စပိန်လာလီဂါအင်အားကြီးကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား အလီယန်ဒရို ဂါနာချိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး အာဂျင်တိုင်းသားလေးရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အာဂျင်တိုင်းလူငယ်ကြယ်ပွင့်ကစားသမား ဂါနာချိုကို အနီးကပ်စောင့်ကြည့်နေကြောင်း Defensa Central သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပြီး အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ ကြယ်ပွင့်ကစားသမားအနေနဲ့ ယူနိုက်တက်မှာ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူပါ။

မက်ဒရစ်မြို့မှာမွေးဖွားခဲ့တဲ့ မက်ဒရစ်သားဖြစ်ပေမယ့် ဂါနာချိုကတော့ သူ့ရဲ့လူငယ်ကစားသမားဘဝကို ရီးရဲလ်မက်ဒရစ်အသင်းမှာ ဖြတ်သန်းခဲ့တာမဟုတ်ဘဲ မြို့ခံပြိုင်ဘက် အသက်လက်တီကို မက်ဒရစ်အသင်းမှာ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားလူငယ်ကြယ်ပွင့်ကစားသမားအနေနဲ့ ယူနိုက်တက် ယူ-၁၈ အသင်းအတွက် ၃၁ ပွဲပါဝင်ကစားခဲ့ပြီး ၁၆ ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ၈ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါလူငယ်ကြယ်ပွင့်ကစားသမားအနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ နွေရာသီမှာ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းကြီးရဲ့ လူငယ်အဆင့် အသီးသီးမှာ တစ်ဆင့်စီ ခပ်မြန်မြန်တက်လှမ်းလာနိုင်ခဲ့သူတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဂါနာချိုအနေနဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ယူနိုက်တက်ရဲ့ လူငယ်အက်ဖ်အေဖလားချန်ပီယံခရီးလမ်းမှာ အရေးပါတဲ့နေရာကနေ ပါဝင်ကစားခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာ အသင်းအတွက် ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ခြေစွမ်းတိုးတက်မှုမြန်ဆန်တဲ့ ဂါနာချိုအနေနဲ့ ယူနိုက်တက် ယူ-၂၃ အသင်းမှာပါ ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ၁၂ ပွဲကစားခဲ့ရသလို သွင်းဂိုး ၃ ဂိုးအပြင် ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့တာကြောင့် အရွယ်နဲ့မလိုက်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာဆိုရင်လည်း မမှားပါဘူး။ ပြီးခဲ့တဲ့ဘောလုံးရာသီကုန်ခါနီးမှာတော့ တောက်မယ့်မီးခဲ တရဲရဲဖြစ်နေခဲ့တဲ့ ဂါနာချိုကို ထိုစဉ်က ယာယီမန်နေဂျာအဖြစ် အသင်းကို ကိုင်တွယ်ခဲ့တဲ့ ရာ့ဖ် ရန်းနစ်ခ်က စီနီယာကစားသမားဘဝအတွေ့အကြုံကို ခံစားစေခဲ့ပြီး အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ အာဂျင်တိုင်းလူငယ်တောင်ပံတိုက်စစ်မှူးကတော့ သရဲနီတို့အတွက် ၂ ပွဲ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

နှောင်းပိုင်းနှစ်တွေမှာ အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကြယ်ပွင့်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဂါနာချိုက‌တော့ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်ရဲ့ စောင့်ကြည့်နေမှုနဲ့အတူ ပြီးခဲ့တဲ့ဘောလုံးရာသီကထက် ပိုတဲ့ ပွဲကစားခွင့်နဲ့အခွင့်အရေးတွေကို ရရှိသွားနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခွင့်အရေးပေးဖို့တော့ ရှိနေပေမယ့်လည်း ဒါထက်အရေးကြီးတာက ယူနိုက်တက်တို့အနေနဲ့ ဂါနာချိုနဲ့ အသင်းရဲ့ စာချုပ်ကိစ္စကို ရှင်းရမှာဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာရှိတာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ လိုအပ်နေတာဖြစ်ပါတယ်။

စာချုပ်သက်တမ်း ၁ နှစ်သာကျန်တဲ့ အနေအထားကြောင့် ဂါနာချိုကို ဥရောပထိပ်တန်းအသင်းကြီးတွေက ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှု ပြသလာခဲ့ကြပြီး ယူဗင်တပ်စ်အသင်းကလည်း စိတ်ဝင်စားနေသလို ရီးရဲလ်မက်ဒရစ်အသင်းကလည်း အဆိုပါလူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလတွေမှာ လူငယ်တွေကိုသာ အဓိကထားခေါ်ယူနေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အသင်းကို လူငယ်တွေနဲ့ ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေတာဖြစ်နိုင်ပြီး အလားအလာကောင်းတွေရှိတဲ့ လူငယ်ကစားသမားတွေကို လိုက်လံချိတ်ဆက်နေတာကြောင့် ဂါနာချိုကိုလည်း စောင့်ကြည့်ချင်စရာဖြစ်နေတာပါ။

ယူနိုက်တက်နဲ့ စာချုပ်သစ်မချုပ်ဘူးဆိုရင်တော့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဂါနာချိုကို အောက်ကြေးနဲ့ခေါ်ဖို့ ကြိုးပမ်းလာနိုင်ပြီး အာဂျင်တီးနားနိုင်ငံကို ကိုယ်စားပြုကစားနေပေမယ့် စပိန်ဖွားဖြစ်တာကြောင့် EU ပြင်ပကစားသမားအဖြစ် သတ်မှတ်မခံရတဲ့အချက်ကြောင့် ဂါနာချိုကို စီနီယာအသင်းကြီးထဲ ချက်ခြင်းထည့်မယ်ဆိုရင်တောင် အခက်အခဲမရှိနိုင်တာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကလည်း ဂါနာချိုကို စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး အချိုအချောင်ရှာကြံနှိုက်တတ်တဲ့ ယူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်အအောင်မြင်ဆုံးကလပ်ဖြစ်တဲ့အပြင် လက်ရှိချန်ပီယံလည်းဖြစ်၊ အသင်းပုံရိပ်လည်း အမြင့်မားဆုံးအနေအထားမှာရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကြား စပိန်ဖွား အာဂျင်တီးနား လက်ရွေးစင်တစ်ယောက် စဉ်းစားရကျပ်နေနိုင်ပါတယ်။

ZAWGYI: စပိန်လာလီဂါအင်အားကြီးကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား အလီယန်ဒရို ဂါနာချိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး အာဂျင်တိုင်းသားလေးရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အာဂျင်တိုင်းလူငယ်ကြယ်ပွင့်ကစားသမား ဂါနာချိုကို အနီးကပ်စောင့်ကြည့်နေကြောင်း Defensa Central သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပြီး အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ ကြယ်ပွင့်ကစားသမားအနေနဲ့ ယူနိုက်တက်မှာ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူပါ။