ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ အိုင်းယက်စ်ကြယ်ပွင့် အန်တိုနီကို အသင်းရဲ့ကစားသမား စတီဗန် ဘာ့ဂ်ဗိုင်းကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုကာ ခေါ်ယူသွားနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားအနေနဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက ဆာအို ပါအူလိုအသင်းကနေ အိုင်းယက်စ်အသင်းကို ပြောင်းရွှေ့လာကတည်းက အထင်ကြီးစရာ စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်လည်း ၉ ပွဲကစားပြီးချိန်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မကြာသေးမီကအထိ အိုင်းယက်စ်အသင်းကို ကိုင်တွယ်ခဲ့တုန်းက အန်တိုနီနဲ့ လက်တွဲခဲ့ဖူးတဲ့ လက်ရှိယူနိုက်တက်မန်နေဂျာ အဲရစ် တန်ဟာ့ဂ်ကတော့ သူ့ကို အိုးလ်ထရက်ဖို့ဒ်ဆီ ခေါ်ဆောင်ဖို့ စိတ်အားထက်သန်နေပြီး ပြောင်းရွှေ့ကြေးယူရို ၄၅ သန်း(ပေါင် ၃၈.၄ သန်း)နဲ့တောင် ကမ်းလှမ်းမှုပြုလုပ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိတော့ ဘာသဘောတူညီမှုမှ မရရှိသေးဘဲ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပြိုင်ပွဲစုံ ၃၃ ပွဲအတွင်း ၁၂ ဂိုးသွင်းကာ ၁၀ ဂိုးဖန်တီးထားနိုင်ခဲ့တဲ့ ဘရာဇီးလ်သားကို ခေါ်ယူနိုင်မယ်လို့ စပါးစ်အသင်းဘက်က မျှော်လင့်နေတာဖြစ်ပါတယ်။

အိုင်းယက်စ်အသင်းဘက်ကလည်း နယ်သာလန်လက်ရွေးစင်တောင်ပံတိုက်စစ်မှူးဖြစ်တဲ့ ဘာ့ဂ်ဗိုင်းကို ဒတ်ချ်အမှတ်ပေးလိဂ်ဆီ ပြန်လည်ခေါ်ယူလိုနေတာဖြစ်ပြီး ပီအက်စ်ဗွီတိုက်စစ်ကစားသမားဟောင်းအတွက် အိုင်းယက်စ်အသင်းနဲ့ စပါးစ်အသင်းတို့ကြား ဆွေးနွေးမှုတွေ ရှိနေတာပါ။ စပါးစ်အသင်းဘက်ကလည်း ဘာ့ဂ်ဗိုင်းကို ပျော်ပျော်ကြီးလက်လွှတ်သွားဖို့ရှိနေပြီး The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် စပါးစ်အသင်းဘက်က အန်တိုနီကို မြောက်လန်ဒန်ကို ခေါ်ယူဖို့အတွက် ဒတ်ချ်တိုက်စစ်ကစားသမားကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအထိတောင် အသုံးပြုလိုနေကြောင်း သိရပါတယ်။

ဘာ့ဂ်ဗိုင်းအနေနဲ့ စပါးစ်အသင်းအတွက် အမှတ်ရနေစရာ အခိုက်အတန့်အချို့ကို ဖန်တီးခဲ့တယ်ဆိုပေမယ့်လည်း ပထမပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်နိုင်ဖို့အတွက် ရုန်းကန်နေရပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကတည်းက အသင်းကို ရောက်ရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ် ၆၀ သာ ကစားနိုင်ခဲ့သလို အဆိုပါပွဲစဉ်တွေထဲမှာ ၂၅ ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

အန်တိုနီအတွက် အိုင်းယက်စ်နဲ့ ပရီးမီးယားလိဂ်ကလပ် ၂ သင်း(ယူနိုက်တက်နဲ့ စပါးစ်)တို့အကြား ဆွေးနွေးမှုတွေက ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် အန်တိုနီကလည်း သူ့ဆရာဟောင်းနဲ့အတူ ယူရိုပါလိဂ်မှာ ကစားမှာလား? ကစားသမားတွေဆီက ပိုကောင်းတဲ့အရာကို အမြဲလိုချင်နေတဲ့ အန်တိုနီယို ကွန်တီရဲ့ လက်အောက်မှာ ချန်ပီယံလိဂ်ကစားမှာလားဆိုတာတော့ မဆုံးဖြတ်ရသေးတာဖြစ်ပါတယ်။

ZAWGYI: ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ အိုင်းယက်စ်ကြယ်ပွင့် အန်တိုနီကို အသင်းရဲ့ကစားသမား စတီဗန် ဘာ့ဂ်ဗိုင်းကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုကာ ခေါ်ယူသွားနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားအနေနဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက ဆာအို ပါအူလိုအသင်းကနေ အိုင်းယက်စ်အသင်းကို ပြောင်းရွှေ့လာကတည်းက အထင်ကြီးစရာ စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်လည်း ၉ ပွဲကစားပြီးချိန်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။