ရာ့ဖ်ရန်းနစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရာထူးကနေ ထွက်ခွါလာခဲ့ပြီးနောက် ဩစတြီးယားလက်ရွေးစင်အသင်းအပေါ် အပြည့်အဝအာရုံစိုက်နိုင်တော့မှာဖြစ်လို့ ကျေနပ်နေတာပါ။

ရာ့ဖ်ရန်းနစ်က နှစ်ဦးနှစ်ဖက်ကောင်းကျိုးအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့အတိုင်ပင်ခံရာထူးကိုမရယူဘဲ အသင်းကနေထွက်ခွါလာရတာဖြစ်တယ်လို့ ရှင်းပြလာပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြကြီးရာ့ဖ်ရန်းနစ်ဟာ အသင်းရဲ့အတိုင်ပင်ခံရာထူးကိုရယူတော့မှာမဟုတ်ဘဲ အသင်းကနေထွက်ခွါမှာဖြစ်ကြောင်း မနေ့ကကြေငြာလာတာပါ။

ရာဖ့်ရန်းနစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းက အိုလေဂန်နာဆိုးရှားကိုထုတ်ပယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ယာယီနည်းပြသစ် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင်ဂျာမန်သားဟာ အသင်းမှာအတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်ရှိဖို့ပါသဘောတူခဲ့ပေမယ့် ဩစတြီးယားအသင်းနည်းပြဖြစ်လာပြီးနောက် အသင်းကနေထွက်ခွါမယ့်အရိပ်အယောင်မျိုး မြင်တွေ့လာရတာပါ။

အဲရစ်တန်ဟက်ကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင်နည်းပြသစ်ဖြစ်လာပြီးနောက် ရာ့ဖ်ရန်းနစ်ရဲ့အင်္ဂလန်ကနေ့ရက်တွေဟာလဲ ကုန်ဆုံးသွားခဲ့ရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ နည်းပြရန်းနစ်က’ ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲပြီးတော့ ယူနိုက်တက်ရဲ့တာဝန်ရှိသူတွေ၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ ကျွန်တော်ဆွေးနွေးခဲ့တယ်။ သူတို့နဲ့အရင်ကတည်းက အနီးကပ်ရှိပြီးသားပါ’

‘ရက်နည်းနည်းလောက်စဉ်းစားပြီးတဲ့အခါကျတော့ အခုလိုဆုံးဖြတ်ချက်ထွက်လာတာပေါ့။ မန်ချက်စတာယူနိုက်တက်အသင်းအတွက်လဲကောင်းသလို လက်ရွေးစင်အသင်းကိုကိုင်တွယ်မယ့်ကျွန်တော့်အတွက်လဲ အာရုံစိုက်ခွင့်ရသွားတာပေါ့’

‘အဲ့တာကြောင့် ကျွန်တော်တို့အရင်ကသဘောတူထားတဲ့ ရာသီကုန်မှာအတိုင်ပင်ခံဖြစ်ခွင့်ဆိုတဲ့အချက်ကို နှစ်ဦးနှစ်ဖက်သဘောတူ ကျွန်တော်တို့ဖျက်သိမ်းလိုက်တာပါ’ လို့ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၁/၂၂ ဘောလုံးရာသီမှာ အဆင့် ၆နေရာနဲ့သာရာသီသိမ်းခဲ့တာဖြစ်ပြီး ရာသီသိမ်းချိန်မှာ ချန်ပီယံမန်စီးတီးအသင်းနဲ့ ၃၅မှတ်အထိကိုကွာဟခဲ့တာပါ။

ZAWGYI: ရာ့ဖ်ရန်းနစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရာထူးကနေ ထွက်ခွါလာခဲ့ပြီးနောက် ဩစတြီးယားလက်ရွေးစင်အသင်းအပေါ် အပြည့်အဝအာရုံစိုက်နိုင်တော့မှာဖြစ်လို့ ကျေနပ်နေတာပါ။