မန်ယူနိုက်တက်နဲ့ ဒီဂျောင်တို့တို့ရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းဟာ ပြီးမလို ပြီးမလိုနဲ့ ဒီနေ့အချိန်အထိ အပြောင်းအရွှေ့ဟာ နီးစပ်တာထက် ပိုမလာသေးတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ မုဆိုးမလေး ဂင်္ဂါထက် အပိုင်း ၂ ပိုင်းလောက် ပိုကြာနေတဲ့ မန်ယူနိုက်တက်နဲ့ ဒီဂျောင် တို့ရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းဟာ ဘာကြောင့် ဒီလောက်ထိ ကြာနေရတာလဲဆိုတဲ့ အကြောင်းတရားကတော့ ဒီနေ့မှာ ထွက်ပေါ်လာခဲ့ ပြီပဲ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ကြွေးမြီပြဿနာတွေနဲ့ အခြေအနေတွေ တော်တော်လေး ယိုယွင်းနေတဲ့ အသင်းဖြစ်နေပြီး အသင်းရဲ့ ကစားသမားတွေ အပေါ်မှာတောင် လစာအကြွေးတွေ တင်ရှိနေတာ ဖြစ်ပြီး ဘာစီလိုနာထံကနေ လစာရဖို့ ကျန်နေတဲ့ ကစားသမားတွေထဲမှာ ဒီဂျောင်လည်း ပါဝင်လျက်ရှိနေတာ ဖြစ်ပါတယ်။ ဒီဂျောင်ဟာ ဘာစီလိုနာထံကနေ လစာအကြွေး ၁၇.၁ သန်း အထိ ရရှိဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။ ဒီဂျောင်နဲ့ ဘာစီလိုနာတို့ဟာ ကိုဗစ်ရိုက်ခတ်မှုနဲ့အတူ လစာလျှော့ယူဖို့ သဘောတူညီမှုရယူထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့လစာ အချို့ကိုလည်း နောက်မှ ရယူဖို့အတွက် ဘာစီလိုနာနဲ့ ဒီဂျောင်တို့ကြား သဘောတူညီမှု ရယူထားခဲ့ကြတာ ဖြစ်ပါတယ်။ ဆိုတော့ ဘာစီလိုနာထံကနေ ဒီဂျောင်ရရှိဖို့ ကျန်နေတဲ့ လစာငွေ ပမာဏဟာ ပေါင် ၁၃.၇ သန်းအထိ ရှိနေတာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ဒီဂျောင်ကို အေဂျက်အသင်းထံကနေ ခေါ်ယူစဥ်က စာချုပ်မှာ ထည့်သွင်းထားခဲ့တဲ့ အပိုဆုကြေး သဘောတူညီချက်အရ ဒီဂျောင်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ဘာစီလိုနာကစားခဲ့ရတဲ့ ပွဲအရေအတွက်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ဝင်ရောက်ကစားပေးထားခဲ့တာကြောင့် ဘာစီလိုနာဟာ ဒီဂျောင်ကို အပိုဆုကြေးအဖြစ် ပေါင် ၃.၄သန်း ထပ်မံ ပေးချေရဦးမှာ ဖြစ်ပါတယ်။

ဆိုတော့ ဘာစီလိုနာအနေနဲ့ ဒီဂျောင်ကို စုစုပေါင်းပေးချေဖို့ ပေါင် ၁၇.၁ သန်းအထိ ရှိတာပါ။ ဒါကြောင့်ပဲ ဘာစီလိုနာနဲ့ မန်ယူနိုက်တက်တို့ကြား ဒီဂျောင်ကို ခေါ်ယူဖို့ သဘောတူညီမှုတွေ ရလုနီးပါး ဖြစ်နေပေမဲ့ ဘာစီလိုနာရဲ့ ဒီဂျောင်အပေါ် ကျန်ရှိနေတဲ့ လစာကြွေး ကြောင့် အပြောင်းအရွှေ့ဟာ အပြီးသတ်ဖို့ ကြန့်ကြာနေတာပဲ ဖြစ်ပါတယ်။ မန်ယူနိုက်တက်ရဲ့ ဖြစ်ပုံက ဒီဂျောင်ကို လိုချင်ရင် ဒီဂျောင်အပေါ်တင်နေတဲ့ ဘာစီလိုနာရဲ့ လစာကြွေးတွေကို ကူဆပ်ပေးရမယ့်ပုံပေါက်နေတယ်လို့ ဆိုရမလို ဖြစ်နေတာပါ။

လက်ရှိ မန်ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ကြား ဒီဂျောင်ကိုခေါ်ယူဖို့အတွက် အသားတင်ပြောင်းရွှေ့ကြေး ယူရို ၆၅သန်းနဲ့ အပိုဆုကြေး ယူရို သန်း၂၀ တို့နဲ့ အကြမ်းဖျင်း သဘောတူညီမှုတွေ ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ မန်ယူနိုက်တက်တို့ဟာ လက်ရှိ နွေစျေးကွက်အတွင်း ကစားသမား ၅ ဦးလောက်အထိ ခေါ်ယူဖို့အတွက် ပြင်ဆင်ထားတာ ဖြစ်ပြီး လက်ရှိမှာတော့ ဖီရင်နုက ဘယ်နောက်ခံလူ လာမာစီယာ တစ်ဦးထဲကိုသာ ခေါ်ယူထားရခြင်း ရှိပါသေးတယ်။ အဲရစ်ဆင်ကို ၃ နှစ် စာချုပ်နဲ့ အလွတ်ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့ ပြီး ဖြစ်ပေမဲ့ အပြောင်းအရွှေ့ အပြီးသတ်ဖို့အတွက် ဆေးစစ်မှုတွေ ပြုလုပ်ဖို့ဘကျန်ရှိနေသေးတာပဲ ဖြစ်ပါတယ်။

အေဂျက်နောက်ခံလူ မာတီနက်ကိုလည်း ခေါ်ယူဖို့ အာဆင်နယ်နဲ့ အပြိုင် ကြိုးစားလျက်ရှိနေပြီး အာဆင်နယ်ထက် အသာစီးရနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေဂျက် တောင်ပံ တိုက်စစ်မှူး အန်တိုနီကိုလည်း ခေါ်ယူဖို့ ကြိုးစားလျက်ရှိနေပြီး ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ ဒီတော့လာမယ့်ရက်အတွင်း ရာသီကြိုခရီးစဥ် အဖြစ် ထွက်ခွာမယ့် မန်ယူနိုက်တက် လူစာရင်းမှာ လာမာစီယာတစ်ယောက်ပဲ လိုက်ပါသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက်နဲ့ ဒီဂျောင်တို့တို့ရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းဟာ ပြီးမလို ပြီးမလိုနဲ့ ဒီနေ့အချိန်အထိ အပြောင်းအရွှေ့ဟာ နီးစပ်တာထက် ပိုမလာသေးတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ မုဆိုးမလေး ဂင်္ဂါထက် အပိုင်း ၂ ပိုင်းလောက် ပိုကြာနေတဲ့ မန်ယူနိုက်တက်နဲ့ ဒီဂျောင် တို့ရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းဟာ ဘာကြောင့် ဒီလောက်ထိ ကြာနေရတာလဲဆိုတဲ့ အကြောင်းတရားကတော့ ဒီနေ့မှာ ထွက်ပေါ်လာခဲ့ ပြီပဲ ဖြစ်ပါတယ်။