ပေါ်တူဂီ သတင်းစာကြီး ဖြစ်တဲ့ Record က လီဗာပူး ဟာ ဘင်ဖီကာ တိုက်စစ်မှုး ဒါဝင် နူနက် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း 100 နဲ့ ကမ်းလှမ်းလိုက်တဲ့ အကြောင်း ဒီမနက်မှာ ဖော်ပြလိုက်ပါတယ်။ ဥရုဂွေး တိုက်စစ်မှုးဟာ ကလော့ပ် စိတ်ကြိုက် တိုက်စစ် ကစားသမား တစ်ယောက် ဖြစ်တယ်လို့ သတင်းကြီးနေသူ ဖြစ်ပြီး ၊ လီဗာပူး က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အကြောင်းကို ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ The Times သတင်းထောက် Paul Joyce က အတည်ပြုခဲ့ ပါတယ်။

လီဗာပူး ဟာ လက်ရှိမှာ သူတို့ ရဲ့ တောင်ပံ ကစားသမား ဖြစ်သူ ဆာဒီယို မာနေး ကို လက်လွှတ်ရဖို့ သေချာ သလောက် ဖြစ်နေပါတယ်။ ကစားသမား ဟာ ဘိုင်ယန် မြူးနစ် ကို ပြောင်းရွှေ့ ကစားဖို့ 3 နှစ် စာချုပ် နဲ့ အကြို သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်ပြီး ၊ ကလပ် အသင်း နှစ်ခု အကြား ပြောင်းရွှေ့ကြေး ပမာဏ ကို ဆွေးနွေး ညှိနှိုင်းလျှက် ရှိနေပါတယ်။ ဘွန်ဒက်လီဂါ ချန်ပီယံဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက မာနေး အတွက် ယူရို 25 သန်း + စွမ်းဆောင်မှုပိုင်း ဆိုင်ရာ နောက်ထပ် ပေးချေမှု ယူရို 5 သန်း နဲ့ ကမ်းလှမ်းခဲ့ပြီး ၊ လီဗာပူး ဘက်က ချက်ခြင်း ပယ်ချခဲ့ပါတယ်။ တစ်ဖက်မှာ လီဝန်ဒေါ့စကီး ကိုယ်တိုင်က ဘိုင်ယန် မှာ ကစားဖို့ ဆန္ဒမရှိတော့ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောဆိုနေတာကြောင့် ၊ အဲဒီနေရာကို အစားထိုးဖို့ မဖြစ်မနေ လုပ်ဆောင်ရတော့မှာပါ။

တစ်ချိန်တည်းမှာ မာနေး ရဲ့ အပြောင်းအရွှေ့ ကိစ္စကို အချိန်ဆွဲပြီး လုပ်ဆောင်မယ် ဆိုပါက အခြား ကလပ်အသင်းကြီးတွေ ဝင်ရောက်လာနိုင်တာမို့ ၊ ဘိုင်ယန် ဟာ အချိန်ဆွဲ မနေပဲ မကြာခင် ရက်ပိုင်း အတွင်းမှာ အင်္ဂလန် ကို လာရောက်ကာ လီဗာပူး က လူတွေ နဲ့ မျက်နှာခြင်းဆိုင် ဆွေးနွေးကြဖွယ် ရှိနေပါတယ်။ အန်ဖီးလ် ကလပ်ဖက်ကတော့ ယူရို သန်း 50 အထိကို လိုချင်နေတာပါ။ ကလော့ပ် ဟာ မာနေး ရဲ့ နေရာအတွက် တောင်ပံ တိုက်စစ် ကစားသမားမျိုးကို ပြန်လည် အားဖြည့်ဖို့ထက် ၊ နောက်ထပ် ပုံဖော်မှုတွေ လုပ်ဆောင်ချင်တာကြောင့် မြှားဦး တိုက်စစ်မှာ ကစားနိုင်တဲ့ ဘောလုံးသမားမျိုးကိုပဲ ပိုပြီး အလိုရှိနေပါတယ်။

ဒါကြောင့် ဒါဝင် နူနက် က သူ့ရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်လာခဲ့ပြီး ၊ တရားဝင် ကမ်းလှမ်းမှု တကယ် လုပ်ဆောင်ခဲ့တာလား ဆိုတာတော့ အင်္ဂလန် မီဒီယာတွေ ရဲ့ ရေးသားမှုတွေကို စောင့်ဆိုင်းပြီးမှ ယုံကြည်ရဖွယ် ရှိနေပါတယ်။ သို့သော် နူနက် ရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်တွေကို ကိုယ်တိုင် မြင်ထားပြီးသား ဖြစ်တာကြောင့် ၊ မာနေး နေရာ အစားထိုးချင်တယ် ဆိုတာတော့ သံသယ ဖြစ်စရာ မလိုပါဘူး။ လီဗာပူး ဟာ မို ဆာလာ လို ဘောလုံးသမားမျိုးကိုတောင် စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစားချင့်ချိန်နေတဲ့ ကလပ်မျိုး ဖြစ်တာကြောင့် ၊ တိုက်စစ်မှုး တစ်ယောက် အတွက် ယူရို သန်း 100 အထိ သုံးစွဲ ပါ့မလား ဆိုတာလဲ စဉ်းစားကြည့်ဖို့ ကောင်းနေပါတယ်။

ယခင်က ဗန်ဒိုက် ၊ အလီဆွန် တို့ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ နဲ့ ခေါ်ယူခဲ့သည့်တိုင်အောင် ၊ အဲဒီ အချိန်က ကော်တင်ဟို ကို ရောင်းချမှုကနေ ဝင်ငွေ အမြှောက်အများပြန်ရခဲ့လို့ သုံးစွဲခဲ့ဟန်တူပါတယ်။ သို့သော်လဲ နောက်ပိုင်းနှစ်တွေ မှာ လီဗာပူး ရဲ့ ကစားသမား အသုံးစာရိတ်က ပြောသလောက်ကြီး မများတာကြောင့် ၊ တကယ်လိုအပ်မယ်ထင်ရင် ခေါ်ယူမှုတွေ ပြုလုပ်နိုင်တာတော့ သတိထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဖလား 4 လုံး လမ်းကြောင်းပေါ်ကို လျှောက်လှမ်းခဲ့ပြီး နောက်ပိုင်း ၊ အသင်းရဲ့ ကစားသမား လိုအပ်ချက်တွေ ပိုမို ပေါ်လွင်လာတာကြောင့် FSG ဘက်က လိုလိုချင်ချင် နဲ့ ဖြည့်တင်းပေးမလား ဆိုတာ နားစွင့်ကြည့်ရတော့မှာပါ။

ZAWGYI: ပေါ်တူဂီ သတင်းစာကြီး ဖြစ်တဲ့ Record က လီဗာပူး ဟာ ဘင်ဖီကာ တိုက်စစ်မှုး ဒါဝင် နူနက် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း 100 နဲ့ ကမ်းလှမ်းလိုက်တဲ့ အကြောင်း ဒီမနက်မှာ ဖော်ပြလိုက်ပါတယ်။ ဥရုဂွေး တိုက်စစ်မှုးဟာ ကလော့ပ် စိတ်ကြိုက် တိုက်စစ် ကစားသမား တစ်ယောက် ဖြစ်တယ်လို့ သတင်းကြီးနေသူ ဖြစ်ပြီး ၊ လီဗာပူး က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အကြောင်းကို ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ The Times သတင်းထောက် Paul Joyce က အတည်ပြုခဲ့ ပါတယ်။