အာဆင်နယ်အသင်းအနေနဲ့ ပေါ်တူဂီကလပ် ပေါ်တိုအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဖာဘီယို ဗီယာရာကို အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် အံ့အားသင့်ဖွယ်ရာကောင်းတဲ့အထိ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ပေါ်တူဂီသတင်းဌာနတွေရဲ့အဆိုအရ ဂန်းနားတို့အနေနဲ့ အသက် ၂၂ နှစ်အရွယ်ကွင်းလယ်တိုက်စစ်ကစားသမားကို ယူရိုသန်း ၄၀ နဲ့ မြောက်လန်ဒန်ကလပ်ဆီ ယူဆောင်ဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီးပြီဖြစ်ကြောင်း အခိုင်အမာဆိုနေကြတာဖြစ်ပါတယ်။

Record သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၃၅ သန်းနဲ့ အခက်အခဲသိပ်မရှိဘဲ ရနိုင်မယ့် အပိုဆုကြေး ယူရို ၅ သန်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာဖြစ်ကြောင်း အခိုင်အမာဆိုသွားခဲ့ပြီး စာချုပ်ပါလျော်ကြေး ယူရိုသန်း ၅၀ ရှိတဲ့ ကစားသမားအတွက် ပိုမိုနည်းပါးတဲ့ ပမာဏနဲ့ ညှိနှိုင်းနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဗီယာရာအနေနဲ့ လာမယ့်နာရီပိုင်းအတွင်း အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို အပြီးသတ်နိုင်ဖို့အတွက် လန်ဒန်ကို ထွက်ခွါလာမှာဖြစ်ပြီး ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်,ချုပ်ဆိုမှာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပေါ်တိုအသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲအထိ ပါဝင်ကစားခဲ့တဲ့ ဗီယာရာအနေနဲ့ အဆိုပါကာလအတွင်း သွင်းဂိုး ၇ ဂိုးနဲ့အတူ ဂိုးဖန်တီးမှု ၁၆ ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းက အသက် ၁၉ နှစ်အရွယ် ဘရာဇီးလ်လူငယ်ကစားသမားလေး မာကင်ညိုစ်ကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း အသင်းဘက်က အတည်ပြုခဲ့ပြီးနောက်ပိုင်း ဗီယာရာကတော့ အာဆင်နယ်အသင်းရဲ့ ဒုတိယမြောက်ကစားသမားခေါ်ယူမှုဖြစ်လာတော့မှာပါ။

အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ကိုပါ ခေါ်ယူနိုင်ဖို့အတွက် နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ မီခဲလ် အာတီတာရဲ့ အာဆင်နယ်အသင်းအနေနဲ့ ဘရာဇီးလ်လက်ရွေးစင်ကစားသမားက အသင်းကို လာချင်နေပြီး စပိန်သားနဲ့ အမ်းမရိတ်စ်မှာ ပြန်လည်ဆုံစည်းလိုနေတာကြောင့် ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ထက်စာရင် အခြေအနေကောင်းနေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေအနေနဲ့ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၅၀ အလိုရှိနေပေမယ့် The Times သတင်းဌာနရဲ့ဖော်ပြချက်အရတော့ အာဆင်နယ်အသင်းအနေနဲ့ အဆိုပါပမာဏထက် အနည်းငယ်လျော့နည်းတဲ့ ပမာဏနဲ့ သဘောတူညီမှုရဖို့ နီးစပ်နေကြောင်း သိရပါတယ်။

ZAWGYI: အာဆင်နယ်အသင်းအနေနဲ့ ပေါ်တူဂီကလပ် ပေါ်တိုအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဖာဘီယို ဗီယာရာကို အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် အံ့အားသင့်ဖွယ်ရာကောင်းတဲ့အထိ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ပေါ်တူဂီသတင်းဌာနတွေရဲ့အဆိုအရ ဂန်းနားတို့အနေနဲ့ အသက် ၂၂ နှစ်အရွယ်ကွင်းလယ်တိုက်စစ်ကစားသမားကို ယူရိုသန်း ၄၀ နဲ့ မြောက်လန်ဒန်ကလပ်ဆီ ယူဆောင်ဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီးပြီဖြစ်ကြောင်း အခိုင်အမာဆိုနေကြတာဖြစ်ပါတယ်။