လီဗာပူး အသင်းဟာ အင်္ဂလန် နဲ့ အခြား လိဂ်တွေက စိတ်၀င်စားမှုတွေ ပြသလျက် ရှိနေပြီး ကလပ်ကနေ ထွက်ခွာဖို့ အတွက် ဆန္ဒရှိနေတဲ့ ကွင်းလယ်လူ အဲလက်စ် အောက်စလိတ်ချိန်ဘာလိန် အတွက် သက်သာတဲ့ ပြောင်းရွေ့ကြေးကို သတ်မှတ်လိုက်ပါတယ်။ အင်္ဂလန်မှာ အပြောင်းအရွေ့ စျေးကွက်က တရား၀င် ဖွင့်လှစ်နေပြီ ဖြစ်ကာ အန်ဖီးကနေ ပြောင်းရွေ့ဖို့ အတွက် ကစားသမား နဲ့ အေးဂျင့် တို့ဟာ စတင် လှုပ်ရှားနေကြပြီ ဖြစ်ပါတယ်။

ချိန်ဘာလိန်ဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ၀င်လာပြီ ဖြစ်တဲ့ အပြင် လာမည့် ရာသီ လီဗာပူးအသင်းမှာ ကစားခွင့် သိပ်ပြီး များများစားစား ရဖို့လည်း မရှိတာကြောင့် ၎င်းဟာ ဒီနွေရာသီမှာ အန်ဖီးကနေ ထွက်ခွာသွားမယ့် ကစားသမားတွေ ထဲက တစ်ဦး ဖြစ်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် လီဗာပူးဟာ ကလပ်နဲ့ စာချုပ် တစ်နှစ်သာ ကျန်တော့တဲ့ ကစားသမား အတွက် နိမ့်ပါးတဲ့ ပြောင်းရွေ့ကြေးနဲ့ လက်လွှတ်သွားဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းများအရ မာဆေးဆိုက် ကလပ်ဟာ အာဆင်နယ် နဲ့ ဆောက်သမ်တန် ကွင်းလယ်လူဟောင်း အတွက် ပေါင် ၁၀ သန်း ၀န်းကျင်နဲ့ ကမ်းလှမ်းမှုကို ရရင် လက်လွှတ်သွားဖို့ အသင့် ဖြစ်နေတယ်လို့ သိရပြီး လီဗာပူးဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ချိန်ဘာလိန် အတွက် အာဆင်နယ် အသင်းထံ ပေါင် ၃၅ သန်း ပေးချေခဲ့ရတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က အန်ဖီးကို ရောက်လာခဲ့တဲ့ ချိန်ဘာလိန်ဟာ လီဗာပူး ကစားသမား ဘ၀ အစပိုင်းမှာ တောက်ပခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ဒဏ်ရာပြသနာတွေ ပုံစံကောင်း မပြသနိုင်မှုတွေကြောင့် အသင်းရဲ့ ကွင်းလယ်မှာ နေရာရဖို့ ရုန်းကန် ခဲ့ရပါတယ်။

ချိန်ဘာလိန်ဟာ ပြီးခဲ့တဲ့ ဒုတိယ ရာသီ၀က်က ၇ ပွဲသာ ကစားခွင့် ရခဲ့ပြီး လူရွေးချယ်မှု option မှာ ကာတစ်ဂျုံး နဲ့ အယ်လီယော့ တို့လို လူငယ်တွေ နောက်ကိုတောင် ရောက်သွားခဲ့ပါတယ်။ ၀က်ဟမ်း မန်ယူနိုက်တက် အပါအ၀င် ပရီးမီးယားလိဂ် ကလပ် တစ်ချို့နဲ့ နိုင်ငံရပ်ခြား ကလပ် တစ်ချို့က ချိန်ဘာလိန်ကို စိတ်၀င်စားမှု ရှိနေပြီး လီဗာပူး နံပါတ် ၁၅ အနေနဲ့ သတင်းဋ္ဌာန တစ်ချို့က ဖော်ပြနေသလို မန်ယူနိုက်တက် ကို ပြောင်းရွေ့ဖို့ ဆိုတာကတော့ မဖြစ်နိုင်သလောက် ပါပဲ။

လီဗာပူးဟာ နီကိုဝီလီယံ နဲ့ နက်ဖီးလစ် တို့အတွက် ပေါင် ၁၅ သန်း ဆိုတဲ့ ပမာဏကို အလိုရှိနေပြီး ၎င်းတို့ကို ဖူဟမ် ဘုန်းမောက် တို့က အပြီးသတ် ခေါ်ယူသွားရန် ဆန္ဒ ရှိနေပါတယ်။ မီနာမီနို ကလည်း ဒီနွေရာသီမှာ လီဗာပူး ကနေ ထွက်ခွာဖို့ ရှိနေပြီး လိဒ် ဆောက်သမ်တန် ဝုဖ် ဖူဟမ် နဲ့ မိုနာကို တို့က စိတ်၀င်စားနေတဲ့ ဂျပန်လက်ရွေးစင် အတွက် လီဗာပူးဟာ ပေါင် ၁၇ သန်း ၀န်းကျင် ရရှိဖို့ ရည်မှန်းနေပါတယ်။

ZAWGYI: လီဗာပူး အသင်းဟာ အင်္ဂလန် နဲ့ အခြား လိဂ်တွေက စိတ်၀င်စားမှုတွေ ပြသလျက် ရှိနေပြီး ကလပ်ကနေ ထွက်ခွာဖို့ အတွက် ဆန္ဒရှိနေတဲ့ ကွင်းလယ်လူ အဲလက်စ် အောက်စလိတ်ချိန်ဘာလိန် အတွက် သက်သာတဲ့ ပြောင်းရွေ့ကြေးကို သတ်မှတ်လိုက်ပါတယ်။ အင်္ဂလန်မှာ အပြောင်းအရွေ့ စျေးကွက်က တရား၀င် ဖွင့်လှစ်နေပြီ ဖြစ်ကာ အန်ဖီးကနေ ပြောင်းရွေ့ဖို့ အတွက် ကစားသမား နဲ့ အေးဂျင့် တို့ဟာ စတင် လှုပ်ရှားနေကြပြီ ဖြစ်ပါတယ်။