ဂယ်ရီနဗီးက မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနွေရာသီမှာ ကစားသမား အ၀င် အထွက်တွေနဲ့ အလုပ်များလိမ့်မယ်လို့ ခန့်မှန်းလိုက်ပြီး သူ့အသင်းဟောင်း အနေနဲ့ ပြီးခဲ့တဲ့ ရာသီကထက် ယှဉ်ပြိုင်မှု ပိုမို ပြင်းထန်ချင်တယ် ဆိုရင် အနည်းဆုံး ကစားသမား ၄ ဦး ခေါ်ယူအားဖြည့် သွားဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဆိုးရွားတဲ့ ရာသီတစ်ခုကို ပြီးခဲ့တဲ့ ရာသီက ဖြတ်သန်းခဲ့ရပြီး ဆိုးရှားဟာ နို၀င်ဘာလမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အပြင် ယာယီနည်းပြ ရန်းနစ် ကလည်း သိသိသာသာ တိုးတက်အောင် မလုပ်ပေးနိုင်ခဲ့ဘဲ the Red Devils တို့ဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ရမှတ် အနည်းဆုံး မှတ်တမ်းဆိုးကို ရသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အိုင်ယက်မှာ အကောင်းဆုံး လုပ်ပြထားခဲ့တဲ့ အဲရစ်တန်းဟတ်ကို နည်းပြအဖြစ် ခန့်အပ်ထားခဲ့ပြီး ဒီနွေရာသီမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ အတွက် ပြင်ဆင်လျက် ရှိနေပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ပေါ့ဘာ နီမန်ဂျာ မာတစ် လင်ဂတ် နဲ့ မာတာ တို့ အပါအ၀င် ကစားသမား ၁၁ ဦး အသင်းကနေ ထွက်ခွာသွားမှာ ဖြစ်တယ်လို့ အတည်ပြု ကြေငြာခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ဘာစီလိုနာ ရဲ့ ဖရန်ကီဒီဂျောင်း ၊ အိုင်ယက်ရဲ့ တင်ဘာ နဲ့ ဘင်ဖီကာ ရဲ့ ဒါ၀င်နူးနက် တို့နဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။ ယူနိုက်တက် အနေနဲ့ ကွင်းလယ်ပိုင်းကို အဓိက အားဖြည့်သွားဖို့ လိုအပ်မှာ ဖြစ်ပေမယ့် ဂယ်ရီနဗီးက တန်းဟန် နဲ့ ကလပ်ဘုတ်အဖွဲ့ အနေနဲ့ အခြားနေရာတွေကိုလည်း အားဖြည့်သွားဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ဆိုသွားပါတယ်။

နဗီးက “သူတို့ အမှန်တကယ် အားဖြည့်သွားဖို့ လိုအပ်တဲ့ နေရာတွေကို ကျွန်တော်တို့ သိထားပြီးသား ဖြစ်ပါတယ်။ ကွင်းလယ် ဗဟိုပိုင်းဟာ တကယ့်ကို အားဖြည့်ဖို့ လိုအပ်နေတဲ့ နေရာပါ။ ဒီနေရာဟာ တကယ့်ကို လိုအပ်နေတာ အမှန်ပါပဲ။ မန်ချက်စတာယူနိုက်တက် အနေနဲ့ ကွင်းလယ် ကစားသမားတွေ လိုအပ်ပါတယ်။

ပြီးတော့ သူတို့ အထောင် တိုက်စစ် ကစားသမား တစ်ဦးလည်း လိုအပ်ပါတယ်။ ခရစ်စတီယာနို ရော်နယ်ဒိုဟာ လာမည့် ရာသီ အသင်းမှာ ဆက်နေဖို့ များနေတယ် ဆိုတာ ကျွန်တော် သိပါတယ်။ သူဟာ တကယ့်ကို ထူးချွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်တို့ အထောင် တိုက်စစ်မှုး တစ်ဦးတော့ လိုအပ်ပါတယ်။

အထောင် တိုက်စစ်မှုး တစ်ဦးကို ဒီနွေရာသီမှာ သူတို့ မဖြစ်မနေ ခေါ်ယူသွားရမှာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ တောင်ပံ ကစားသမား တစ်ဦးလည်း လိုအပ်ပါလိမ့်မယ်။ ဒါကတော့ အသင်းရဲ့ တိုက်စစ်ပိုင်း အင်အားကို ပိုကောင်းသွားအောင် ဖြစ်ပါတယ်။ နောက်တန်း အစွန်လူတွေဟာ မော်ဒန်ဘောလုံးလောက်မှာ တကယ့်ကို အရေးပါတဲ့ ကဏ္ဍမှာ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။

သူတို့ဟာ ဒီအပိုင်းမှာ အားနည်းမှု ရှိနေတာကြောင့် ပြင်ဆင်မှုတွေ လုပ်သွားရမှာပါ။ ယူနိုက်တက်မှာ နောက်တန်း အစွန်လူ ၄ ဦး ရှိနေပါတယ်။ ဒီထဲက ၂ ဦး ၃ ဦးလောက်ရဲ့ အနာဂတ်က ဘယ်လို ဖြစ်လာမလဲ ဆိုတာ ကတော့ စိတ်၀င်စားစရာ ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

ZAWGYI: ဂယ်ရီနဗီးက မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနွေရာသီမှာ ကစားသမား အ၀င် အထွက်တွေနဲ့ အလုပ်များလိမ့်မယ်လို့ ခန့်မှန်းလိုက်ပြီး သူ့အသင်းဟောင်း အနေနဲ့ ပြီးခဲ့တဲ့ ရာသီကထက် ယှဉ်ပြိုင်မှု ပိုမို ပြင်းထန်ချင်တယ် ဆိုရင် အနည်းဆုံး ကစားသမား ၄ ဦး ခေါ်ယူအားဖြည့် သွားဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။