ယာဂန်ကလော့က မနေ့ညက ဘန်ကောက်မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ လီဗာပူးဟာ မန်ချက်စတာယူနိုက်တက်ကို ၄-၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဒီပွဲစဉ်ရဲ့ workout ကနေ သူတို့ အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ သူတို့ရဲ့ နွေရာသီ ပထမဦးဆုံး ခြေစမ်းပွဲစဉ်မှာ အဲရစ်တန်းဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်ကို Rajamangala Stadium မှာ ဆန်ချို ဖရက် မာစီရယ် နဲ့ ပယ်လစ်စတွီ တို့ရဲ့ ဂိုးတွေနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

ကလော့ဟာ ဒီပွဲစဉ်မှာ ကစားသမား ၃၂ ဦးကို မိနစ် ၃၀ စီ သုံးပိုင်းခွဲကာ အသုံးပြုသွားခဲ့ပြီး ကစားသမားသစ် ဖြစ်ကြတဲ့ ဖေဘီယိုကာဗယ်ဟို နဲ့ ဒါ၀င်နူးနက် တို့ ပါ၀င် ကစားသွားခဲ့ပါတယ်။ ဒီပွဲစဉ် အပြီးမှာ ယာဂန်ကလော့က “ဒီပွဲစဉ်ဟာ ကျွန်တော်တို့ အတွက် အနည်းငယ် စောနေပါသေးတယ်။ အထူးသဖြင့် ကစားသမား တစ်ချို့ အတွက် ဖြစ်ပါတယ်။ ဒီပွဲစဉ်ကနေ ကောင်းတဲ့အရာတွေ အများကြီးကို ကျွန်တော် မြင်တွေ့ခဲ့ပါတယ်။ ”

” ဒါပေမယ့် အဆုံးအဖြတ် အခိုက်အတန့်တွေမှာ ကျွန်တော်တို့ဟာ အခြေအနေတွေကို အပိုင် အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပြိုင်ဘက်ကို ကြီးမားတဲ့ အခွင့်အရေးတွေလည်း ပေးခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒါတွေကို ကောင်းစွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ရတဲ့ အခွင့်အရေးတွေကို အသုံးချသွားခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို ၀န်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပေးခဲ့တာဟာ အနည်းငယ်တော့ များလွန်းနေခဲ့ပါတယ်။ ”

” ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာကို မုန်းတီးပေးမယ့် ဒီအချိန်မှာ အရေးကြီးဆုံးအရာ ကတော့ အားလုံးဟာ အခုဆိုရင် ပွဲချိန် မိနစ် ၃၀ ကစားခွင့် ရသွားခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ချို့ အတွက်ကတော့ training ၃ ရက်ထဲနဲ့ ဒီလို ကစားခိုင်းတာဟာ အနည်းငယ်တော့ ပြင်းထန်ပါတယ်။ ဒါပေမယ့် ဒါဟာ ပရိုဘောလုံးသမားတွေရဲ့ ဘ၀ပါပဲ။ ကျွန်တော်တို့ အခုဆိုရင် ဒီကနေ တဆင့် အလုပ်ဆက်လုပ်သွားမှာပါ။” ဒီပွဲစဉ်က အပေါင်းလက္ခဏာဆောင်တဲ့ အခိုက်အတန့်တွေကို မေးခဲ့ရာမှာ ကလော့က

“ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့ နောက်ဆုံး ၄ မိနစ်မှာ ချေပဂိုးတွေ ရခဲ့သင့်ပေမယ့် ဒီလိုပဲ ဖြစ်သွားခဲ့ပါတယ်။ ဘောလုံးဟာ ရလဒ်ကို အဓိကထားပြောတဲ့ဟာ ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ လာမည့်တစ်ရာသီလုံး အတွက် ပြင်ဆင်သွားရမှာပါ။ ဒီပွဲအတွက်တော့ ပြင်ဆင်ဖို့ အချိန် သိပ်မရှိခဲ့ပါဘူး။ ဒါ့ကြောင့် ဒီနေ့ပွဲမှာ အသင်း ၃ သင်းကို မိနစ် ၃၀ စီပဲ ကစားစေခဲ့ရတာပါ။ ကျွန်တော်တို့ training လုပ်လာတာ ၈ ရက်ပဲ ရှိသေးပြီး တစ်ချို့ ကစားသမားတွေဟာ ၃ ရက်ပဲ ရှိပါသေးတယ်။ ဒါပါပဲ။ ”

” ကျွန်တော်တို့ ဒီကနေပဲ စတင်သွားရမှာပါ။ ကျွန်တော်တို့ ပရိတ်သတ်တွေ အတွက် ဂိုးအနည်းငယ်တော့ သွင်းပေးချင်တာ အမှန်ပါပဲ။ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ကျွန်တော်တို့ အသုံးမချနိုင်ခဲ့တာပါ။ ဒါပါပဲ။” လို့ ပြောခဲ့ပါတယ်။ လီဗာပူးဟာ လာမည့် သောကြာနေ့ စင်ကာပူမှာ ခရစ်စတယ်ပဲလေ့စ်နဲ့ ခြေစမ်းပွဲ ကစားပြီးနောက် ယူကေကို ပြန်လည် ထွက်ခွာမှာ ဖြစ်ကာ အဲဒီနောက် သြစတီးယားမှာ camp ၀င်သွားမှာ ဖြစ်ပါတယ်။

ZAWGYI: ယာဂန်ကလော့က မနေ့ညက ဘန်ကောက်မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ လီဗာပူးဟာ မန်ချက်စတာယူနိုက်တက်ကို ၄-၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဒီပွဲစဉ်ရဲ့ workout ကနေ သူတို့ အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ သူတို့ရဲ့ နွေရာသီ ပထမဦးဆုံး ခြေစမ်းပွဲစဉ်မှာ အဲရစ်တန်းဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်ကို Rajamangala Stadium မှာ ဆန်ချို ဖရက် မာစီရယ် နဲ့ ပယ်လစ်စတွီ တို့ရဲ့ ဂိုးတွေနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

ကလော့ဟာ ဒီပွဲစဉ်မှာ ကစားသမား ၃၂ ဦးကို မိနစ် ၃၀ စီ သုံးပိုင်းခွဲကာ အသုံးပြုသွားခဲ့ပြီး ကစားသမားသစ် ဖြစ်ကြတဲ့ ဖေဘီယိုကာဗယ်ဟို နဲ့ ဒါ၀င်နူးနက် တို့ ပါ၀င် ကစားသွားခဲ့ပါတယ်။ ဒီပွဲစဉ် အပြီးမှာ ယာဂန်ကလော့က “ဒီပွဲစဉ်ဟာ ကျွန်တော်တို့ အတွက် အနည်းငယ် စောနေပါသေးတယ်။ အထူးသဖြင့် ကစားသမား တစ်ချို့ အတွက် ဖြစ်ပါတယ်။ ဒီပွဲစဉ်ကနေ ကောင်းတဲ့အရာတွေ အများကြီးကို ကျွန်တော် မြင်တွေ့ခဲ့ပါတယ်။

ဒါပေမယ့် အဆုံးအဖြတ် အခိုက်အတန့်တွေမှာ ကျွန်တော်တို့ဟာ အခြေအနေတွေကို အပိုင် အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပြိုင်ဘက်ကို ကြီးမားတဲ့ အခွင့်အရေးတွေလည်း ပေးခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒါတွေကို ကောင်းစွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ရတဲ့ အခွင့်အရေးတွေကို အသုံးချသွားခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို ၀န်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပေးခဲ့တာဟာ အနည်းငယ်တော့ များလွန်းနေခဲ့ပါတယ်။

ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာကို မုန်းတီးပေးမယ့် ဒီအချိန်မှာ အရေးကြီးဆုံးအရာ ကတော့ အားလုံးဟာ အခုဆိုရင် ပွဲချိန် မိနစ် ၃၀ ကစားခွင့် ရသွားခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ချို့ အတွက်ကတော့ training ၃ ရက်ထဲနဲ့ ဒီလို ကစားခိုင်းတာဟာ အနည်းငယ်တော့ ပြင်းထန်ပါတယ်။ ဒါပေမယ့် ဒါဟာ ပရိုဘောလုံးသမားတွေရဲ့ ဘ၀ပါပဲ။ ကျွန်တော်တို့ အခုဆိုရင် ဒီကနေ တဆင့် အလုပ်ဆက်လုပ်သွားမှာပါ။” ဒီပွဲစဉ်က အပေါင်းလက္ခဏာဆောင်တဲ့ အခိုက်အတန့်တွေကို မေးခဲ့ရာမှာ ကလော့က

“ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့ နောက်ဆုံး ၄ မိနစ်မှာ ချေပဂိုးတွေ ရခဲ့သင့်ပေမယ့် ဒီလိုပဲ ဖြစ်သွားခဲ့ပါတယ်။ ဘောလုံးဟာ ရလဒ်ကို အဓိကထားပြောတဲ့ဟာ ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ လာမည့်တစ်ရာသီလုံး အတွက် ပြင်ဆင်သွားရမှာပါ။ ဒီပွဲအတွက်တော့ ပြင်ဆင်ဖို့ အချိန် သိပ်မရှိခဲ့ပါဘူး။ ဒါ့ကြောင့် ဒီနေ့ပွဲမှာ အသင်း ၃ သင်းကို မိနစ် ၃၀ စီပဲ ကစားစေခဲ့ရတာပါ။ ကျွန်တော်တို့ training လုပ်လာတာ ၈ ရက်ပဲ ရှိသေးပြီး တစ်ချို့ ကစားသမားတွေဟာ ၃ ရက်ပဲ ရှိပါသေးတယ်။ ဒါပါပဲ။

ကျွန်တော်တို့ ဒီကနေပဲ စတင်သွားရမှာပါ။ ကျွန်တော်တို့ ပရိတ်သတ်တွေ အတွက် ဂိုးအနည်းငယ်တော့ သွင်းပေးချင်တာ အမှန်ပါပဲ။ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ကျွန်တော်တို့ အသုံးမချနိုင်ခဲ့တာပါ။ ဒါပါပဲ။” လို့ ပြောခဲ့ပါတယ်။ လီဗာပူးဟာ လာမည့် သောကြာနေ့ စင်ကာပူမှာ ခရစ်စတယ်ပဲလေ့စ်နဲ့ ခြေစမ်းပွဲ ကစားပြီးနောက် ယူကေကို ပြန်လည် ထွက်ခွာမှာ ဖြစ်ကာ အဲဒီနောက် သြစတီးယားမှာ camp ၀င်သွားမှာ ဖြစ်ပါတယ်။