လတ်တလောထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီယွန်းကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့ပြန်ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေကြောင်း သိရပါတယ်။ စီးတီးတို့အနေနဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွက် ထိပ်တန်းပစ်မှတ်ကစားသမားအဖြစ် အာလင်း ဟော်လန်းကို ပစ်မှတ်ထားပြီးဖြစ်ပြီး ဒေါ့မွန်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ပက်ပ် ဂွါဒီယိုလာအနေနဲ့ အသင်းရဲ့ကွင်းလယ်ကစားသမားအင်အားကိုလည်း ဒီနှစ်နွေမှာ ထပ်မံအားဖြည့်လိုနေတာလည်းဖြစ်ပါတယ်။ The Times သတင်းဌာနရဲ့ဖော်ပြချက်အရ ဒီယွန်းအနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့ လက်ရှိဘောလုံးရာသီအကုန်မှာ စီးတီးကနေ ထွက်ခွါမှာဖြစ်တဲ့ ဝါရင့်ကွင်းလယ်ကစားသမား ဖာနန်ဒင်ညိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ဦးစားပေးပစ်မှတ်ကစားသမားအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

အဆိုပါဖော်ပြချက်အရ ဘာစီလိုနာအသင်းအနေနဲ့ အသင်းရဲ့ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ဒီယွန်းကို ရောင်းချဖို့အတွက် တံခါးဖွင့်ထားမှာဖြစ်ကြောင်း သိရပြီး နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ဆိုရင် ပေါင်သန်း ၆၀ က လုံလောက်တဲ့ ပမာဏဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်အနေနဲ့ အသင်းကို လာမယ့်နွေမှာ ကိုင်တွယ်တော့မယ့် မန်နေဂျာ အဲရစ် တန်ဟာ့ဂ်ရဲ့လက်အောက် အိုင်းယက်စ်အသင်းမှာ ၂ ရာသီကြာ ကစားခဲ့ဖူးတဲ့ ဒီယွန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့မန်နေဂျာ ဂျာဗီ ဟာနန်ဒက်ဇ်ကတော့ ဒီယွန်းအနေနဲ့ ဘာစီလိုနာအသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်နေဆဲဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ ဒီယွန်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လ ဗယ်လက်ကာနိုနဲ့ ပွဲစဉ်အပြီးမှာ ဂျာဗီက “ဒီယွန်းအနေနဲ့ ခြားနားမှုတွေကို ဖန်တီးပေးနိုင်တဲ့ ကစားသမားဖြစ်ရမှာ။ ပြီးတော့ သူ့အနေနဲ့ လုပ်နိုင်တယ်”လို့ ပြောလာခဲ့ပါတယ်။ ဆက်လက်ပြီး သူက “သူ့မှာရှိတဲ့အရည်အသွေးမျိုးနဲ့ ကစားသမားတွေက ကမ္ဘာပေါ်မှာ များများစားစားမရှိပါဘူး။ သူက ပစ္စုပ္ပန်နဲ့ အနာဂတ်ပါပဲ။

သူက ကျွန်တော့်အတွက်တော့ အရမ်းအရေးကြီးတဲ့ ကစားသမားတစ်ယောက်ပါပဲ။ သူက စွမ်းတယ်၊ သန်မာတယ်၊ တစ်ဖက်အသင်းဂိုးဧရိယာထဲကို ရောက်သွားနိုင်တယ်။ သူ့မှာ ကောင်းမွန်တဲ့ ပွဲစဉ်တွေရှိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ တည်ငြိမ်မှုရှိဖို့တော့ လိုအပ်ပါတယ်။ ဒီတစ်ပတ်မှာ မျက်နှာချင်းဆိုင် စကားပြောခဲ့ပြီး အဆင်ပြေသွားခဲ့ပါတယ်။ လူစားလဲခံရတာက သူ့အတွက် စိတ်ပျက်စရာဖြစ်နေမယ်ဆိုတာ မြင်သာပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်အနေနဲ့ အသင်းဘက်ကိုလည်း ကြည့်မှရမယ်”လို့ ပြောသွားခဲ့ပါတယ်။

ZAWGYI: လတ်တလောထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီယွန်းကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့ပြန်ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေကြောင်း သိရပါတယ်။ စီးတီးတို့အနေနဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွက် ထိပ်တန်းပစ်မှတ်ကစားသမားအဖြစ် အာလင်း ဟော်လန်းကို ပစ်မှတ်ထားပြီးဖြစ်ပြီး ဒေါ့မွန်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေပြီ ဖြစ်ပါတယ်။