ရိုးမားအသင်းရဲ့မန်နေဂျာ ဂျိုဆေး မော်ရင်ညိုအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွါဖို့အတွက် သတင်းတွေထွက်ပေါ်နေတဲ့ ညာနောက်ခံလူ အာရွန် ဝမ်-ဘစ်ဆာကာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ လတ်တလောထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ ပြီးခဲ့တဲ့ ၃ နှစ်တုန်းက ဝမ်-ဘစ်ဆာကာကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ ယူနိုက်တက်ကို ရောင်းချခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း သူတို့ကစားသမားဟောင်းကို အငှါးနဲ့ ပြန်လည်ခေါ်ယူလိုနေကြောင်း သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် ညာနောက်ခံလူအနေနဲ့ ယူနိုက်တက်အတွက် ပွဲပေါင်း ၁၂၆ ပွဲ ပါဝင်ကစားပေးခဲ့ပြီး အထင်ကြီးစရာစွမ်းဆောင်ရည်အနည်းငယ်ကို ပြသထားနိုင်ခဲ့ပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဂါရက်သ် ဆောက်ဂိတ်ရဲ့ လူရွေးချယ်မှုမှာတော့ ကိုင်လ် ဝေါ်လ်ကာ၊ ထရန့်ထ် အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရီးစ် ဂျိမ်းစ်တို့လို ကစားသမားတွေကို ကျော်ဖြတ်ကာ နေရာမရနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဘောလုံးရာသီမှာတော့ ဝမ်-ဘစ်ဆာကာအနေနဲ့ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းရဲ့ ယာယီမန်နေဂျာ ရာ့ဖ် ရန်းနစ်ခ်ကတော့ ညာနောက်ခံလူနေရာအတွက် သူ့ထက်စာရင် အသင်းဖော် ဒီယိုဂို ဒါလို့ထ်ကိုသာ ဦးစားပေးသုံးစွဲနေတာဖြစ်ပါတယ်။

ဝမ်-ဘစ်ဆာကာရဲ့ အနာဂတ်ကတော့ လက်ရှိအချိန်မှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီး ယူနိုက်တက်ကို လာမယ့်နွေရာသီကစပြီး ကိုင်တွယ်မယ့် မန်နေဂျာ အဲရစ် တန်ဟာ့ဂ်ရဲ့ အစီအစဉ်တွေထဲမှာ ပါဝင်မှု ရှိမရှိကို သိရဖို့အတွက် စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ သူ့အနေနဲ့ ထွက်ခွါဖို့အတွက် တွန်းအားပေးခံခဲ့ရရင်တော့ အီတလီမှာ အိမ်တစ်လုံးအသစ်ရှာဖို့အတွက် လိုအပ်နေနိုင်ပြီး The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ မော်ရင်ညိုအနေနဲ့ သူ့ရဲ့ရိုးမားအသင်းလူစာရင်းကို နောက်ထပ်ပရီးမီးယားလိဂ်ကြယ်ပွင့်တစ်ဦးနဲ့ ဖြည့်တင်းသွားလိုနေကြောင်း သိရပါတယ်။

ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ မော်ရင်ညိုအနေနဲ့ သူ့ရဲ့ရိုးမားအသင်းနဲ့ပွဲဦးထွက်ရာသီမှာ ချဲလ်ဆီးအသင်းကနေ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်နဲ့ ဝုလ်ဗ်စ်ကနေ ရွီ ပက်ထရီစီယိုတို့ကို အပြီးသတ်ခေါ်ယူခဲ့ပြီး အာဆင်နယ်အသင်းကနေ အိမ်းစလီ မိတ်လန်း-နိုင်းလ်စ်ကို အငှါးနဲ့ ခေါ်ယူခဲ့ပါတယ်။ လက်ရှိရိုးမားအသင်းမှာလည်း ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ ဟင်းနရစ် မီခီတာရီယန်းနဲ့ ခရစ္စ စမောလင်းတို့ရှိနေပြီး အေဘရာဟမ်လို ကစားသမားဘဝပြန်တည်ဆောက်တဲ့လူတွေလည်း ရှိနေတာကြောင့် အီတလီကို ပြောင်းရွှေ့ဖို့အတွက်ဆို ဝမ်-ဘစ်ဆာကာအတွက် မျက်စိကျစရာဖြစ်နေနိုင်တာပါ။

ဝမ်-ဘစ်ဆာကာအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွါခွင့် ရှိမရှိအနေအထားမှာ မသေချာသေးဘဲ အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးတဲ့ အနေအထားကြောင့် ဈေးနှုန်းသတ်မှတ်မှုကိုတော့ ယူနိုက်တက်ဘက်က ဘယ်လောက်သတ်မှတ်သွားမှာလဲဆိုတာလည်း အတိအကျမရှိသေးတာဖြစ်ပါတယ်။ ရိုးမားအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့သာ ဝမ်-ဘစ်ဆာကာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာမဟုတ်ဘဲ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက နယူးကာဆဲလ်ယူနိုက်တက်အသင်းကို ကီရန် ထရစ်ပီယာကို ရောင်းချခဲ့ရတဲ့ အသက်လက်တီကို မက်ဒရစ်အသင်းကလည်း ညာနောက်ခံလူသစ် လိုအပ်နေတာကြောင့် ဝမ်-ဘစ်ဆာကာကို စောင့်ကြည့်နေကြောင်း သိရပါတယ်။

ZAWGYI: ရိုးမားအသင်းရဲ့မန်နေဂျာ ဂျိုဆေး မော်ရင်ညိုအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွါဖို့အတွက် သတင်းတွေထွက်ပေါ်နေတဲ့ ညာနောက်ခံလူ အာရွန် ဝမ်-ဘစ်ဆာကာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ လတ်တလောထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ ပြီးခဲ့တဲ့ ၃ နှစ်တုန်းက ဝမ်-ဘစ်ဆာကာကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ ယူနိုက်တက်ကို ရောင်းချခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း သူတို့ကစားသမားဟောင်းကို အငှါးနဲ့ ပြန်လည်ခေါ်ယူလိုနေကြောင်း သိရပါတယ်။