မန်ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ပေါ့ဘာဟာ လက်ရှိအချိန်မှာတော့ မန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီး ဖြစ်တာကြောင့် မန်ယူနိုက်တက်ကနေ တရားဝင် ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပေါ့ဘာအနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ပေါ့ဘာကို ခေါ်ယူဖို့ လာလီဂါကလပ် ရီးရဲလ်၊ ပြင်သစ်ဘီလူးကြီး၊ ပီအက်စ်ဂျီနဲ့ ဂျုဗင်တပ်အသင်းတို့က စိတ်ဝင်စားလျက်ရှိနေတာ ဖြစ်ပါတယ်။

ဒီထဲမှာ ပေါ့ဘာအနေနဲ့ အသင်းဟောင်း ဂျုဗင်တပ်ထံ ပြန်လည် ပြောင်းရွှေ့ဖို့ ရေပန်းအစားဆုံး ဖြစ်နေတာပါ။ ရီးရဲလ်ဟာ အရင်က ပေါ့ဘာကိုခေါ်ယူဖို့ စိတ်အားထက်သန်မှုတွေ ရှိခဲ့ပေမဲ့လည်း လက်ရှိအချိန်မှာတော့ သွေးအေးသွားခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီကလည်း ပေါ့ဘာကို ခေါ်ယူချင်နေတဲ့ အသင်းဖြစ်ပေမဲ့ လက်ရှိအချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမယ့် ပေါ့ဘာကို ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ ပြုလုပ်ထားခြင်း မရှိသေးတာကို တွေ့ရပါတယ်။

ဒီအခြေအနေမှာ ဂျုဗင်တပ်ကတော့ ပေါ့ဘာကို ခေါ်ယူဖို့ ပိုပြီးတော့ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်နေပြီး၊ ပေါ့ဘာကိုယ်တိုင်ကလည်း သူ့ရဲ့ ကစားသမားဘ၀ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့တဲ့ ဂျုဗင်တပ်ဆီကိုပဲ ပြန်ချင်နေတာလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျုဗင်တပ်နဲ့ အီတလီအသင်းတို့ရဲ့ ဂန္ဓဝင် ကစားသမားကြီးဖြစ်တဲ့ ဘလွန်းဒီအော်ဆုရှင်ဟောင်း ကန်နာဗာရိုးကိုတော့ ပေါ့ဘာအနေနဲ့ ဂျုဗင်တပ်ပြောင်းလာမယ်ဆိုရင် အချိုးလေးတွေကို ပြင်လာရမယ့် အကြောင်းကို သတိပေးပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

” ပေါ့ဘာကို ဂျုဗင်တပ်ဆီကို ပြန်ပြောင်းလာမယ့်အပေါ်မှာလား၊ ကျွန်တော်သူ့ကို တူရင်မှာ နောက်တစ်ကြိမ် ထပ်ပြီး မြင်ရဖို့ မျှော်လင့်ပါတယ်၊ ဒါပေမဲ့ ဂျုဗင်တပ်မှာ တောက်ပခဲ့တဲ့ ပေါ့ဘာကိုပဲ ကျွန်တော် မြင်ရဖို့ မျှော်လင့်တာပါ၊ သူ့မှာ အကြောင်းအရင်းတွေ ရှိဖို့ရှိနေပါတယ်၊ ပြီးခဲ့တဲ့ရာသီတွေက ခြေစွမ်းမျိုးတွေနဲ့ ပေါ့ဘာကိုတော့ ပြင်သစ် ဒါမှမဟုတ် ဂျုဗင်တပ်မှာ အသုံးဝင်လာမှာ မဟုတ်ပါဘူး ” လို့ ကန်နာဗာရိုးက ပေါ့ဘာကို သတိပေး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ မန်ယူနိုက်တက်ကို (၂၀၁၆)ခုနှစ်မှာ ပြန်လည် ပြောင်းရွှေ့လာခဲ့ပေမဲ့ မန်ယူနိုက်တက်မှာ ရှိနေတဲ့ အချိန်ကာလအတွင်းမှာ ပေါ့ဘာအနေနဲ့ ဂျုဗင်တပ်နဲ့ ပြင်သစ်မှာ ပြသခဲ့တဲ့ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို တွေ့မြင်ခဲ့ရခြင်းတော့ မရှိခဲ့ပါဘူး။ ဖာဂူဆန်ကိုယ်တိုင်ကိုက ပေါ့ဘာဟာ သူ့ကို ဒါလုပ်၊ ပြီးရင် ဒါလုပ်ဆို ပြီး လမ်းညွှန်ပေးမယ့် သူမရှိရင် ပေါ့ဘာဟာ ဘာမှ လုပ်တတ်ကိုင်တတ်တဲ့ ကောင်မဟုတ်ဘူးလို့ မှတ်ချက်ပေးထားခဲ့တာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်မှာ ပေါ့ဘာဟာ ဦးဆောင်နိုင်ခဲ့ ခြင်းမရှိခဲ့တာကို ကြည့်ရင် ဖာဂူဆန်ရဲ့ မှတ်ချက် မှန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်မှာ မော်ရင်ဟိုလက်ထက်ကဆိုရင် ပေါ့ဘာကို ဗိုင်းရပ်လို့တောင် ဝေဖန်မှတ်ချက်ပေးထားခဲ့ ဖူးတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့်ပဲ ပေါ့ဘာအနေနဲ့ မန်ယူနိုက်တက်မှာ ရှိစဉ်က အခြေအနေတွေကနေ ပြန်လည် ရုန်းထွက်ပြဖို့ လိုအပ်နေတာ ဖြစ်ပြီး ဂျုဗင်တပ်မှာ ခြေစွမ်းပိုင်းတွေ တိုးတက်လာဖို့ လိုအပ်နေတာဖြစ်ကြောင်း ကန်နာဗာရိုးက သတိပေးခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာအနေနဲ့ မန်ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် လာမယ့် အသင်းသစ်မှာ အောင်မြင်မှုတွေ ခြေစွမ်းကောင်းတွေ ပြန်လည် ရှာတွေ့ သွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ပေါ့ဘာဟာ လက်ရှိအချိန်မှာတော့ မန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီး ဖြစ်တာကြောင့် မန်ယူနိုက်တက်ကနေ တရားဝင် ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပေါ့ဘာအနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ပေါ့ဘာကို ခေါ်ယူဖို့ လာလီဂါကလပ် ရီးရဲလ်၊ ပြင်သစ်ဘီလူးကြီး၊ ပီအက်စ်ဂျီနဲ့ ဂျုဗင်တပ်အသင်းတို့က စိတ်ဝင်စားလျက်ရှိနေတာ ဖြစ်ပါတယ်။