ပရီးမီးယားလိဂ်ကို လောလောလတ်လတ်တန်းတက်လာခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွါဖို့အတွက် စိတ်ဝင်စားနေတဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကြောင်း သိရပါတယ်။ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ဖော်ပြချက်အရ ဖောရက်စ်အသင်းအနေနဲ့ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယူနိုက်တက်ဂိုးသမားကို ပေါင်သန်း ၂၀ နဲ့အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှါးစာချုပ်နဲ့ ခေါ်ယူဖို့အတွက် ဆန္ဒရှိနေကြောင်း သိရပါတယ်။

ဖောရက်စ်အသင်းအနေနဲ့ ဟန်ဒါဆန်ကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင်ကြိုးပမ်းရနိုင်ပြီး နယူးကာဆဲလ်ယူနိုက်တက်အသင်းကလည်း ဟန်ဒါဆန်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ဟန်ဒါဆန်အနေနဲ့ ပထမဦးစားပေးကစားသမားအဖြစ် ပွဲထွက်ကစားခွင့်ရဖို့အတွက် အားသန်နေပြီး ဒါးဗစ် ဒဟေးယားရဲ့ ပုံစံကောင်းတွေကြောင့် ယူနိုက်တက်ကလည်း သူ့ကို အဆိုပါအနေအထားမျိုးကို ပေးစွမ်းနိုင်စွမ်း မရှိတာဖြစ်ပါတယ်။

ယူနိုက်တက်အကယ်ဒမီထွက်ဂိုးသမားအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီအနည်းငယ်တုန်းက အောင်မြင်တဲ့ဘောလုံးရာသီတွေကို ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းနဲ့အတူ ရရှိခဲ့ပြီး ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို အတူတကွတက်ရောက်လာနိုင်ခဲ့သလို ရှက်ဖီးလ်ဒ်ယူနိုက်တက်ရဲ့ ရာသီကုန်မှာ အဆင့် ၉ နဲ့ပိတ်သိမ်းနိုင်ခဲ့တဲ့ ဘောလုံးရာသီမှာလည်း လက်စွမ်းပြနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အဆိုပါဘောလုံးရာသီအပြီးမှာတော့ သူ့အနေနဲ့ပြသခဲ့တဲ့ အထင်ကြီးစရာစွမ်းဆောင်ရည်တွေကြောင့် ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ဒဟေးယားရုန်းကန်နေရချိန်မှာ ပွဲထွက်ခွင့်တစ်နေရာကို ရယူနိုင်ခဲ့သလို ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာဟောင်း အိုလေ ဂန်းနား ဆိုးလ်ရှားက ဟန်ဒါဆန်ကို ကမ္ဘာ့အဆင့်ဂိုးသမားလို့ ပြောသွားခဲ့ပြီး “သူ့အနေနဲ့ အင်္ဂလန်ရဲ့ နံပါတ် ၁ ဂိုးသမားဖြစ်လာပါလိမ့်မယ်။ ပြီးတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နံပါတ် ၁ လည်း တူညီတဲ့အချိန်မှာပဲ ဖြစ်လာမှာပါ”လို့ ချီးကျူးခဲ့ဖူးတာဖြစ်ပါတယ်။ ဒါပေမယ့် ယူရိုပြိုင်ပွဲကာလအတွင်းမှာ ဟန်ဒါဆန်အနေနဲ့ ပြင်းထန်တဲ့ တင်ပါးဒဏ်ရာကို ခံစားခဲ့ရပြီး ရာသီမစခင်မှာလည်း ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် အသင်းရဲ့ပွဲစဉ်အချို့ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

သူမကစားနိုင်ခဲ့စဉ်ကာလအတွင်း ဒဟေးယားအနေနဲ့ သူ့နေရာကို ပြန်လည်သိမ်းယူနိုင်ခဲ့ချိန်မှာ စပိန်သားရဲ့ ပြန်လည်တိုးတက်လာတဲ့လက်စွမ်းကြောင့် ဟန်ဒါဆန်အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ၃ ပွဲသာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ဟန်ဒါဆန်အနေနဲ့ အသင်းကနေ ထွက်ခွါဖို့အတွက် မျှော်မှန်းထားရပြီး အငှါးနဲ့ဖြစ်စေ အပြီးသတ်ပြောင်းရွှေ့တာဖြစ်စေ ထွက်ခွါဖို့အတွက်ဖြစ်စေ ရှိနေသလို ၂၀၂၂ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ ပွဲကစားခွင့်လိုအပ်နေတာကြောင့် အသင်းကနေ ထွက်ဖို့ကိုသာ ဆန္ဒရှိနေတာဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်နဲ့ အာဆင်နယ်အသင်းရဲ့ဂိုးသမား အာရွန် ရမ်စ်ဒေးလ်တို့အနေနဲ့ အင်္ဂလန်လက်ရွေးစင်နည်းပြချုပ် ဂါရက်သ် ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုမှာ ပင်တိုင်ပါဝင်နေပေမယ့် တတိယဂိုးသမားနေရာအတွက်တော့ တံခါးဖွင့်ထားပြီး ဘန်လေရဲ့ နစ်ခ်ပုပ်အပြင် ဝက်စ်ဘရွန်းအသင်းရဲ့ ဆမ် ဂျွန်စတုန်းတို့အပါအဝင် အခြားဂိုးသမားတွေလည်း အပြိုင်အဆိုင်ဖြစ်နေပါတယ်။

ZAWGYI: ပရီးမီးယားလိဂ်ကို လောလောလတ်လတ်တန်းတက်လာခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွါဖို့အတွက် စိတ်ဝင်စားနေတဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကြောင်း သိရပါတယ်။ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ဖော်ပြချက်အရ ဖောရက်စ်အသင်းအနေနဲ့ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယူနိုက်တက်ဂိုးသမားကို ပေါင်သန်း ၂၀ နဲ့အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှါးစာချုပ်နဲ့ ခေါ်ယူဖို့အတွက် ဆန္ဒရှိနေကြောင်း သိရပါတယ်။