ဘာစီလိုနာ အသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီက ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ရဲ့ အနာဂတ် ဟာ သူ့ရဲ့ လက်ထဲမှာ မရှိဘူးလို့ ပြောကြားခြင်းဖြင့် လာမဲ့နွေစျေးကွက်မှာ အသင််းပြောင်းနိုင််ခြေ ရှိနေကြောင်း အရိပ်အမြွတ် ဖွင့်ဟသွားခဲ့လိုက် ပါတယ် ။ မန်ချက်စတာ ညနေခင်း သတင်းကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာတဲ့ အဲရစ် တန််ဟတ်ဟာ သူ့ရဲ့ လက်အောက်မှာ တောက်ပနိုင်ခဲ့တဲ့ ဖရန်ကီ ဒီဂျောင်ကို ပြန်လည် ခေါ်ယူလိုတဲ့အတွက် ပြောင်းရွှေ့ကြေး ပေါင် 75 သန်း ပေးပြီး ဒီဂျောင်ကို ခေါ်ယူနိုင်တယ်လို့ ဖော်ပြနေခဲ့ပါတယ် ။

အဲရစ် တန်ဟတ် ဆိုတာက အေဂျက်ဇ် အသင်းကို 2019 ခုနှစ် တုန်းက ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် အဆင့်အထိ ပို့ဆောင််ပေးနိုင်ခဲ့သူ ဖြစ်ပြီး အဆိုပါ ရာသီက သူ့ရဲ့ လက်အောက််မှာ ဒီဂျောင်ဟာ အထူးတောက်ပတဲ့ ကစားသမား တစ်ဦး ဖြစ်နိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့်လည်း ဘာစီလိုနာ အသင်းဟာ 2019 နွေမှာပဲ သူ့ကို မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမဲ့နွေမှာတော့ ဝါရင့် ကွင်းလယ် ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ နီမန်ဂျာ မာတစ် နဲ့ ပေါ့ဂ်ဘာ တို့ကို လက်လွှတ်ဆုံးရှုံးသွားဖို့ ရှိနေပါတယ် ။

ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင််းလယ်ပိုင်း အင်အား ဖြည့်တင်းလိုနေပြီး တန်ဟတ် နဲ့ အဆင်ပြေနိုင်မယ့် ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူလို ရနိုင်မလားဆိုတာ ဘာစီလိုနာ အသင်းဆီ မေးမြန်းခဲ့ပါတယ် ။ ဒါပေမဲ့ အခုထိ ဘယ်လို သဘောတူညီမှုမှ မရနိုင်သေးပါဘူး ။ သူဟာ ဒီရာသီမှာတော့ အကောင်းဆုံး ပုံစံတွေကို မပြနိုင််ခဲ့သေးပေမဲ့ အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်တွေတော့ ရယူနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် သူဟာ ဇာဗီ နဲ့ ဆက်လက် ပူးပေါင််းလိမ့်မယ်လို့ ထင်ကြေးပေးခံရပြီး ဇာဗီ ကိုယ်တိုင် ကလည်း ကွင်းလယ်လူကို အသင်းမှာပဲ ဆက်လက် ရှိနေစေလိုပါတယ် ။

အခုတော့ ဒီဂျောင်ရဲ့ အနာဂတ်အကြောင်း အမေးခံရချိန််မှာတော့ ကစားသမားရဲ့ အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့် ရှိမယ်ဆိုရင် သူ့ကို အသင်းမှာပဲ နှစ်ပေါင်းများစွာ ဆက်လက်် ရှိစေလိုကြောင်း ၊ သူဟာ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်နိုင်မယ့်သူ ဖြစ်ကြောင်း မတင်မကျ ဖြေခဲ့လိုက်ပါတယ် ။ ” သူ့ရဲ့ အနာဂတ် အကြောင်း ဖရန်ကီ နဲ့ မပြောရသေးပါဘူး ။ သူဟာ တကယ့်ကို ကောင်းမွန်တဲ့ အဆင့် တစ်ခုမှာ ကစားနေပြီး ဒီမှာ ဆက်ကောင်းပြနိုင်ခဲ့ပါတယ် ။”

“လာမဲ့ နှစ်တွေ အများကြီးထဲမှာတော့ သူဟာ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူ တစ်ဦးတောင် ဖြစ်လာနိုင်မယ့် သူမျိုးပါ ။ သူ့ရဲ့ အနာဂတ်သာ ကျွန်တော့်အပေါ် မူတည်နေမယ်ဆိုရင် သူ့ကို အသင်းမှာပဲ နှစ်တွေ အကြာကြီး ဆက်ပြီး ထိန်းသိမ်းထားလိုက်မှာပါ ။ သူက အရေးကြီးတဲ့ အသင််းသား တစ်ဦးပါပဲ ။ သူ့အနေနဲ့ ဂိုးတွေ ဆက်လက်သွင်းယူ ၊ ဖန်တီးမှုတွေ ဆက်လက်လုပ်ဆောင်ရင်း တောက်ပရပါဦးမယ် ” လို့ ဇာဗီ က မရေရာတဲ့ အဖြေကိုပဲ ပြောသွားခဲ့လိုက်ပါတယ် ။

ZAWGYI: ဘာစီလိုနာ အသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီက ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ရဲ့ အနာဂတ် ဟာ သူ့ရဲ့ လက်ထဲမှာ မရှိဘူးလို့ ပြောကြားခြင်းဖြင့် လာမဲ့နွေစျေးကွက်မှာ အသင််းပြောင်းနိုင််ခြေ ရှိနေကြောင်း အရိပ်အမြွတ် ဖွင့်ဟသွားခဲ့လိုက် ပါတယ် ။ မန်ချက်စတာ ညနေခင်း သတင်းကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာတဲ့ အဲရစ် တန််ဟတ်ဟာ သူ့ရဲ့ လက်အောက်မှာ တောက်ပနိုင်ခဲ့တဲ့ ဖရန်ကီ ဒီဂျောင်ကို ပြန်လည် ခေါ်ယူလိုတဲ့အတွက် ပြောင်းရွှေ့ကြေး ပေါင် 75 သန်း ပေးပြီး ဒီဂျောင်ကို ခေါ်ယူနိုင်တယ်လို့ ဖော်ပြနေခဲ့ပါတယ် ။