မန်ယူနိုက်တက်တို့ (၂၀၁၆)ခုနှစ်တုန်းက ဂျုဗင်တပ် အသင်းထံကနေပြီးတော့ ခေါ်ယူခဲ့တဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ လက်ရှိ နွေရာသီ ဈေးကွက်ထဲမှာတော့ မန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူနိုက်တက်မှာ အဆင်မပြေမှုတွေ များစွာနဲ့ ဖြတ်သန်းလာခဲ့ရပြီးတဲ့နောက် အပြီးသတ် လမ်းခွဲ သွားခဲ့ကြပြီ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ဒီနွေဈေးကွက်ထဲ မန်ယူနိုက်တက်ကနေ ထွက်ခွာတဲ့ ပထမအသင်းကြီး ကစားသမား (၆)ဦးထဲက တစ်ဦး အပါအဝင် ဖြစ်ခဲ့ ပါတယ်။

ပေါ့ဘာဟာ ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်ပေမဲ့လည်း ပေါ့ဘာ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တဲ့ အပေါ်မှာ အသင်းပရိသတ်တွေကြား ဝမ်းနည်းရမယ့် အကြောင်းပြချက်တွေကတော့ ရှိနေဖို့ ရာခိုင်နှုန်း နည်းလှပါတယ်။ ပေါ့ဘာ အပေါ် မန်ယူနိုက်တက် ပရိသတ်တွေကြား မကောင်းတဲ့ အမြင်မျိုးတွေနဲ့သာ ဝေဖန်ခံရလေ့ ရှိသူ ဖြစ်သလို ပေါ့ဘာ ပြောလိုက်တဲ့ စကားလုံး တိုင်းဟာလည်း မန်ယူနိုက်တက် ပရိသတ်တွေ အတွက် ဒေါသထွက်စရာတွေ ဖြစ်နေလေ့ရှိနေတာ ဖြစ်ပါတယ်။

ပေါ့ဘာအနေနဲ့ မန်ယူနိုက်တက်မှာ ရှိနေတဲ့ ကာလတစ်လျှောက် ဂျုဗင်တပ်မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးတွေ ပြသနိုင်ခဲ့ ခြင်းမရှိသလို ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကစားပေးတဲ့ အခါမျိုးမှာလည်း ပေါ့ဘာရဲ့ ခြေစွမ်းတွေက မန်ယူနိုက်တက်မှာ ထက် ပိုပြီးကောင်းနေလေ့ရှိနေတာ ဖြစ်ပါတယ်။ ဒီအချက်တွေဟာလည်း မန်ယူနိုက်တက် ပရိသတ်တွေကြား ပေါ့ဘာကို အမြင်မကြည်စရာ အချက်တွေ အဖြစ် မြင်စေတဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မန်ယူနိုက်တက်ကနေ ထွက်ခွာ အပြီး ပေါ့ဘာပြောကြားခဲ့တဲ့ စကားလုံးတွေကြောင့် မန်ယူနိုက်တက် ပရိသတ်တွေက ပေါ့ဘာကို ပိုပြီးတော့တောင် နာကျင် မုန်းတီးနေကြဦးမယ်ဆိုတာ သေချာနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ပေါ့ဘာက ” ကျွန်တော့် အတွေးကတော့ ကျွန်တော့်ကို စာချုပ်တစ်ခု ကမ်းလှမ်းဖို့ လက်နှေးခဲ့တာက မန်ယူနိုက်တက်တို့ အမှားတစ်ခုလုပ်ခဲ့တယ်ဆိုတာကို သက်သေပြဖို့ပါပဲ၊ ပြီးတော့ သူတို့ ဒီလို ကမ်းလှမ်းမှု မျိုး မလုပ်ခဲ့တာ မှားတယ်ဆိုတာကို အခြား အသင်းတွေပါ မြင်အောင် ပြသဖို့ပါပဲ ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာရဲ့ ပြောကြားချက်ဟာ မန်ယူနိုက်တက် ပရိသတ်တွေကြား တော်တော်လေး ဂယက်ထသွားတဲ့ အထိ ဖြစ်ခဲ့ပြီး ယူနိုက်တက် မှာ (၂)ကြိမ်တိုင်တိုင် ကစားခဲ့ပေမဲ့ ဘယ်တော့မှ မန်ယူနိုက်တက် ကစားသမားလို့ မသက်မှတ်ဘူးလို့တောင် ပရိသတ်တွေက ဆိုနေကြတာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ မန်ယူအသင်းမှာ လစာ ၂သိန်း ၉သောင်းထိ ရရှိနေတာ ဖြစ်ပြီး မန်ယူအသင်းဖက်က တပတ်လစာ ၃သိန်း တခါ၊ ၃သိန်းခွဲနဲ့ တခါ ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့် သူလက်ခံတဲ့ ပမာဏမျိုး မဟုတ်ခဲ့တာကြောင့် အလွတ်နဲ့ စွတ်မှိတ် ထွက်ခွာခဲ့တာ ဖြစ်လို့ ယူနိုက်တက် ပရိတ်သတ်တွေက ပေါ့ဘာရဲ့ ပြောစကားကို အသည်းပေါက်နေကြ ပါတယ်။

မော်ရင်ဟိုလက်ထက်မှာ ကတည်းက ပေါ့ဘာရဲ့ အခြေအနေတွေက စတင်ဆိုးရွားလာနေခဲ့တာ ဖြစ်ပြီး၊ မော်ရင်ဟို ကိုယ်တိုင်က ပေါ့ဘာကို အသင်းကို ဖျက်ဆီးနေတဲ့ ဗိုင်းရပ်စ်တစ်ကောင်ပဲလို့ လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာနဲ့ မော်ရင်ဟိုတို့ကြား အဆင်မပြေမှုတွေကြောင့်ပဲ မော်ရင်ဟိုတစ်ယောက် မန်ယူနိုက်တက်ကနေထွက်ခွာခဲ့ရတာ ဖြစ်တယ်လို့လည်း ဝေဖန်သုံးသပ်သူတွေက ပြောဆိုခဲ့ကြပါတယ်။

မန်ယူနိုက်တက်မှာ (၆)ရာသီကြာကစားခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၂၆) ပွဲ အထိ ပါဝင်ကစားပေးခဲ့ပြီးတော့ သွင်းဂိုး (၃၉) ဂိုး အထိ သွင်းယူပေးထားခဲ့တာ ဖြစ်ပါတယ်။ ဂိုးဖန်တီးမှု အနေနဲ့ (၅၁)ကြိမ် အထိပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဂျုဗင်တပ်ဆီကိုသာ ပြန်လည်ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်းများနေပြီး၊ ပေါ့ဘာနဲ့ မန်ယူနိုက်တက်တို့ရဲ့ လမ်းခွဲဟာ ကတ္တီပါ လမ်းခွဲ တစ်ခု မဟုတ်ခဲ့ဘူးဆိုတာကတော့ လက်ရှိ အခြေအနေတွေက ပြသလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက်တို့ (၂၀၁၆)ခုနှစ်တုန်းက ဂျုဗင်တပ် အသင်းထံကနေပြီးတော့ ခေါ်ယူခဲ့တဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ လက်ရှိ နွေရာသီ ဈေးကွက်ထဲမှာတော့ မန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူနိုက်တက်မှာ အဆင်မပြေမှုတွေ များစွာနဲ့ ဖြတ်သန်းလာခဲ့ရပြီးတဲ့နောက် အပြီးသတ် လမ်းခွဲ သွားခဲ့ကြပြီ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ဒီနွေဈေးကွက်ထဲ မန်ယူနိုက်တက်ကနေ ထွက်ခွာတဲ့ ပထမအသင်းကြီး ကစားသမား (၆)ဦးထဲက တစ်ဦး အပါအဝင် ဖြစ်ခဲ့ ပါတယ်။