မန်ယူနိုက်တက် ကွင်းလယ်ကစားသမားလေး ဇီဒန်းအစ်ဘယ်ဟာ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ သူ့ရဲ့ခြေစွမ်းဟာ ဘယ်လောက် ကောင်းတယ်ဆိုတာကို ထုတ်ပြထားနိုင်ခဲ့သလို မနေ့က ညနေက ကစားသွားခဲ့တဲ့ မဲဘုန်းဗစ်တိုရီနဲ့ ပွဲမှာလည်း ဒါကို ထပ်မံ ပြသခဲ့ပါတယ်။ ဇီဒန်းဟာ မဲဘုန်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဒုတိယပိုင်း (၄၅)မိနစ်မှာ ဝင်ရောက် ကစားခွင့်ရခဲ့တာ ဖြစ်ပြီး ကွင်းလယ်မှာ တော်တော်လေး တည်ငြိမ်တဲ့ ခြေစွမ်းတွေကို ထုတ်ပြသွားနိုင်ခဲ့တာပါ။

မန်ယူနိုက်တက်တို့အနေနဲ့ မဲဘုန်းဗစ်တိုရီကို (၄-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ရာသီကြို ခြေစမ်းပွဲတွေမှာ ပြီးပြည့်စုံတဲ့ ရလဒ်ကောင်းတွေကို ထပ်မံပြီးတော့ ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ဆိုရမှာတော့မှာပဲ ဖြစ်ပါတယ်။ မန်ယူနိုက်တက်တို့ အနေနဲ့ ပွဲကစားချိန် (၅)မိနစ်မှာ အိမ်ရှင် မဲဘုန်းဗစ်တိုရီအသင်းရဲ့ ဦးဆောင်ခြင်းကိုခံခဲ့ရပေမဲ့ တိုမီနေး၊ မာရှယ်၊ ရက်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ မဲဘုန်းဗစ်တိုရီ ကစားသမားရဲ့ OG ဂိုးတွေကြောင့် ပြတ်သားတဲ့ ရလဒ်တစ်ခုနဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းမှာ အဓိက ကစားသမာ အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ တန်ဟတ်ဟာ လူငယ် ကစားသမား အများစုကိုသာ ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အသက်(၁၉)နှစ်သာ ရှိသေးတဲ့ ဇီဒန်းကတော့ မန်ယူနိုက်တက် ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကလော့ရဲ့ လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ အန်ကယ်တာရာ၊ဖာဘင်ဟိုတို့ ရဲ့ ကွင်းလယ်အတွဲကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပြခဲ့သလိုပဲ မဲဘုန်းနဲ့ ပွဲမှာလည်း ဇီဒန်းရဲ့ ခြေစွမ်းတွေက လိုတာထက်ကိုပိုပြီးတော့ တည်ငြိမ်နေခဲ့တာကို ထပ်မံ တွေ့မြင်ခဲ့ရပါတယ်။

ကွင်းလယ်မှာ အကယ်ဒမီအသင်းက အသင်းဖော် ချာလီဆာဗေ့နဲ့ အတူ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး၊ မဲဘုန်းနဲ့ ပွဲမှာ ဒီလူငယ်လေးနှစ်ယောက်ရဲ့ ကွင်းလယ်အတွဲက ဖရက်ဒ်နဲ့ တိုမီနေး ကွင်းလယ် အတွဲထက်တောင် ပိုတည်ငြိမ်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဇီဒန်းရဲ့ ဒုတိယပိုင်းမှာ မဲဘုန်းဗစ်တိုရီရဲ့ ကစားသမား နှစ်ယောက်ကို ဘောလုံးလှည့်ထွက်ယူပြီး ကျော်ဖြတ်ပြသွားခဲ့တဲ့ အကွက်ကတော့ အခုဆိုရင် မန်ယူနိုက်တက် ပရိသတ်တွေကြားမှာ တော်တော်လေးကို ရေပန်းစားနေတာကိုလည်း တွေ့နေရပါတယ်။

ဇီဒန်းအနေနဲ့ လာမယ့်ရာသီမှာ တန်ဟတ်ရဲ့ ရွေးချယ်စရာ ဖြစ်လာနိုင်တဲ့ ကွင်းလယ်ကစားသမား ဖြစ်လာဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိတော့ ဇီဒန်းဟာ မန်ယူနိုက်တက် စီနီယာ အသင်းကြီးအတွက် (၁)ပွဲသာ ပွဲထွက်ကစားခွင့်ရထားသေးတာ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ရာသီက ယန်းဘွိုင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ပါဝင်ကစားခွင့်ရထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကွင်းလယ်ကစားသမားလေး ဖြစ်တဲ့ ဇီဒန်းဟာ မန်ယူနိုက်တက် ယူ(၂၃)အသင်းမှာ အဓိက ကွင်းလယ်လူ အဖြစ် ကစားလျက် ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တန်ဟတ်လက်ထက်မှာတော့ ဇီဒန်းဟာ မန်ယူနိုက်တက် အသင်းကြီးမှာ ထပ်မံ နေရာ ရလာဖို့ ရှိနေပြီး တန်ဟတ်ကိုယ်တိုင်က ဇီဒန်းကို တော်တော်လေး သဘောကျလျက် ရှိနေတာကို တွေ့ခဲ့ရပါတယ်။ဇီဒန်းကလည်း တန်ဟတ်လက်အောက်မှာ ကစားရတာကို သဘောကျလျက်ရှိနေတာပါ။

ဇီဒန်းက ” နည်းပြက အံ့အားသင့်စရာ ကောင်းပါတယ်၊ သူက ဘောလုံးနဲ့ ပတ်သက်ပြီး သူများနဲ့ မတူညီတဲ့ နည်းဗျူဟာတွေ ကျွန်တော်တို့ကို ပေးပါတယ်၊ကျွန်တော်တို့မှာ ဘာလုပ်ရမယ်ဆိုတဲ့ အတွေးမျိုးတွေ ရှိနေကြပြီးသားပါ ” လို့ တန်ဟတ်ကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဇီဒန်း ပြသထားခဲ့တဲ့ ခြေစွမ်းတွေကြောင့် လာမယ့် ရာသီ မန်ယူနိုက်တက် အသင်းကြီးမှာ နေရာတစ်ခု ရလာဖို့ ရှိနေပြီး၊ တန်ဟတ်အတွက် ရွေးချယ်စရာ ကစားသမားတစ်ယောက် ဖြစ်လာဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက် ကွင်းလယ်ကစားသမားလေး ဇီဒန်းအစ်ဘယ်ဟာ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ သူ့ရဲ့ခြေစွမ်းဟာ ဘယ်လောက် ကောင်းတယ်ဆိုတာကို ထုတ်ပြထားနိုင်ခဲ့သလို မနေ့က ညနေက ကစားသွားခဲ့တဲ့ မဲဘုန်းဗစ်တိုရီနဲ့ ပွဲမှာလည်း ဒါကို ထပ်မံ ပြသခဲ့ပါတယ်။ ဇီဒန်းဟာ မဲဘုန်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဒုတိယပိုင်း (၄၅)မိနစ်မှာ ဝင်ရောက် ကစားခွင့်ရခဲ့တာ ဖြစ်ပြီး ကွင်းလယ်မှာ တော်တော်လေး တည်ငြိမ်တဲ့ ခြေစွမ်းတွေကို ထုတ်ပြသွားနိုင်ခဲ့တာပါ။