ယူနိုက်တက် ဟာ နည်းပြသစ် တန်ဟက် ရောက်ရှိလာမှု နဲ့ အတူ ဒီရာသီ နွေဈေးကွက် မှာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်မှာဖြစ်ပြီး အဓိက အားဖြည့်မယ့်နေရာကတော့ ကွင်းလယ်ပိုင်းဖြစ်ပါတယ်။ မာတာ ၊ မာတစ် ၊ ပေါ့ဘာ တို့ မရှိတဲ့ ကွင်းလယ် မှာ အနည်းဆုံး ဒေါင်ဒေါင်မြည် ကွင်းလယ်လူ (၂)ယောက် ခေါ်ယူမှ ရမယ့် အခြေအနေပါ။

လက်ရှိမှာတော့ တန်ဟက် ရဲ့မျက်စိကျ နေတဲ့ List ထဲမှာ လိဒျယူနျုကျတကျ က ကယ်ဗင်ဖိလစ် နဲ့ ဘာစီလျုနာ က ဒီဂျောင် တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ တန်ဟက် ကတော့ အဓိက အားဖြင့် အေဂျက် မှာ လက်တွဲဖူးတဲ့ တပည့်ဟောင်း ဒီဂျောင် ကို ပိုမိုလိုလားနေပြီး အရခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒီဂျောင် ကတော့ ချန်ပီယံလိဂ်ကစားလိုတာကြောင့် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အတားအဆီးတခု ဖြစ်ပေမယ့် ဘာစီလိုနာအသင်း မှာ သူ့အတွက် အနာဂတ် မရှိတော့ဘူး ဆိုရငိ ယူနိုက်တက် နဲ့ ဆရာဟောင်း ရှိတဲ့ မန်ချက်စတာ ဆီ အရောက်လာဖို့ စဥိးစားဖွယ် ရှိပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဖရန်ကီဒီဂျောင်ရဲ့ အပြောင်းအရွှေ့အတွက် ဘာကာနဲ့ တိုက်ရိုက်ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ဘာကာက ပြောင်းရွှေ့ကြေး ယူရို ၈၅ သန်းသတ်မှတ်ထားပြီး ကနဦးကမ်းလှမ်းမှုကို စောင့်ဆိုင်းနေပါတယ်။ အခုတော့ ဒီဂျောင်ကိုယ်တိုင်က သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာစီလိုနာမှာသာ ဆက်လက်နေလိုကြောင်း ဒုတိယအကြိမ် ထပ်မံပြောဆိုလာပြန်ပါပြီ။

ဒီဂျောင်က “ဘာစီလိုနာမှာ အောင်မြင်မှုရဖို့အတွက် ကျနော့်ဆီမှာ လုံလောက်တဲ့ ယုံကြည်မှုရှိပါတယ်။ ကျနော်မကြောက်ပါဘူး။ ကျနော် ဘာစီလိုနာနည်းပြ ဇာဗီနဲ့လည်း စကားပြောထားပြီး အရမ်းကိုကောင်းတဲ့ ဆွေးနွေးမှုတခုဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျနော် ပြောနေမှာမဟုတ်ပါဘူး။ အခြားအသင်းနာမည်ကို ကျနော်ထည့်တောင်မပြောပါဘူး။”

“ကျနော်က ပွင့်ပွင့်လင်းလင်းသမားပါ။ ချိတ်ဆက်မှုတွေ ရှိနေတာကို ကျနော်နားလည်ပါတယ်။ ဒါပေမယ့် အဆုံးသတ်က အဲ့ဒီလောက်မခက်ပါဘူး။ လက်တွေ့ကျကျပဲစဉ်းစားတာပေါ့။ အေဂျက်စ်မှာ တန်ဟက်ခ်နဲ့ လက်တွဲအလုပ်လုပ်ခဲ့ရတာ ပျော်ပါတယ်။ ဒါပေမယ့် ကျနော့်အနာဂတ်ကို မသိပါဘူး။ ကျနော်ကတော့ ဘာစီလိုနာမှာပဲ ဆက်နေဖို့ စဉ်းစားပါတယ်။ ဒီအသင်းက ကျနော့်ရဲ့အိပ်မက်အသင်းတသင်းဆိုတာ ကျနော်ပြောပြီးသားပါ”

“အခုလည်း ဒီအတိုင်းပါပဲ။ အသင်းတာဝန်ရှိသူတွေဆီကလည်း ကျနော် ဘာမှမကြားပါဘူး။ ဒီတော့ ဘာမှမဖြစ်ဘူးဆိုတာကို ကျနော် အာမခံနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒီဂျောင်ဟာ တန်ဟက်ခ်လက်ထက် ပထမဆုံး ကစားသမားခေါ်ယူမှုဖြစ်လာဖို့ ပစ်မှတ်ထားခံနေရပေမယ့် အခုတိုင်းသာဆိုရင်တော့ ယူနိုက်တက်တို့ အခြားကစားသမားကိုသာ ပြောင်းလဲပစ်မှတ်ထားသင့်နေပြီဖြစ်ပါတယ်။

ZAWGYI: ယူနိုက်တက် ဟာ နည်းပြသစ် တန်ဟက် ရောက်ရှိလာမှု နဲ့ အတူ ဒီရာသီ နွေဈေးကွက် မှာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်မှာဖြစ်ပြီး အဓိက အားဖြည့်မယ့်နေရာကတော့ ကွင်းလယ်ပိုင်းဖြစ်ပါတယ်။ မာတာ ၊ မာတစ် ၊ ပေါ့ဘာ တို့ မရှိတဲ့ ကွင်းလယ် မှာ အနည်းဆုံး ဒေါင်ဒေါင်မြည် ကွင်းလယ်လူ (၂)ယောက် ခေါ်ယူမှ ရမယ့် အခြေအနေပါ။

လက်ရှိမှာတော့ တန်ဟက် ရဲ့မျက်စိကျ နေတဲ့ List ထဲမှာ လိဒျယူနျုကျတကျ က ကယ်ဗင်ဖိလစ် နဲ့ ဘာစီလျုနာ က ဒီဂျောင် တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ တန်ဟက် ကတော့ အဓိက အားဖြင့် အေဂျက် မှာ လက်တွဲဖူးတဲ့ တပည့်ဟောင်း ဒီဂျောင် ကို ပိုမိုလိုလားနေပြီး အရခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒီဂျောင် ကတော့ ချန်ပီယံလိဂ်ကစားလိုတာကြောင့် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အတားအဆီးတခု ဖြစ်ပေမယ့် ဘာစီလိုနာအသင်း မှာ သူ့အတွက် အနာဂတ် မရှိတော့ဘူး ဆိုရငိ ယူနိုက်တက် နဲ့ ဆရာဟောင်း ရှိတဲ့ မန်ချက်စတာ ဆီ အရောက်လာဖို့ စဥိးစားဖွယ် ရှိပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဖရန်ကီဒီဂျောင်ရဲ့ အပြောင်းအရွှေ့အတွက် ဘာကာနဲ့ တိုက်ရိုက်ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ဘာကာက ပြောင်းရွှေ့ကြေး ယူရို ၈၅ သန်းသတ်မှတ်ထားပြီး ကနဦးကမ်းလှမ်းမှုကို စောင့်ဆိုင်းနေပါတယ်။ အခုတော့ ဒီဂျောင်ကိုယ်တိုင်က သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာစီလိုနာမှာသာ ဆက်လက်နေလိုကြောင်း ဒုတိယအကြိမ် ထပ်မံပြောဆိုလာပြန်ပါပြီ။

ဒီဂျောင်က ဘာစီလိုနာမှာ အောင်မြင်မှုရဖို့အတွက် ကျနော့်ဆီမှာ လုံလောက်တဲ့ ယုံကြည်မှုရှိပါတယ်။ ကျနော်မကြောက်ပါဘူး။ ကျနော် ဘာစီလိုနာနည်းပြ ဇာဗီနဲ့လည်း စကားပြောထားပြီး အရမ်းကိုကောင်းတဲ့ ဆွေးနွေးမှုတခုဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျနော် ပြောနေမှာမဟုတ်ပါဘူး။ အခြားအသင်းနာမည်ကို ကျနော်ထည့်တောင်မပြောပါဘူး။”

“ကျနော်က ပွင့်ပွင့်လင်းလင်းသမားပါ။ ချိတ်ဆက်မှုတွေ ရှိနေတာကို ကျနော်နားလည်ပါတယ်။ ဒါပေမယ့် အဆုံးသတ်က အဲ့ဒီလောက်မခက်ပါဘူး။ လက်တွေ့ကျကျပဲစဉ်းစားတာပေါ့။ အေဂျက်စ်မှာ တန်ဟက်ခ်နဲ့ လက်တွဲအလုပ်လုပ်ခဲ့ရတာ ပျော်ပါတယ်။ ဒါပေမယ့် ကျနော့်အနာဂတ်ကို မသိပါဘူး။ ကျနော်ကတော့ ဘာစီလိုနာမှာပဲ ဆက်နေဖို့ စဉ်းစားပါတယ်။ ဒီအသင်းက ကျနော့်ရဲ့အိပ်မက်အသင်းတသင်းဆိုတာ ကျနော်ပြောပြီးသားပါ

အခုလည်း ဒီအတိုင်းပါပဲ။ အသင်းတာဝန်ရှိသူတွေဆီကလည်း ကျနော် ဘာမှမကြားပါဘူး။ ဒီတော့ ဘာမှမဖြစ်ဘူးဆိုတာကို ကျနော် အာမခံနိုင်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။ ဒီဂျောင်ဟာ တန်ဟက်ခ်လက်ထက် ပထမဆုံး ကစားသမားခေါ်ယူမှုဖြစ်လာဖို့ ပစ်မှတ်ထားခံနေရပေမယ့် အခုတိုင်းသာဆိုရင်တော့ ယူနိုက်တက်တို့ အခြားကစားသမားကိုသာ ပြောင်းလဲပစ်မှတ်ထားသင့်နေပြီဖြစ်ပါတယ်။