မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ ကစား သမား 11 ဦး အထိ ဆုံးရှုံးရဖို့ ရှိနေပါတယ် ။ အဲ့ဒီထဲမှာတော့ ပေါ့ဂ်ဘာ ၊ လင်ဂတ် ၊ မာတာ ၊ မာတစ် ၊ ကာဗာနီ နဲ့ လီဂရန့် တို့လို စီနီယာ ကစားသမား 6 ဦး နဲ့ အကယ်ဒမီထွက် ကစားသမား 5 ဦး ပါဝင်နေခဲ့ပါတယ် ။

ဒါ့ကြောင့် နည်းပြသစ် ဖြစ်လာခဲ့သူ အဲရစ် တန်ဟတ် အနေနဲ့ အသင်းကို အကောင်းဆုံး စုဖွဲ့မှု တစ်ခု ဖြစ်လာနိုင်အောင် သေချာပေါက် လုပ်ဆောင်ရပါတော့မယ် ။ ဒီအတွက် အကယ်ဒမီထွက် လူငယ်လေတွေအပြင် ကစား သမားသစ်တွေလည်း ခေါ်ယူရပါလိမ့်မယ် ။

အဲ့ဒီထဲမှာတော့ ယူနိုက်တက်တို့ ဘယ်နေရာတွေကို အင််အား ဖြည့်တင်းရမလဲ ဆိုပြီး အကြံပေးသူတွေ ရှိနေခဲ့ကြပါသေးတယ် ။ သေချာတာ တစ်ခုကတော့ ယူနိုက်တက်တို့ ကွင်းလယ်ပိုင်း ၊ အထူးသဖြင့် ကွင်းလယ် ခံစစ်နေရာကို အင်အား ဖြည့်တင်းရပါလိမ့်မယ် ။

ဒီအတွက် ယူနိုက်တက်တို့ဟာ ဘာစီလိုနာ အသင်းမှ ကွင််းလယ်လူ ဖရန်ကီ ဒီဂျောင် ၊ ဝက်စ်ဟမ်း အသင်းမှ ဒီကလန်် ရိုက်စ် ၊ လိဒ်စ် ယူနိုက်တက် အသင်း မှ ကယ်ဗင် ဖိလစ် တို့ကို ပစ်မှတ်ထားနေခဲ့သလို အန်ဒီဒီ ၊ တိုင်လီမန်းစ် တို့လည်း ပါဝင်နေခဲ့ပါသေးတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ဘရိုင်ယန် ရော့ဘ်ဆင် က အသင်းမှာ ကာယပိုင်း အားကောင်းတဲ့ ကစားသမား ၊ ကွင်းလယ် ခံစစ် ကစားသမားကို ခေါ်ယူဖို့ လိုအပ်လိမ့်မယ်လို့ ထင်မိကြောင်း သူ့ရဲ့ အတွေးကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဒါဟာ စိတ်ဝင်စားဖွယ် ကောင်းတဲ့ နွေစျေးကွက် တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ် ။ သေချာပါတယ် ၊ အသင်းကနေ ထွက်ခွာမယ့် ကစားသမားတွေ ရှိနေကြသလို စာချုပ် သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတွေလည်း ရှိနေကြသေးတယ်လေ ။ အဲ့တာအတွက် ပြန်လည် အစားထိုးမှု လုပ်ဆောင်ရမှာပါပဲ ”

” အဲရစ် ကတော့ သူ စိတ်ကြိုက် အသင်းကို တည်ဆောက််လိုမှာပါပဲ ။ သူ ဘယ်လို အသင်းမျိုးကို တည်ဆောက်မလဲဆိုတာတော့ ကျွန်တော် တကယ်ပဲ စိတ်ဝင်စားနေပါတယ် ။ ဘယ်လို ကစားသမားတွေကို သူ ခေါ်ယူလိုမလဲ ၊ နောက်ရာသီကို ဘယ်လိုသွားမလဲ စိတ်ဝင်စားမိပါတယ် ”

” အသင်း အနေနဲ့ ကစားသမား စာရင်းကို ပိုပြီး တောင့်တင်းစေဖို့ ကာယပိုင်း အားကောင်းတဲ့ ကစားသမားတွေကို ခေါ်ယူသင့်တယ်လို့ ကျွန်တော် ထင်မိပါတယ် ။ အဲ့လို ဆိုရင် အသင်းက ပိုပြီး ကြည့်ကောင်းသွားမှာပါပဲ ” လို့ ဘရိုင်ယန် ရော့ဘ်ဆင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ ကစား သမား 11 ဦး အထိ ဆုံးရှုံးရဖို့ ရှိနေပါတယ် ။ အဲ့ဒီထဲမှာတော့ ပေါ့ဂ်ဘာ ၊ လင်ဂတ် ၊ မာတာ ၊ မာတစ် ၊ ကာဗာနီ နဲ့ လီဂရန့် တို့လို စီနီယာ ကစားသမား 6 ဦး နဲ့ အကယ်ဒမီထွက် ကစားသမား 5 ဦး ပါဝင်နေခဲ့ပါတယ် ။