မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဘန််ကောက်မှာ ရာသီကြို ခြေစမ်းပွဲ ( ဘန်ကောက်မြို့ နှစ် ရာပြည့် ဖလားပွဲ ) အဖြစ် ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းနဲ့ ကစားခဲ့ရပြီး 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ် ။ ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟတ် ဟာ အဖွင့်ပွဲမှာ မျက်နှာလှနိုင်ရေး အတွက် အတောင့်တင််းဆုံး လူစာရင်းကို ထုတ်ခဲ့ပေမဲ့ လီဗာပူး နည်းပြ ယာဂင် ကလော့ပ် ကတော့ လူငယ် အများစုနဲ့သာ ပွဲထွက်ခဲ့ပြီး ပွဲစဥ်ကို စတင်စေခဲ့ပါတယ် ။

ဒါ့ကြောင့်လည်း မန်ချက်စတာ ယူနိုက်တက် အသင်းက ပွဲစဥ်ကို စတင်ပုံ ပိုကောင်းမွန်ခဲ့ပြီး နည်းပြသစ် အဲရစ် တန််ဟတ် ရဲ့ တိုက်စစ် အသားပေး pressing ကစားဟန် က ယူနိုက်တက်တို့ကို ပထမပိုင်း အတွင်း 3 ဂိုး အထိ ရရှိစေခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်းမှာ လီဗာပူးဖက်က လူအင်အား တောင့်တင်းသွားခဲ့ပြီး ယူနိုက်တက် အသင်းဖက်မှ လူငယ််တွေ ဝင်ရောက်လာခဲ့ကြပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်် ဖက်ကပဲ နိုင်နေတာကို အခြေခံပြီး ပိုကောင်းတဲ့ စိတ်ဓါတ် ခံယူချက်နဲ့အတူ နောက်တစ်ဂိုး သွင်းယူနိုင်ခဲ့ကြပါတယ် ။ ဒါ့ကြောင့်လည်း ယူနိုက်တက်တို့ ပွဲစဥ်အပြီး 4 ဂိုးပြတ် နိုင််ပွဲနဲ့ အတူ ဘန်ကောက် နှစ်ရာပြည့် ဖလားကို ဆွတ်ခူး သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဥ်မှ ပြောစရာ ဖြစ်ခဲ့ရတဲ့ အချက် 6 ချက်ကို ဖော်ပြပေးလိုက်ပါတယ် ။

(1) ဆိုးလ်ရှားရဲ့ အကွက်ကို ထုတ်သုံးခဲ့ရတဲ့ တန်ဟတ်။ ။ တန်ဟတ် ဟာ ဒီပွဲမှာ 4-2-3-1 ကစားကွက်ကို ထုတ်သုံးခဲ့ပါတယ် ။ ဒါဟာ အေဂျက်ဇ် အသင်းမှာလည်း သူသုံးခဲ့တဲ့ ကစားကွက်ပါပဲ ။ ဒါပေမဲ့ ယူနိုက်တက်မှာတော့ နည်းပြဟောင်း ဆိုးလ်ရှား စွဲစွဲမြဲမြဲ သုံးခဲ့တဲ့ ကစားကွက် ၊ လူစာရင်းဆိုရင်လည်း မမှားပါဘူး ။ ယခင်ကတော့ ဆိုးလ်ရှားဟာ ဆန်ချို မရှိတဲ့ နေရာမှာ ဂရင်းဝုဒ် ကို သုံးခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာတော့ ဆန်ချို ဟာ ညာတောင်ပံ ကစားခဲ့ရပြီး ဒေါ့မွန်မှာ ကစားပေးခဲ့စဥ်ကလို ပုံစံကောင်း အချို့ကို ပြသသွားနိုင်ခဲ့တာကတော့ ညာ တောင်ပံ အားနည်းတဲ့ ယူနိုက်တက် အတွက် သတင်းကောင််း ဖြစ်ခဲ့ရပါတယ် ။ တိုက်စစ်မှာတော့ ဆန်ချို နဲ့အတူ မာရှယ် ၊ ရပ်ရှ်ဖို့ တို့ ပါဝင််ခဲ့ကြပြီး ကွင်းဘယ်မှာတော့ ဘရူနို ဖာနန်ဒက်စ် က နံပါတ်် 10 နေရာ ၊ ဖရက်ဒ် နဲ့ မက်တော်မီနေး တို့က Double pivot အဖြစ် ပါဝင်ခဲ့ကြပါတယ် ။ ဒီအစုအဖွဲ့မှာ ရပ်ရှ်ဖို့ နဲ့ တော်မီနေး တို့ အစွမ်းမပြနိုင်တာက လွဲရင် အဆင်ပြေခဲ့ရပါတယ် ။

(2) ဖိအားပေး တိုက်စစ်ဆင်ခြင်း။ ။ ဒီပွဲမှာတော့ ယူနိုက်တက် ပရိသတ်တွေ အတွက် အားရစရာ ဖြစ်ခဲ့ရတဲ့ အချက်တစ်ခုက ဖိအားပေး တိုက်စစ်ဆင်် ကစားဟန် ပါပဲ ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခင်တုန်းကလည်း ရန်းဂနစ် လက်အောက်မှာ တိုက််စစ်ဆင် ကစားဟန်တွေ ပြသခဲ့ဖူးပါတယ် ။ ဒါပေမဲ့ တန်ဟတ် ရဲ့ ယူနိုက်တက် ကတော့ pressing game ကို အသင်းလိုက် ကစားဟန် နဲ့ လိုက်လျောညီထွေစွာ ကစားပြသွားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ် ။ မန်ချက််စတာ ယူနိုက်တက် အသင်းမှာ ပျောက်ဆုံးနေခဲ့တဲ့ အသင််းအဖွဲ့ စိတ်ဓါတ် ၊ ပိုမို ကျစ်လျစ်တဲ့ ကစားဟန် တစ်ခုကို ဒီပွဲမှာ မြင်တွေ့ခဲ့ရပါတယ် ။

(3) နေရာသစ်မှာ အံဝင်ခဲ့တဲ့ ဆန်ချို။ ။ ဂျေဒန် ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ရောက်လာခဲ့တဲ့နောက်ပိုင်း ဒေါ့မွန် တုန်းကလို ညာ တောင်ပံ တိုက်စစ် နေရာမှာ ခြေစွမ်းပြနိုင်ပုံ ပျောက််ဆုံးခဲ့ရပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဘယ် တောင်ပံ တိုက်စစ် နေရာမှာပဲ ခြေစွမ်းပိုပြခဲ့ပါတယ် ။ ဒါ့အပြင် အီလန်ဂါ ကလည်း ဘယ်တောင်ပံမှာ ကစားချင််ကြောင်း ပြောခဲ့တဲ့ အတွက် ညာတောင်ပံ အားနည်းတယ််လို့ ခံစားခဲ့ကြသူတွေက ဒီနေရာကို အင်အား ဖြည့်တင််းဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒီအတွက် တန်ဟတ် ကလည်း တပည့်ဟောင်း အန်တိုနီ ကို ခေါ်ယူလိုခဲ့ပါတယ် ။ ဒါပေမဲ့ ဒီနေ့မှာတော့ ဆန်ချိုဟာ ရပ်ရှ်ဖို့ ၊ မာရှယ် တို့နဲ့ တိုက်စစ်မှာ တွဲခဲ့ပြီး လိုက်လျောညီထွေစွာ ကစားပြသွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ပြိုင်ဖက် အသင်းရဲ့ အမှားကို အခွင့်အရေးယူပြီး အဖွင့်ဂိုးလည်း သွင်းယူပေးသွားနိုင်ခဲ့ပါတယ် ။

(4) no ronaldo, no problem လား ?။ ။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဒီနွေမှာ စျေးကွက်ထဲ လက်နှေးခဲ့တဲ့ အသင်းရဲ့ လုပ်ဆောင်ချက် ၊ ယူရိုပါလိဂ် သာ ကစားရမယ့် အနေအထားတွေအပေါ် စိတ်ပျက်နေခဲ့ပြီး ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားခဲ့ပါသေးတယ် ။ ဒါ့အပြင် ရော်နယ်ဒိုဟာ ရာသီကြို ပွဲစဥ်တွေ ကစားဖို့အတွက်် အသင်းနဲ့ မပူးပေါင်းသေးပဲ မိသားစု ကိစ္စကြောင့် မလာသေးတာလို့ သတင်းထုတ်ခဲ့ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ကစားသမားတွေကတော့ ပေါ်တူဂီသား မပါတဲ့ ပွဲစဥ်မှာ ပုံစံကောင်းတွေ ပြသသွားနိုင်ခဲ့ကြပါတယ် ။ အကယ်လို့ အသက် 37 နှစ် အရွယ် ရော်နယ်ဒိုသာ ဒီပွဲမှာ ပွဲထွက် ပါဝင်ခဲ့ရင် ယူနိုက်တက် တိုက်စစ်ဟာ အခုလို မြန်ဆန် သွက်လက်တဲ့ ကစားဟန်ကို ပုံဖော်နိုင်မလားဆိုတာ မသေချာလှပါဘူး ။ ဒီလို ကစားဟန်သာ ဆက်လက် ပုံဖော်ရင် no ronaldo ဆိုတဲ့ အသင်း ဖြစ်သွားနိုင်ပါတယ် ။

(5) မာရှယ် ကို စစ်ဆေးခြင်း။ ။ အန်သိုနီ မာရှယ် ဆိုတာ ကစားသမား ဘဝတစ်လျှောက် ဘယ်တောင်ပံ တိုက်စစ်သာ အများဆုံး ကစားခဲ့ရသူ တစ်ဦးပါပဲ ။ ဒါပေမဲ့ 2019 – 20 ရာသီတုန်းကတော့ ဆိုးလ်ရှားရဲ့ လက်အောက်မှာ အထောင် တိုက်စစ်မှူး အဖြစ် နဲ့ ကစားပေးခဲ့ပြီး ခြေစွမ်းပြထားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အသင်းဆီ ရော်နယ်ဒို ရောက်လာချိန် ၊ သူ့ရဲ့ စွမ််းဆောင်ရည် ကျဆင်းချိန်မှာ မာရှယ်ဟာ အငှားထွက်ခဲ့ရပါတယ် ။ အခုတော့ ရော်နယ်ဒို မရှိတဲ့ ရာသီကြို ပွဲစဥ်မှာ သူဟာ တိုက်စစ်မှူး အဖြစ် ပြန်လည် ကစားခဲ့ရပြီး စာမေးပွဲဲ စစ်ခံခဲ့ရပါတယ် ။ ဒီပွဲမှာတော့ တစ်ကိုယ်တော် စွမ်းဆောင်ရည်နဲ့ ဂိုးသွင်းပြနိုင်ခဲ့တဲ့ မာရှယ် ဟာ ပုံစံကောင်း အချို့ကို ပြသနိုင်ခဲ့ပြီး တိုက်စစ်ကို ဦးဆောင်နိုင်ကြောင်း ၊ နည်းပြအသစ်ရဲ့ pressing game ကို သူ့ရဲ့ မြန်နှုန်းနဲ့ ပုံဖော်ပေးနိုင်ကြောင််း ပြသသွားခဲ့ပါတယ် ။ ဆက်လက် စောင့်ကြည့်ဖို့တော့ လိုအပ်ပါသေးတယ် ။

(6) လီဗာပူး အတွက် စမ်းသပ်မှု လုပ်ခဲ့ရတဲ့ ပွဲ။ ။ ဥရောပရဲ့ အကောင်းဆုံး အသင်း သုံးသင်း စာရင်းဝင်တဲ့ လီဗာပူး အသင်းဟာ ယူနိုက်တက်တို့ဖက် တစ်ပါတ် နောက်ကျပြီးမှ လေ့ကျင့်ရေးတွေ စတင်ခဲ့ရပါတယ် ။ ဒါ့အပြင် ကစားသမားသစ်တွေနဲ့ လူငယ်တွေကိုပါ စီနီယာ အသင်းမှာ အံဝင်အောင် လုပ်ပေးနေခဲ့ရပါတယ် ။ ဒါ့ကြောင့် ယာဂင် ကလော့ပ် တို့ ပုံဖော်နေတဲ့ အသင်းမှ ကစားသမားလေးတွေဟာ ဒီလို ပွဲစဥ်မှာ ဘယ်လို ကစားပြမလဲဆိုတာ စမ်းသပ်ရတဲ့ ပွဲစဥ် တစ်ခုလို ဖြစ်ခဲ့ရပါတယ်် ။ ဒီပွဲမှာတော့ ကလော့ပ် က အသင်း တစ်သင်းကို မိနစ်် 30 မျှသာ ကစားစေတဲ့ ပုံစံနဲလ 3 သင်းခွဲကန်ခဲ့ပါတယ် ။ ဒါပေမဲ့ အဆုံးသတ် ရလဒ် ကတော့ ကလော့ပ် အတွက် မျှော်လင့်ထားသလို မကောင်းမွန်ခဲ့ပါဘူး ။ ကလော့ပ် အနေနဲဲ့ ပိုပြီး ဟန်ချက်ညီတဲ့ အသင်း ၊ တောင့်တင်းတဲ့ အသင််းကို ဖြစ်စေနိုင်ဖို့ လူငယ်တွေနဲ့ ကစားသမားသစ်တွေကို အံဝင်အောင် ပျိုးထောင်ပေးရပါဦးမယ် ။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဘန််ကောက်မှာ ရာသီကြို ခြေစမ်းပွဲ ( ဘန်ကောက်မြို့ နှစ် ရာပြည့် ဖလားပွဲ ) အဖြစ် ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းနဲ့ ကစားခဲ့ရပြီး 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ် ။ ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟတ် ဟာ အဖွင့်ပွဲမှာ မျက်နှာလှနိုင်ရေး အတွက် အတောင့်တင််းဆုံး လူစာရင်းကို ထုတ်ခဲ့ပေမဲ့ လီဗာပူး နည်းပြ ယာဂင် ကလော့ပ် ကတော့ လူငယ် အများစုနဲ့သာ ပွဲထွက်ခဲ့ပြီး ပွဲစဥ်ကို စတင်စေခဲ့ပါတယ် ။