မန်ယူတိုက်စစ်မှုး ရော်နယ်ဒိုက အသင်းအနေနဲ့ဒီနွေရာသီဈေးကွက်မှာ တိုက်စစ်မှုးသစ်တွေ ခေါ်ယူသင့်တယ်ဆိုပြီး ထောက်ခံချက်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းက အောင်မြင်မှုမရခဲ့ပဲ ရာသီသိမ်းခဲ့ပေမယ့် ပေါ်တူဂီသားကတော့ ပုံမှန်ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂၄ ဂိုးအထိ သွင်းပေးနိုင်ခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့တဲ့နောက် မန်ယူနဲ့အနာဂတ်မရေရာတော့ဘူးဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခုတော့ နောက်ရာသီအထိတော့ ဆက်ကစားမယ့် အခြေအနေရှိပါတယ်။ မန်ယူမှာ ရော်နယ်ဒိုက အခရာကျနေပေမဲ့ တိုက်စစ်အင်အားဖြည့်ဖို့တော့ လိုအပ်နေတာတော့ ငြင်းမရပါဘူး။

မန်ယူမှာ လတ်တလော ကာဗာနီက ထွက်ခွာသွားပြီဖြစ်သလို မာရှယ်ကလည်း အလားတူဖြစ်ဖို့ များနေတာကြောင့် တိုက်စစ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်ဖို့တော့ လိုအပ်နေတာ အမှန်ပါပဲ။ ရော်နယ်ဒို က ယူနိုက်တက် အသင်းအနေနဲ့ တိုက်စစ်မှုးသစ်တွေခေါ်ယူခဲ့ရင် သူ့ကဏ္ဍ မှေးမှိန်သွားမှာကို မစိုးရိမ်ပဲ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာ အမှန်ပဲလို့ ထောက်ခံပြလိုက်တာပါ။

မန်ယူဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်တွေကတည်းက တိုက်စစ်အားဖြည့်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ဒါဝင်နူနက်ဇ်၊ အာလင်းဟာလန်းနဲ့ အေဘရာဟမ်တို့လို ကစားသမားတွေကို သူများလက်ထဲသာ ထည့်ပေးခဲ့ရပါတယ်။ အခုလည်း ပေါ်တိုတိုက်စစ်မှုး အီဗန်နီလ်ဆင်ကို ခေါ်ယူဖို့ကြိုးစားမှု ပယ်ချခံထားရပေမဲ့ ထပ်ပြီးချဉ်းကပ်ဖို့လုပ်နေကြောင်း သိရပါတယ်။

ZAWGYI: မန်ယူတိုက်စစ်မှုး ရော်နယ်ဒိုက အသင်းအနေနဲ့ဒီနွေရာသီဈေးကွက်မှာ တိုက်စစ်မှုးသစ်တွေ ခေါ်ယူသင့်တယ်ဆိုပြီး ထောက်ခံချက်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းက အောင်မြင်မှုမရခဲ့ပဲ ရာသီသိမ်းခဲ့ပေမယ့် ပေါ်တူဂီသားကတော့ ပုံမှန်ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂၄ ဂိုးအထိ သွင်းပေးနိုင်ခဲ့ပါတယ်။