ယခုလကုန်ပိုင်းတွင် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာ အတွက် သစ္စာရှိဘောနပ်စ်ဆုကြေးအဖြစ် ပေါင် ၃ ဒဿမ ၇၈ သန်းကို မန်ချက်စတာယူနိုက်တက်က ချီးမြှင့်ပေးဖို့ ရှိနေကြောင်း သိရသည်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တွင် ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာသည် ဇွန် ၃၀ ရက်တွင် စာချုပ်သက်တမ်းကုန် ဆုံးပြီးနောက် အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း ယူနိုက်တက်က အတည်ပြုထုတ်ပြန်လိုက်ပြီး ကလပ်သမိုင်းတလျှောက် စိတ်ပျက်စရာအများဆုံးနှင့် ငွေကြေးအကုန်အကျအများဆုံး ကစားသမားခေါ်ယူမှုများအနက် တစ်ခုကို အဆုံးသတ်ရန် ရှိလာသည်။

ပေါ့ဂ်ဘာ၏ ယူနိုက်တက်အတွက် အမှတ်ရစရာမကောင်းသော ခြောက်နှစ်ကြာဒုတိယသက်တမ်းအတွင်း ပြင်သစ်သားကမ္ဘာ့ဖလားဆုရှင်၏ အကောင်းဆုံးခြေစွမ်းကို မမြင်တွေ့ခဲ့ရသော အသင်းပရိသတ်များအဖို့ သစ္စာရှိဘောနပ်စ်ဆုကြေးမှာ နောက်ဆုံးထိုးနှက်ချက်တစ်ခုဖြစ်လာဖွယ် ရှိနေသည်။

ဂျူဗင်တပ်စ်မှ ယူနိုက်တက်ဆီ ပေါ့ဂ်ဘာပြောင်းရွှေ့လာဖို့ သိမ်းသွင်းရန် သစ္စာရှိဘောနပ်စ်ဆုကြေးဟူသော အံဖွယ်သရဲစည်းကမ်းချက်ဖြင့် ဆွဲဆောင်ခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ် လျော်ကြေးပေါင် ၁ ဒဿမ ၅ သန်းဖြင့်သာ ပေါ့ဂ်ဘာကို လက်လွှတ်ခဲ့ရသော ယူနိုက်တက်သည် ၂၀၁၆ ခုနှစ် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် ကစားသမားကို ပြန်လည်ခေါ်ယူခဲ့သည်။

အပြောင်းအရွှေ့စရိတ်ကြီးမားခဲ့သည့်အပြင် ကစားသမား၏ အေးဂျင့် ရွိုင်အိုလာ(ယခုကွယ်လွန်)ကိုလည်း အေးဂျင့်ခအဖြစ် ပေါင် ၃၉ ဒဿမ ၂၇ သန်းကို ပေးခဲ့ရသည်။ ယူနိုက်တက်က ပေါ့ဂ်ဘာအား အခြေခံလုပ်ခအဖြစ် ပေါင် ၈ ဒဿမ ၆၁ သန်းပေးချေဖို့ ကနဦး သဘောတူခဲ့သည်။

နောက်ပိုင်းတွင် သစ္စာရှိဘောနပ်စ်ဆုကြေးနှင့် ရုပ်ပုံအသုံးပြုခွင့်အတွက် နှစ်ရပ်ပေါင်း တစ်နှစ်လျှင် ၂ ဒဿမ ၈၇ သန်း ပေးချေသည့်အပြင် သူကစားခဲ့သော ချန်ပီယံလိဂ်လေးပွဲအတွက် တစ်ပွဲကစားလျှင် ပေါင် ၂၀၀၀နီးပါး ပေးချေမှုရှိလာရာ အခြေခံလုပ်ခကို ပေါင် ၇ ဒဿမ ၇၅ သန်းကို လျော့ချခဲ့သည်။

ထို့ကြောင့် ပေါ့ဂ်ဘာအတွက် ယူနိုက်တက်၏ ကုန်ကျစရိတ်စုစုပေါင်းမှာ အံ့အားသင့်ဖွယ် ပေါင် ၂၁၈ ဒဿမ ၉၃ သန်းရှိလာပြီး စွမ်းဆောင်ရည်ဖြင့် တွက်ချက်ပါက ပေါ့ဂ်ဘာ ယူနိုက်တက်အတွက်ကစားခဲ့သော ၂၂၆ ပွဲအား တစ်ပွဲလျှင် ပေါင် ကိုးသိန်းကျော်နှင့် ပေါ့ဂ်ဘာသွင်းဂိုး ၅၉ ဂိုးအား တစ်ဂိုးလျှင် ပေါင် ငါးသန်းကျော် ယူနိုက်တက်က ပေးချေခဲ့ရသည်။

ယူနိုက်တက်သည် ပေါ့ဂ်ဘာအား ယခုရာသီကုန်တွင် လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကစားသမားမှာလည်း ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့နှင့် အပြောင်းအရွှေ့ဆွေးနွေးမှုများ ရှိနေသည်။

ZAWGYI: ယခုလကုန်ပိုင်းတွင် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာ အတွက် သစ္စာရှိဘောနပ်စ်ဆုကြေးအဖြစ် ပေါင် ၃ ဒဿမ ၇၈ သန်းကို မန်ချက်စတာယူနိုက်တက်က ချီးမြှင့်ပေးဖို့ ရှိနေကြောင်း သိရသည်။