ဘင်ဖီကာအသင်းအနေနဲ့ အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဒါဝင် နူးညက်ဇ်ကို ဒီနှစ်နွေရာသီမှာ ခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၀၀ ပေးမှသာ ဖြစ်နိုင်လိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းကို အသိပေးသွားခဲ့ကြောင်း သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်အနေနဲ့ ဒီနှစ်နွေမှာအသင်းရဲ့ လူစာရင်းကို အကြီးအမားပြောင်းလဲစရာတွေရှိနေပြီး ခံစစ်မှူး ၁ ဦး၊ ကွင်းလယ်ကစားသမား ၂ ဦးနဲ့ တိုက်စစ်မှူး ၁ ဦးတို့ကို ခေါ်ယူပေးဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နူးညက်ဇ်အနေနဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွင်းပြိုင်ပွဲစုံ ၄၁ ပွဲမှာ ချန်ပီယံလိဂ်မှာ သွင်းယူခဲ့တဲ့ ၆ ဂိုးအပြင် ၃၄ ဂိုးအထိ သွင်းယူခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း The Star သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်အနေနဲ့ နူးညက်ဇ်ကို အိုးလ်ထရက်ဖို့ဒ်ဆီ ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၀၀ ပေးမှသာ ရရှိနိုင်မှာဖြစ်ကြောင်း ဘင်ဖီကာအသင်းဘက်က အသိပေးထားတယ်လို့ သိရပါတယ်။

အဆိုပါပြောင်းရွှေ့ကြေးပမာဏကတော့ ဗြိတိန်ဘောလုံးသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးခေါ်ယူမှုအဖြစ် မန်ချက်စတာစီးတီးအသင်းရဲ့ ဂျက်ခ် ဂရီးလစ်ရှ်နဲ့အတူ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အဆိုပါတောင်းဆိုမှုကို လိုက်လျောဖို့အတွက်တော့ ဆန္ဒမရှိဘူးဆိုပေမယ့်လည်း နူးညက်ဇ်ကို စိတ်ဝင်စားနေတဲ့လမ်းကြောင်းကနေ သွေဖယ်သွားမှာမဟုတ်ဘဲ ဘင်ဖီကာအသင်းဘက်ကသာ လက်တွေ့ဆန်တဲ့ တောင်းဆိုမှုတစ်ရပ်နဲ့ ပြောင်းရွှေ့ကြေးတောင်းဆိုလာခဲ့ရင်တော့ လိုက်လျောသွားဖို့ရှိနေကြောင်း သိရပါတယ်။

ယူနိုက်တက်အနေနဲ့ နူးညက်ဇ်ကို ခေါ်ယူဖို့အတွက် လက်လျှော့သွားဦးမှာ မဟုတ်သေးပေမယ့်လည်း ပေါ်တူဂီကလပ်ဘက်က ဥရုဂွေးတိုက်စစ်မှူးအတွက် တောင်းဆိုချက်ကို မလျှော့ပေးသ၍ အခြားတိုက်စစ်ပစ်မှတ်ကစားသမားတွေကိုပဲ ချဉ်းကပ်သွားတော့မှာဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်အနေနဲ့ ဂျာမနီမြေမှာ အခြားပစ်မှတ်ကစားသမားတွေကို ရှာဖွေနေပြီး လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်ကစားသမား ခရစ္စတိုဖာ အန်ကွန်းကူကို ခေါ်ယူဖို့အတွက် လာမယ့်တစ်ပတ်မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။

အဆိုပါကစားသမားကတော့ ရာ့ဖ် ရန်းနစ်ခ်ကိုယ်တိုင် ထောက်ခံပေးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ Sky Sports Germany သတင်းဌာနရဲ့ဖော်ပြချက်အရ အန်ကွန်ကူးရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တန်ဟာ့ဂ်ကို ယူနိုက်တက်ဘက်က ခေါ်ယူဖို့အတွက် ဆွေးနွေးနေစဉ်ကတည်းက သရဲနီတို့နဲ့ အဆက်အသွယ်ရှိနေကြောင်း သိရပါတယ်။ လိုက်ပ်ဇစ်အသင်းအနေနဲ့ ဒီနှစ်နွေမှာ အန်ကွန်းကူကို ရောင်းချဖို့အတွက်တော့ ဆန္ဒမရှိသေးဘဲ ပြင်သစ်လက်ရွေးစင်ကစားသမားကို များပြားတဲ့ စာချုပ်ဖျက်သိမ်းကြေးပါတဲ့ စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းသွားဖို့အတွက် စီစဉ်နေတာဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းအနေနဲ့ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ အဆိုပါပြင်သစ်လက်ရွေးစင်ကစားသမားကို အဆိုပါစာချုပ်နဲ့ အနည်းဆုံးအသင်းမှာ တစ်နှစ်ဆက်ထိန်းထားနိုင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ တိုက်စစ်မှူးလိုအပ်ချက်ရှိနေတာကြောင့် အဆိုပါ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးကို ကမ်းလှမ်းမှု ပြုလုပ်သွားနိုင်ပါတယ်။

ZAWGYI: ဘင်ဖီကာအသင်းအနေနဲ့ အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဒါဝင် နူးညက်ဇ်ကို ဒီနှစ်နွေရာသီမှာ ခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၀၀ ပေးမှသာ ဖြစ်နိုင်လိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းကို အသိပေးသွားခဲ့ကြောင်း သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်အနေနဲ့ ဒီနှစ်နွေမှာအသင်းရဲ့ လူစာရင်းကို အကြီးအမားပြောင်းလဲစရာတွေရှိနေပြီး ခံစစ်မှူး ၁ ဦး၊ ကွင်းလယ်ကစားသမား ၂ ဦးနဲ့ တိုက်စစ်မှူး ၁ ဦးတို့ကို ခေါ်ယူပေးဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။