ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့ရဲ့ အင်စတာဂရမ်မှာ မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း ရေးသားခဲ့ပြီး၊ သူဟာ ယူနိုက်တက် ပရိတ်သတ်တွေ မဲပေးရွေးချယ်တဲ့ ဆာမတ်ဘက်စ်ဘီဆုကို ရရှိသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက် လာခဲ့ပြီး၊ သူ့ရဲ့ နယ်မြေဟောင်းမှာ ခြေစွမ်းပြဖို့ အချိန်မယူခဲ့ရပဲ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီပေါ်တူဂီသား တိုက်စစ်မှူးကြီးဟာ ၂၀၂၁-၂၀၂၂ခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး၂၄ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးတွေထဲမှာ ပရီးမီးယားလိဂ် သွင်းဂိုး၁၈ဂိုး ပါဝင်နေပြီး၊ ဆာလာနဲ့ ဆွန်ဟောင်မင်တို့သာ ရော်နယ်လ်ဒိုထက် လိဂ်သွင်းဂိုး ပိုများခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် အသင်းရဲ့ ပရိတ်သတ်တွေ မဲပေးရွေးချယ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို (ဆာမတ်ဘက်စ်ဘီဆု) ရရှိခဲ့ပြီးနောက် ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ အင်စတာဂရမ်မှာ အခုလို ရေးသားခဲ့ပါတယ်။

“ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ ပရိတ်သတ် အားလုံးကို ကျေးဇူးတင်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ကို တကျော့ပြန် ရောက်ရှိလာတဲ့ ပထမဆုံးနှစ်မှာပဲ ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တာ ကျွန်တော့် အတွက် ဂုဏ်ယူလို့ မဆုံးနိုင်အောင်ပါပဲ။ ကျွန်တော် ဒီဆုကို ရရှိခဲ့တာဟာ ယူနိုက်တက် ပရိတ်သတ် အားလုံးရဲ့ မဲပေးမှုကြောင့် ဖြစ်ပြီး၊ ကျွန်တော်တို့ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အရမ်းခက်ခဲတဲ့ ဘောလုံးရာသီ တခုကို ဖြတ်သန်းခဲ့ရပေမယ့်၊ ပရိတ်သတ်တွေဟာ ကျွန်တော်တို့ ရှုံးနိမ့်နေခဲ့ရင်တောင် အားပေးခဲ့ကြပါတယ်။”

“ယူနိုက်တက် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အမြဲတမ်း ကျေးဇူးတင်နေမှာ ဖြစ်ပြီး၊ သူတို့ရဲ့ အားပေးမှုတွေကကျွန်တော်တို့ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိ လာစေဖို့ အထောက်အကူ ဖြစ်စေမှာပါ” လို့ ဆိုခဲ့ပါတယ်။ ဆာမတ်ဘက်စ်ဘီဆုဟာ ပရိတ်သတ်တွေရဲ့ မဲပေးမှုနဲ့အတူ တနှစ်တာ အကောင်းဆုံး ယူနိုက်တက် ကစားသမားကို ရွေးချယ် ပေးအပ်တဲ့ ဆုတခုဖြစ်ပြီး၊ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပွဲစဉ်များစွာ အနိုင်ရဖို့ စွမ်းဆောင်ပေးခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာပါ။

၂၀၂၁-၂၀၂၂ခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်မှုတွေကြောင့် သူ့အနေနဲ့ ဒီဆုကို ရရှိခဲ့တာဟာ အံ့ဩစရာ မဟုတ်ပဲ၊ သူဟာ ဆာမတ်ဘက်စ်ဘီဆုကို ၄ကြိမ်မြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒို မတိုင်ခင် ဆာမတ်ဘက်စ်ဘီဆုကို ၄ကြိမ်မြောက် ရရှိထားတဲ့ ပထမဆုံး ယူနိုက်တက် ကစားသမားက ဒေးဗစ်ဒီဂီယာ ဖြစ်ပြီး၊ သူဟာ ပြီးခဲ့တဲ့နှစ်မှာလည်း ရော်နယ်လ်ဒိုရဲ့နောက် ဒုတိယ မဲအများဆုံး ကစားသမား အဖြစ် ရပ်တည်ခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဂိုးတွေ သွင်းယူ ပေးနိုင်ခဲ့ပေမယ့်၊ သူ့ရဲ့ သွင်းဂိုးတွေဟာ သရဲနီတို့ရဲ့ ၅နှစ်ကြာ ဆုဖလားလက်မဲ့ ကာလကို အဆုံးသတ်ဖို့ မလုံလောက်ခဲ့ပါဘူး။ ဟုတ်ပါတယ် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆုဖလား ရယူနိုင်ခြင်း မရှိခဲ့တဲ့အပြင်၊ သူတို့ဟာ လာမယ့် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့အထိ ဆိုးရွားလွန်းတဲ့ ဘောလုံးရာသီ တခုကို ဖြတ်သန်းခဲ့ရတာပါ။ ဒီအခြေအနေဟာ ချန်ပီယံလိဂ်ဘုရင်လို့ သတ်မှတ် ခံထားရတဲ့ ရော်နယ်လ်ဒို အတွက် စိတ်ပျက်စရာ ဖြစ်ပြီး၊ သူဟာ လာမယ့် ဘောလုံးရာသီမှာ ပြီးခဲ့တဲ့ နှစ်ပေါင်း၂၀ ကာလအတွင်း ချန်ပီယံလိဂ် ပြိုင်ပွဲကို ပထမဆုံး အကြိမ်အဖြစ် လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

ZAWGYI: ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့ရဲ့ အင်စတာဂရမ်မှာ မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း ရေးသားခဲ့ပြီး၊ သူဟာ ယူနိုက်တက် ပရိတ်သတ်တွေ မဲပေးရွေးချယ်တဲ့ ဆာမတ်ဘက်စ်ဘီဆုကို ရရှိသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက် လာခဲ့ပြီး၊ သူ့ရဲ့ နယ်မြေဟောင်းမှာ ခြေစွမ်းပြဖို့ အချိန်မယူခဲ့ရပဲ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။