iNews သတင်းဌာနရဲ့ဖော်ပြချက်အရ နယူးကာဆဲလ်ယူနိုက်တက်အသင်းအနေနဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား ခရစ္စတီယန် အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ဘရန့်ထ်ဖို့ဒ်အသင်းအနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက ကျင်းပခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ရုတ်တရက်နှလုံးခုန်ရပ်တန့်သွားကာ ကွင်းအတွင်း လဲကျသွားခဲ့တာကြောင့် အရေးပေါ်ကုသမှု ခံယူခဲ့ရပြီးနောက် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာခဲ့တဲ့ အဲရစ်ဆင်ကို ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ၆ လစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆင်ကတော့ သူ့အနေနဲ့ ထိပ်တန်းအဆင့်မှာ ကစားနိုင်သေးကြောင်းကို ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ဒုတိယရာသီဝက်အတွင်း ဘရန့်ထ်ဖို့ဒ်အသင်းမှာ အထင်ကြီးစရာစွမ်းဆောင်ရည်တွေနဲ့အတူ လုပ်ပြနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သူ့အသင်းဟောင်း တော့တင်ဟမ်ဟော့စပါးစ်အသင်းတို့ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို ဘရန့်ထ်ဖို့ဒ်အသင်းကလည်း ၁ နှစ်စာချုပ်,ချုပ်လိုနေတာပါ။ အသင်းကို အင်အားတောင့်တင်းအောင် တည်ဆောက်ဆဲကာလမှာ အဲရစ်ဆင်လို ထိပ်တန်းအဆင့် စွမ်းဆောင်ရည်ရှိနေတဲ့ ကစားသမားတစ်ဦးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့်အရေးကို လက်လွှတ်ရအောင် နယူးကာဆဲလ်ဘက်ကလည်း ဦးနှောက်မရှိတဲ့လူတွေ မဟုတ်တာကြောင့် ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ဒိန်းမတ်သားကလည်း ပရီးမီးယားလိဂ်မှာ နှစ်အတန်ကြာ ကစားခဲ့သူတစ်ဦးဖြစ်နေပါတယ်။

The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ နယူးကာဆဲလ်အသင်းအနေနဲ့ ရှာရန် ကလာ့ခ်၊ ဂျက်ဖ် ဟန်းဒရစ်ခ်နဲ့ ဒွိုက်ဂေးလ်တို့ကို ရောင်းချဖို့အတွက် အခက်တွေ့နေရပြီး အသင်းရဲ့မန်နေဂျာ အက်ဒီဟောင်းကတော့ အဆိုပါကစားသမား ၃ ယောက်စလုံးကို အရောင်းစာရင်းတင်ကာ ပိုကောင်းတဲ့ ကစားသမားတွေနဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်လိုနေတာဖြစ်ကြောင်း သိရပါတယ်။ ကလာ့ခ်နဲ့ ဟန်းဒရစ်ခ်တို့အနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက နယူးကာဆဲလ်အသင်းရဲ့ ပရီးမီးယားလိဂ်အတွက် ပြိုင်ပွဲဝင်ကစားသမား ၂၅ ယောက်စာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ကျူပီအာရ်အသင်းကို အငှါးနဲ့ ပြောင်းရွှေ့ကစားခဲ့ရတာဖြစ်ပါတယ်။

နယူးကာဆဲလ်အသင်းရဲ့ ဘောလုံးဒါရိုက်တာ ဒန် အက်ရှ်ဝေါ့သ်အနေနဲ့ မလိုချင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ကာ လစာငွေနေရာလွတ်ဖန်တီးဖို့အတွက် ရင်ဆိုင်နေ ရပြီး အသင်းကလည်း ဒီနှစ်နွေမှာ ကစားသမားအင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘရာဇီးလ်သတင်းဌာန UOLEsporte သတင်းဌာနကတော့ နယူးကာဆဲလ်ယူနိုက်တက်အသင်းအနေနဲ့ ပေါ်တိုအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ပေပေကို ခေါ်ယူလိုနေကြောင်း အခိုင်အမာဆိုသွားခဲ့ပြီး အသက် ၂၂ နှစ်အရွယ် ကစားသမားအနေနဲ့ ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းကနေ ပေါင် ၁၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း အထင်ကြီးစရာစွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါတောင်ပံကစားသမားကတော့ နယူးကာဆဲလ်ယူနိုက်တက်အသင်းအနေနဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား မူဆာ ဒီယာဘီကို စိတ်ဝင်တစားရှိနေတဲ့ကြားက ဦးစားပေးကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး ဘရာဇီးလ် ယူ-၂၃ အသင်းအတွက် ၆ ပွဲကစား ၃ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆဲလ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းကမှ ဘရာဇီးလ်သားတစ်ဦးဖြစ်တဲ့ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူထားနိုင်ခဲ့ပြီး အဆိုပါကွင်းလယ်လူကလည်း အသင်းကို ရောက်လာကတည်းက ခြေစွမ်းပြနေတာကြောင့် အသင်းပရိသတ်တွေကလည်း နောက်ထပ်ဘရာဇီးလ်သားတစ်ဦးကို ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေကြပြီဖြစ်ပါတယ်။

ZAWGYI: iNews သတင်းဌာနရဲ့ဖော်ပြချက်အရ နယူးကာဆဲလ်ယူနိုက်တက်အသင်းအနေနဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား ခရစ္စတီယန် အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ဘရန့်ထ်ဖို့ဒ်အသင်းအနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက ကျင်းပခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ရုတ်တရက်နှလုံးခုန်ရပ်တန့်သွားကာ ကွင်းအတွင်း လဲကျသွားခဲ့တာကြောင့် အရေးပေါ်ကုသမှု ခံယူခဲ့ရပြီးနောက် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာခဲ့တဲ့ အဲရစ်ဆင်ကို ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ၆ လစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။