ယူနိုက်တက်နောက်ခံလူ ဗာရာနီက အသင်းမှာ ပထမရာသီဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပေမယ့် တန်ဟက်က အသင်းကို ပြန်လည်မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဗာရာနီဟာ တနလာၤနေ့တုနျးက ယူနိုက်တက်အတွက် နောက်ဆုံးအိမ်ကွင်းပွဲမှာ ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမရာသီနဲ့ပတ်သက်ပြီး စိတ်ပျက်မိတဲ့အကြောင်းကိုတော့ ကွယ်ဝှက်မထားခဲ့တာဖြစ်ပါတယ်။

ဗာရာနီဟာ ရီးရဲလ်အသင်းကနေ ပြောင်းလာပြီး လိဒ်ယူနိုက်တက်ကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမတိုင်ခင်က ကွင်းထဲမှာ ချီးကျုးခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ လက်ကျန် ၂ ပွဲကစားဖို့သာ ကျန်တော့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ထက် ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်သာ ရှိတော့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ဗာရာနီက သူမျှော်လင့်ခဲ့တာက ဒီအရာမျိုးမဟုတ်ပေမယ့် တန်ဟက်ရောက်လာမှုက အသင်းကို ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူနဲ့အလုပ်အတူတူလုပ်ရမှာကို စိတ်လှုပ်ရှားနေမိပါတယ်။ ချန်ပီယံလိဂ်မှာ သူ့အသင်းနဲ့ ပြိုင်ဘက်အဖြစ် ကစားခဲ့ပါတယ်။ သူတို့ ကစားတာ အရမ်းကောင်းပါတယ်။ သူနဲ့ အလုပ်အတူတူတွဲလုပ်ချင်နေပါပြီ။ သူ့မှာ အတွေ့အကြုံကောင်းတွေရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ဒီအသင်းနဲ့ အလုပ်လုပ်လို့ကောင်းမယ့်သူပါ။ ပထမရာသီကိုတော့ စိတ်ပျက်မိပါတယ်။”

“ရလဒ်က ကျွန်တော်လိုချင်တာတော့ မဟုတ်ပေမယ့် အကောင်းမြင်နေဆဲဖြစ်ပြီး လာမယ့်ရာသီမှာ အခုထက်ပိုကောင်းအောင်လုပ်ဖို့ တွေးထားပါတယ်။ ကျွန်တော်က အမြဲတမ်းအကောင်းမြင်သမားပါ။ ရာသီကြိုမှာ ရာသီသစ်အတွက် အကောင်းဆုံးပြင်ဆင်ပြီး ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်သွားမှာပါ။ အဲ့တာက အသင်းရဲ့ရည်မှန်းချက်ပါလို့ ဗာရာနီက ပြောကြားခဲ့ပါတယ်။ ပထမအချက်က ကျွန်တော်ကာကွယ်ပြီး အသင်းကို ကူညီပေးရမှာပါ။”

“အသင်းကို သွင်းဂိုးနဲ့ ကူညီနိုင်တာက တကယ်ကောင်းပါတယ်။ အဲ့ခံစားချက်က ယူနိုက်တက်ကစားသမားတစ်ဦးအတွက် တကယ်ကောင်းပါတယ်။ ကျွန်တော် ပရီးမီးယားလိဂ်မှာ ကစားရလို့ အရမ်းပျော်ပါတယ်။ ပြီးတော့ အတွေ့အကြုံလည်းရပါတယ်။ ဒီရာသီပြီးဆုံးဖို့ လိုအပ်ပြီး အသင်းပရိသတ်တွေ အတွက် အကောင်းဆုံး စွမ်းဆောင်ပေးဖို့ လိုအပ်ပါတယ်လို့ ဗာရာနီက ပြောကြားခဲ့ပါတယ်။

ZAWGYI: ယူနိုက်တက်နောက်ခံလူ ဗာရာနီက အသင်းမှာ ပထမရာသီဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပေမယ့် တန်ဟက်က အသင်းကို ပြန်လည်မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဗာရာနီဟာ တနလာၤနေ့တုနျးက ယူနိုက်တက်အတွက် နောက်ဆုံးအိမ်ကွင်းပွဲမှာ ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမရာသီနဲ့ပတ်သက်ပြီး စိတ်ပျက်မိတဲ့အကြောင်းကိုတော့ ကွယ်ဝှက်မထားခဲ့တာဖြစ်ပါတယ်။

ဗာရာနီဟာ ရီးရဲလ်အသင်းကနေ ပြောင်းလာပြီး လိဒ်ယူနိုက်တက်ကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမတိုင်ခင်က ကွင်းထဲမှာ ချီးကျုးခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ လက်ကျန် ၂ ပွဲကစားဖို့သာ ကျန်တော့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ထက် ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်သာ ရှိတော့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ဗာရာနီက သူမျှော်လင့်ခဲ့တာက ဒီအရာမျိုးမဟုတ်ပေမယ့် တန်ဟက်ရောက်လာမှုက အသင်းကို ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ကျွန်တော် သူနဲ့အလုပ်အတူတူလုပ်ရမှာကို စိတ်လှုပ်ရှားနေမိပါတယ်။ ချန်ပီယံလိဂ်မှာ သူ့အသင်းနဲ့ ပြိုင်ဘက်အဖြစ် ကစားခဲ့ပါတယ်။ သူတို့ ကစားတာ အရမ်းကောင်းပါတယ်။ သူနဲ့ အလုပ်အတူတူတွဲလုပ်ချင်နေပါပြီ။ သူ့မှာ အတွေ့အကြုံကောင်းတွေရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ဒီအသင်းနဲ့ အလုပ်လုပ်လို့ကောင်းမယ့်သူပါ။ ပထမရာသီကိုတော့ စိတ်ပျက်မိပါတယ်။”