မန်ချက်စတာယူနိုက်တက်ရဲ့ ကာလရှည်ပစ်မှတ်တစ်ခုဖြစ်တဲ့ ပါအူတောရက်စ်ကတော့ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ အလားအလာ ရှိမရှိမေးမြန်းရာမှာတော့ ယူနိုက်တက်ဆီကနေ “ကမ်းလှမ်းမှု တစ်ခုမှမရပါဘူး”လို့ ဖွင့်ဟခဲ့ပြီး သူ့ဆီရောက်လာတဲ့ တစ်ခုတည်းသော ကမ်းလှမ်းမှုကတော့ လက်ရှိကလပ် ဗီလာရီးရဲလ်ရဲ့ ကမ်းလှမ်းမှုပဲ ရှိကြောင်း ပြောသွားခဲ့ပါတယ်။

၂၅ နှစ်အရွယ် ခံစစ်မှူးဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သတင်းကြီးခဲ့သူဖြစ်ပြီး ယူနိုက်တက်နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားရဲ့ ပစ်မှတ်တစ်ခုလည်း ဖြစ်ပါတယ်။ နည်းပြအဲရစ်တန်ဟတ်ကလည်း စပိန်လက်ရွေးစင်ကို နှစ်သူဖြစ်ပြီး အေဂျက်စ်ကနေ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့ပြီးနောက် သူပြန်လည်တည်ဆောက်မယ့် အသင်းသစ်မှာ ဗဟိုခံစစ်ကစားသမားတွေကို အဓိကထား ပြင်ဆင်ဖို့လည်း ကြိုးစားနေပါတယ်။

ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုက ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်ကလပ်ဘက်ကနေ လှုပ်ရှားမှုတစ်စုံတစ်ရာ မပြုလုပ်ခဲ့သလို ကမ်းလှမ်းမှုတစ်ကြိမ်တစ်ခါတောင် မရှိသေးပါဘူးလို့ တောရက်စ်ကိုယ်တိုင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ခံစစ်မှူးအတွက်ကတော့ လက်ရှိကလပ် ဗီလာရီးရဲလ်ကနေ ထွက်ခွာဖို့ရော၊ ဆက်နေဖို့ပါ ဘာဖိအားမှ မရှိပါဘူး။

ပါအူတောရက်စ်က “နှစ်တိုင်းလိုလို သတင်းတွေသာ စုံနေအောင်ထွက်တာ၊ အခုချိန်ထိ ဘာကမ်းလှမ်းမှုမှ မရှိပါဘူး။ ကျွန်တော်က အေးဆေးပါပဲ၊ ကျွန်တော့်ကို လိုချင်တဲ့အသင်းအတွက်ပဲ ကျွန်တော်ကစားမှာပါ။ အခု ကျွန်တော့်ကို ကမ်းလှမ်းထားတဲ့ အသင်းရဲ့ ကမ်းလှမ်းမှုက အကောင်းဘက်က များပါတယ်။ အခုချိန်ထိတော့ တခြားကမ်းလှမ်းမှုတွေ မရှိသေးပါဘူး။ တစ်သင်းတည်းသော အသင်းကလည်း ဗီလာရီးရဲလ်ပါ။ အဲ့ဒါကြောင့် အခုကျွန်တော် အေးအေးဆေးဆေးပါပဲ”လို့ AS သတင်းစာကို ပြောခဲ့ပါတယ်။

တောရက်စ်နဲ့ ဗီလာရီးရဲလ်အသင်းရဲ့ စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၅ သန်း ပါရှိနေသော်လည်း စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်တော့တဲ့ ကစားသမားကို ခေါ်ယူနိုင်ဖို့ ပေါင်သန်း ၄၀ ကနေ ၄၅ သန်းအတွင်း ကမ်းလှမ်းရုံနဲ့ ခေါ်ယူဖို့ ဖြစ်နိုင်ပါတယ်။ စပိန်သားဟာ ဗီလာရီးရဲလ်အသင်းမှာ လွန်ခဲ့တဲ့ ၃ ရာသီအတွင်း မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီအတွင်းမှာလည်း ပြိုင်ပွဲစုံ ၄၇ ပွဲကစား ၆ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်ရဲ့ ကာလရှည်ပစ်မှတ်တစ်ခုဖြစ်တဲ့ ပါအူတောရက်စ်ကတော့ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ အလားအလာ ရှိမရှိမေးမြန်းရာမှာတော့ ယူနိုက်တက်ဆီကနေ “ကမ်းလှမ်းမှု တစ်ခုမှမရပါဘူး”လို့ ဖွင့်ဟခဲ့ပြီး သူ့ဆီရောက်လာတဲ့ တစ်ခုတည်းသော ကမ်းလှမ်းမှုကတော့ လက်ရှိကလပ် ဗီလာရီးရဲလ်ရဲ့ ကမ်းလှမ်းမှုပဲ ရှိကြောင်း ပြောသွားခဲ့ပါတယ်။