတယ် ။

လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း စတိဗ် မက်မန်နာမန်ကတော့ ရော်နယ်ဒို ဟာ မန်ယူနိုက်တက်နဲ့ ရရှိခဲ့တဲ့ အောင်မြင်မှု အမွေအနှစ်တွေကို ငဲ့ကွက်ပြီး ချဲလ်ဆီးသို့ ပြောင်းရွှေ့မှာ မဟုတ်ကြောင်း Horseracing ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ ထင်ကြေးပေးခဲ့ပါတယ် ။ မက်မန်နာမန် က ” ရော်နယ်ဒိုသာ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ရင် ကျွန်တော် အမှန်တကယ် အံ့သြမိမှာပါ ။ မန်ယူနိုက်တက် မဟုတ်တဲ့ အခြား ပရီးမီးယားလိဂ် ကလပ် တသင်းကို သူ ပြောင်းရွှေ့လိမ့်မယ်လို့ ကျွန်တော် တကယ်ကို မမြင်တာပါ ။ ”

” ဒါဟာ သူ မန်ယူနိုက်တက်မှာ စွမ်းဆောင်ခဲ့တဲ့ အောင်မြင်မှု အမွေအနှစ် အားလုံးကို ဖျက်ဆီးသလို ဖြစ်သွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ချဲလ်ဆီး ဟာ အန်တိုနီယို ရူဒီဂါ ၊ အန်ဒရီယာစ် ခရစ်တန်ဆန်တို့ လစ်လပ်သွားတဲ့ ဗဟို ခံစစ် ၂နေရာ အတွက် နောက်ခံလူအသစ် ရှာပုံတော် ထွက်နေဆဲ ဖြစ်ပြီး ၊ နယ်သာလန် လက်ရွေးစင် ခံစစ်မှူး ၂ဦး ဖြစ်တဲ့ ဒီလစ်နဲ့ နေသန် အကီတို့ဟာ ချဲလ်ဆီးနဲ့ အထူး နီးစပ်နေတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ် ။

မနေ့က နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆို အရ ချဲလ်ဆီး ဟာ နေသန် အကီ အတွက် ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိသွားပြီး ၊ ၄င်းအတွက် ပေါင်သန်း ၄၀ နဲ့ အထက် အလိုရှိနေတဲ့ မန်စီးတီး အသင်းနဲ့သာ ပြောင်းရွှေ့ကြေး ဆက်လက် ညှိနှိုင်းဖို့ ကျန်နေသေးကြောင်း သိရပါတယ် ။ ဒီလစ် အတွက်တော့ ချဲလ်ဆီး ဟာ နောက်မှ ဝင်လာတဲ့ ဘိုင်ယန်မြူးနစ်နဲ့ စီးချင်းထိုးရဦးမှာ ဖြစ်တဲအပြင် ၊ ငွေသားသက်သက် ပေါင်သန်း ၉၀ ၊ ၁၀၀ အထိ အလိုရှိနေတဲ့ ယူဗင်တပ်စ်ကြောင့်လည်း အပြောင်းအရွှေ့ အကောင်အထည် ပေါ်လာဖို့ အတိုင်းအတာ တခု အထိ ဝေးနေဆဲ ဖြစ်ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီးလည်း မက်မန်နာမန် က ” ခင်ဗျား ဟာ ဒီလစ်လို ကစားသမားမျိုး ခေါ်ယူဖို့ အခွင့်အရေး ရလာရင် ခေါ်ဖို့ ကြိုးစားသင့်ပါတယ် ။ ဒါပေမယ့် ခင်ဗျားဟာ သူ့အတွက် ပေါင် ၁၀၃သန်း အထိ စံချိန်တင် ပြောင်းရွှေ့ကြေး ပေးဖို့ အထိတော့ မရူးမိုက်သင့်ပါဘူး ။ ဒါဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကျွန်တော်တို့ သူ့ဆီက မြင်ရတဲ့ ခြေစွမ်းနဲ့လည်း ထိုက်တန်မှု မရှိပါဘူး ။ ”

” အကယ်လို့ ပြောင်းလာချင်တယ်ဆိုရင်တောင် သူဟာ အမှန်တကယ် အရည်အချင်း ရှိတဲ့ ကစားသမား ဖြစ်ကြောင်း သက်သေပြဖို့ ဆန္ဒ ရှိနေရပါမယ် ။ သူ့လို အသက် ၂၂နှစ် အရွယ် ၊ ပင်ကို အရည်အသွေးကောင်း မြောက်မြားစွာ ရှိနေတဲ့ လူငယ် နောက်ခံလူမျိုးက အမြဲတမ်း ရှိမနေတတ်ပါဘူး ။ ဒါကြောင့်လည်း သူ့ကို ဝယ်ယူရ ခက်ခဲနေတာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာချင်နေတဲ့ ပေါ်တူဂီ လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒိုကို ခေါ်ယူဖို့ ပေါင် ၁၄သန်းနဲ့ ကမ်းလှမ်းခဲ့ကြောင်း ကောလဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ် ။ အသက် ၃၇နှစ် အရွယ်ရှိ ရော်နယ်ဒို ဟာ လက်ရှိမှာ မန်ယူနိုက်တက်နဲ့ စာချုပ် တနှစ်သာ ကျန်ရှိတော့ပြီး ၊ သန်တုန်းမြန်တုန်း အချိန် လာမယ့် ရာသီသစ်မှာ ချန်ပီယံလိဂ် ကစားခွင့် ရဖို့ကို စိုင်းပြင်းနေပါတယ် ။