မန်ယူနိုက်တက်အသင်း ပရိသတ်တစ်ဦးဟာ မန်စီးတီးအသင်းဟာ မာန်တက်နေတဲ့ အသင်းလို့ ခေါင်းစဉ်တပ် ဝေဖန်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ရာသီသစ်မှာ ရလိမ့်မှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ တီမီလို့ခေါ်တဲ့ မန်ယူနိုက်တက် ပရိသတ်တစ်ဦးဟာ နာမည်ကြီး သတင်းစာ တစ်ခုနဲ့ အင်တာဗျုးတစ်ခုမှာ အခုလိုမျိုးပဲ ပြောကြားးသွားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးတို့ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ အဲဗာရက်၊ ဟာလန်းနဲ့ ဖီးလစ်တို့လို ကစားသမားတွေကို ခေါ်ယူထားခဲ့ပြီး ဖြစ်ပေမဲ့ စတာလင်းနဲ့ ဂျီးဆပ်စ်တို့ကိုတော့ ပြန်လည်ပြီးတော့ ရောင်းချထားခဲ့ပါတယ်။

ဂျီးဆပ်စ်ကို အာဆင်နယ် အသင်းထံကို အပြီးသတ်ရောင်းချခဲ့ပြီး ဖြစ်သလို စတာလင်းကိုလည်း ပေါင်သန်း(၅၀) ဝန်းကျင်နဲ့ ချဲလ်ဆီးအသင်းထံကို ရောင်းချထားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မန်ယူနိုက်တက် ပရိသတ်တစ်ဦးက ” ဒီနှစ် ပရီးမီးယားလိဂ်ဖလားကို မန်စီးတီး မရဘူးဆိုတာ ကျွန်တော် အာမခံပါတယ်၊ သူတို့က ဂျီးဆပ်စ်နဲ့ စတာလင်းကို ပြိုင်ဘက် ကလပ်တွေဆီ ရောင်းချတဲ့ အထိကို မာန်တက်နေကြတာပါ၊ ဂွာဒီယိုလာ လက်ထက်မှာ စတာလင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် စဉ်းစားလိုက်တဲ့ အခါမှာ ဂွာဒီယိုလာ လက်အောက်ကစားခဲ့တဲ့ ကစားသမားတွေထဲမှာ မက်ဆီက ဂိုးအများဆုံး သွင်းပေးထားတဲ့သူ၊ ပြီးရင် အဂူရိုနဲ့ နောက်မှာ စတာလင်း က အများဆုံး သွင်းပေးထားတာပါ၊ ”

“ခင်ဗျားတို့ အံ့အားသင့်စရာ အသင်းကို ကြည့်မယ်ဆိုရင် ပွဲထွက် (၁၁)ယောက်ကို မကြည့်ပါနဲ့ အရန်ခုံကိုပဲ ကြည့်လိုက်ပါ၊ မန်စီးတီးအရန်ခုံမှာ စတာလင်းနဲ့ ဂျီးဆပ်စ်တို့ ရှိနေပါတယ်၊ ပြီးခဲ့တဲ့ ရာသီက မန်စီးတီးရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ကို ပြန်ကြည့်လိုက်ပါ၊ အက်စတွန်ဗီလာကို ပြန်ပြီး အနိုင်ယူနိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဂန်ဒိုဂန်သွင်းယူခဲ့တဲ့ သွင်းဂိုး(၂)ဂိုးလုံးဟာ စတာလင်းဆီကနေပြီးတော့ အခြေခံထားခဲ့တာပါ၊ အသက်(၂၂)နှစ်ပဲ ရှိသေးတဲ့ ဟာလန်းကို ကျွန်တော်သိပါတယ်၊ သူက အံ့အားသင့်စရာ ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ၊ ”

“ဒါပေမဲ့ ဟာလန်း ကိုခေါ်လိုက်လို့ မန်စီးတီးက လာမယ့်ရာသီမှာ ဖလားတွေ အကုန်ရလိမ့်မယ်လို့ မဆိုလိုပါဘူး၊ မန်စီးတီးက အားကောင်းလာပြီး တစ်ချိန်ထဲမှာပဲ အားပြန်နည်းသွားတဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်၊ စတာလင်းနဲ့ ဂျီးဆပ်စ်ကို ထိန်းထားတာက ဟာလန်းကိုပါ ပိုကောင်းလာအောင် လုပ်ဖို့ လိုအပ်တဲ့ အရာလို့ ကျွန်တော်ထင်ပါတယ်၊ လာမယ့်ရာသီဆိုရင် ကလပ်အသင်းတွေက လူစားလဲမှု (၅)ကြိမ်အထိ ပြုလုပ်လို့ရတော့မယ်၊ ”

“အရိုးသားဆုံးပြောရမယ်ဆိုရင် မန်စီးတီးလုပ်ပုံက နည်းနည်းလေးတော့ မာန်တက်လွန်းတယ်လို့ ကျွန်တော် ထင်တယ်ဗျာ ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘရာဇီး တိုက်စစ်ကစားသမား ဂျီးဆပ်ဟာ အာဆင်နယ်ကို ပေါင် (၄၅)သန်းနဲ့ ပြီးခဲ့တဲ့ လတုန်းက ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ နုရင်ဘတ်အသင်းတို့ရဲ့ ခွစေမျးပှဲမှာာ အာဆင်နယ်အတွက် သွင်းဂိုး (၂)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

မန်ယူနိုက်တက် ပရိသတ် ပြောသွားသလို ဂွာဒီယိုလာဟာ စတာလင်းနဲ့ ဂျီးဆပ်စ်တို့ကို ရောင်းချလိုက်တာ အသင်းအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာ မဟုတ်ဘူးလို့ မျှော်လင့်ထားပုံရနေပါတယ်။တိုက်စစ်နေရာအတွက် အဲဗာရက်နဲ့ ဟာလန်းတို့ကို ခေါ်ယူထားခဲ့ပြီး ဖြစ်တာကြောင့် ဂွာဒီယိုလာရဲ့ ဆူံးဖြတ်ချက်တွေ မှန်ကန်မှု ရှိပါ့မလားဆိုတာကိုတော့ လာမယ့်ရာသီသစ်မှာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက်အသင်း ပရိသတ်တစ်ဦးဟာ မန်စီးတီးအသင်းဟာ မာန်တက်နေတဲ့ အသင်းလို့ ခေါင်းစဉ်တပ် ဝေဖန်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ရာသီသစ်မှာ ရလိမ့်မှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ တီမီလို့ခေါ်တဲ့ မန်ယူနိုက်တက် ပရိသတ်တစ်ဦးဟာ နာမည်ကြီး သတင်းစာ တစ်ခုနဲ့ အင်တာဗျုးတစ်ခုမှာ အခုလိုမျိုးပဲ ပြောကြားးသွားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးတို့ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ အဲဗာရက်၊ ဟာလန်းနဲ့ ဖီးလစ်တို့လို ကစားသမားတွေကို ခေါ်ယူထားခဲ့ပြီး ဖြစ်ပေမဲ့ စတာလင်းနဲ့ ဂျီးဆပ်စ်တို့ကိုတော့ ပြန်လည်ပြီးတော့ ရောင်းချထားခဲ့ပါတယ်။

ဂျီးဆပ်စ်ကို အာဆင်နယ် အသင်းထံကို အပြီးသတ်ရောင်းချခဲ့ပြီး ဖြစ်သလို စတာလင်းကိုလည်း ပေါင်သန်း(၅၀) ဝန်းကျင်နဲ့ ချဲလ်ဆီးအသင်းထံကို ရောင်းချထားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မန်ယူနိုက်တက် ပရိသတ်တစ်ဦးက ဒီနှစ် ပရီးမီးယားလိဂ်ဖလားကို မန်စီးတီး မရဘူးဆိုတာ ကျွန်တော် အာမခံပါတယ်၊ သူတို့က ဂျီးဆပ်စ်နဲ့ စတာလင်းကို ပြိုင်ဘက် ကလပ်တွေဆီ ရောင်းချတဲ့ အထိကို မာန်တက်နေကြတာပါ၊ ဂွာဒီယိုလာ လက်ထက်မှာ စတာလင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် စဉ်းစားလိုက်တဲ့ အခါမှာ ဂွာဒီယိုလာ လက်အောက်ကစားခဲ့တဲ့ ကစားသမားတွေထဲမှာ မက်ဆီက ဂိုးအများဆုံး သွင်းပေးထားတဲ့သူ၊ ပြီးရင် အဂူရိုနဲ့ နောက်မှာ စတာလင်း က အများဆုံး သွင်းပေးထားတာပါ၊

ခင်ဗျားတို့ အံ့အားသင့်စရာ အသင်းကို ကြည့်မယ်ဆိုရင် ပွဲထွက် (၁၁)ယောက်ကို မကြည့်ပါနဲ့ အရန်ခုံကိုပဲ ကြည့်လိုက်ပါ၊ မန်စီးတီးအရန်ခုံမှာ စတာလင်းနဲ့ ဂျီးဆပ်စ်တို့ ရှိနေပါတယ်၊ ပြီးခဲ့တဲ့ ရာသီက မန်စီးတီးရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ကို ပြန်ကြည့်လိုက်ပါ၊ အက်စတွန်ဗီလာကို ပြန်ပြီး အနိုင်ယူနိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဂန်ဒိုဂန်သွင်းယူခဲ့တဲ့ သွင်းဂိုး(၂)ဂိုးလုံးဟာ စတာလင်းဆီကနေပြီးတော့ အခြေခံထားခဲ့တာပါ၊ အသက်(၂၂)နှစ်ပဲ ရှိသေးတဲ့ ဟာလန်းကို ကျွန်တော်သိပါတယ်၊ သူက အံ့အားသင့်စရာ ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ၊

ဒါပေမဲ့ ဟာလန်း ကိုခေါ်လိုက်လို့ မန်စီးတီးက လာမယ့်ရာသီမှာ ဖလားတွေ အကုန်ရလိမ့်မယ်လို့ မဆိုလိုပါဘူး၊ မန်စီးတီးက အားကောင်းလာပြီး တစ်ချိန်ထဲမှာပဲ အားပြန်နည်းသွားတဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်၊ စတာလင်းနဲ့ ဂျီးဆပ်စ်ကို ထိန်းထားတာက ဟာလန်းကိုပါ ပိုကောင်းလာအောင် လုပ်ဖို့ လိုအပ်တဲ့ အရာလို့ ကျွန်တော်ထင်ပါတယ်၊ လာမယ့်ရာသီဆိုရင် ကလပ်အသင်းတွေက လူစားလဲမှု (၅)ကြိမ်အထိ ပြုလုပ်လို့ရတော့မယ်၊

အရိုးသားဆုံးပြောရမယ်ဆိုရင် မန်စီးတီးလုပ်ပုံက နည်းနည်းလေးတော့ မာန်တက်လွန်းတယ်လို့ ကျွန်တော် ထင်တယ်ဗျာ လို့ ပြောကြားသွားခဲ့ပါတယ်။ ဘရာဇီး တိုက်စစ်ကစားသမား ဂျီးဆပ်ဟာ အာဆင်နယ်ကို ပေါင် (၄၅)သန်းနဲ့ ပြီးခဲ့တဲ့ လတုန်းက ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ နုရင်ဘတ်အသင်းတို့ရဲ့ ခွစေမျးပှဲမှာာ အာဆင်နယ်အတွက် သွင်းဂိုး (၂)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

မန်ယူနိုက်တက် ပရိသတ် ပြောသွားသလို ဂွာဒီယိုလာဟာ စတာလင်းနဲ့ ဂျီးဆပ်စ်တို့ကို ရောင်းချလိုက်တာ အသင်းအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာ မဟုတ်ဘူးလို့ မျှော်လင့်ထားပုံရနေပါတယ်။တိုက်စစ်နေရာအတွက် အဲဗာရက်နဲ့ ဟာလန်းတို့ကို ခေါ်ယူထားခဲ့ပြီး ဖြစ်တာကြောင့် ဂွာဒီယိုလာရဲ့ ဆူံးဖြတ်ချက်တွေ မှန်ကန်မှု ရှိပါ့မလားဆိုတာကိုတော့ လာမယ့်ရာသီသစ်မှာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။