မန်ချက်စတာစီးတီးမှာ စတာလင်ရဲ့ အနာဂတ်ကတော့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် မသေချာ မရေရာဖြစ်နေခဲ့တာပါ။ ပရီးမီးယားလိဂ် ၄ ကြိမ်ဆုရှင်ဟာ ယခုလအတွင်း ချိတ်ဆက်မှု အများအပြာ ရှိလာခဲ့ပါတယ်။ ယခုနှစ် သူဟာ ဂွာဒီယိုလာရဲ့ ပွဲထွက်စာရင်းမှာ ပုံမှန် ပါဝင်ခွင့် မရရှိတာကြောင့် သူဟာ နောက််ရာသီ ဂွာဒီယိုလာရဲ့ အစီအစဥ်မှာ ပါဝင်လာမလားဆိုတာ မေးခွန်းထုတ်စရာပါ။

အထူးသဖြင့် ယခုနွေရာသီမှာ ဟာလန်းနဲ့ အဲဗာရက်စ်တို့ကလည်း အသင်းကို ပြောင်းရွှေ့လာပါပြီ။ ဥရောပရဲ့ ထိပ်သီး အသင်းကြီး ၄ သင်းဟာ အသက် ၂၇ နှစ်အရွယ် စတာလင်ကို ယခုရာသီမှာ ခေါ်ယူမဲ့ အလားအလာနဲ့ ပတ်သတ်ပြီး နီးစပ်မှုတွေ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ ကဲ လာမဲ့လတွေမှာ စတာလင် ရွေးချယ်သွားနိုင်တဲ့ အခွင့်အလမ်းတွေကို ကြည့်လိုက်ရအောင်ဗျာ။

ချဲလ်ဆီး။ ။ တယ်လီဂရပ်ရဲ့ သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တဲ့ စတာလင်ကို စိတ်ဝင်စားနေတဲ့ နောက်ဆုံး အသင်းဖြစ်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ သွင်းဂိုးတွေနဲ့ တိုက်စစ်မှာ အတွေ့အကြုံရှိ ကစားသမားကို လိုအပ်နေတာပါ။ ဒီအခွင့်အလမ်းကတော့ ချဲလ်ဆီး အသင်းပိုင်ရှင် အသစ် တော့ဘိုလေအတွက် ကျော်ဖြတ်နိုင်ဖို့ အကောင်းဆုံး အခြေအနေ ဖြစ်ပုံပါပဲ။

ချဲလ်ဆီး အသင်းဟာ မေဆွန်မောင့် ၊ ဝါနာ ၊ ပူလီဆစ် ၊ အိုဒွိုင်းနဲ့ ဇီးယက်တို့လို ပစားသမားတွေကို ​ပိုင်ဆိုင်ထားပြီး တူချယ်ရဲ့ အသင်းမှာ တောင်ပံတစ်နေရာအတွက် ကစားသမား ၂ ယောက်တောင် ရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံး ၉ ရာသီရဲ့ တစ်ရာသီချင်းစီတိုင်းမှာ လိဂ်ပွဲ ၃၀ နဲ့အထက် ကစားထားတဲ့ စံချိန်နဲ့အတူ နောက်ဆုံး ၅ ရာသီမှာလည်း ၁၀ နဲ့အထက် သွင်းယူထားနိုင်တာကြောင့် စတာလင်ဟာ ကောင်းတဲ့ ရွေးချယ်မှု တစ်ခု ဖြစ်မှာပါ။

ရီးရဲမက်ဒရစ်။ ။ စပိန်ချန်ပီယံ အသင်းဟာ ချန်ပီယံလိဂ်ဖလား ရရှိတဲ့ အသင်းတွေကြား စတာလင်ကို စိတ်ဝင်စားနေတဲ့ အသင်းတစ်သင်းပါ။ အပေါ်က ဖော်ပြခဲ့တဲ့ အချက်တွေအရ မက်ဒရစ်ဟာ စတာလင်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ တောင်ပံ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ စီးတီးအသင်းအတွက် အရေးပါတဲ့ ပွဲစဥ်တွေမှာ ချန်လှပ်ခံခဲ့ရပါတယ်။ မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၂ ကျော့လု အပါအဝင်ပါပဲ။ မက်ဒရစ်အသင်း​ရဲ့နွေရာသီ ထွက်ခွာမှုကတော့ ဘေးလ်တစ်ယောက်သာ ရှိတာပါ။ သူသာ ပြောင်းရွှေ့လာရင်တော့ သူဟာ ဘာနေဗျူးမှာ ဂျူနီယာ ၊ ဟာဇက် ၊ အက်ဆန်စီယို ၊ ရိုဒရီဂိုတို့နဲ့ ပွဲကစားချိန် မိနစ်တွေအတွက် ယှဥ်ပြိုင်ရဦးမှာပါ။

ဘာစီလိုနာ။ ။ ကစားသမားရဲ့ လစာတောင်းဆိုမှုက အပြောင်းအရွှေ့ကို ခက်ခဲအောင် ပြုလုပ်မှာ ဖြစ်ပေမဲ့ မက်ဒရစ်ရဲ့ပြိုင်ဘက် ဘာစီလိုနာ အသင်းကလည်း စတာလင်အတွက် စိတ်ဝင်စားနေခဲ့တာပါ။ သူတို့ဟာ ယခုနွေရာသီမှာ ကစားသမားတွေကို လျော့ချနိုင်သင့်ပါတယ်။ ဒါမှသာ ဇာဗီရဲ့ အသင်းဟာ ချန်ပီယံလိဂ် ၇၄ ပွဲမှာ ၂၄ ဂိုး သွင်းယူထားတဲ့ တောင်ပံ ကစားသမားကို ခေါ်ယူနိုင်ဖို့ ဖြစ်လာမှာပါ။ ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ရာသီ စတာလင်ရဲ့ ပြောင်းရွှေ့မှုနဲ့ ပတ်သတ်ပြီး သတင်းထွက်လာခဲ့ပေမဲ့ သူတို့သာ ငွေကြေး အခက်အခဲကို အပြောင်းအလဲ မလုပ်နိုင်ရင်တော့ ဒီခေါ်ယူမှုက အလှမ်းဝေးသွားနိုင်ပါတယ်။

လီဗာပူး။ ။ လီဗာပူး ကြယ်ပွင့် မာနေးဟာ ယခုနွေရာသီမှာ အန်ဖီးက ထွက်ခွာလိုကြောင်း သူ့ရဲ့ ဆန္ဒကို ဖော်ပြခဲ့ပြီး ဘိုင်ယန်အသင်းဟာ သူ့ကိုခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်းဖြစ်နေပါတယ်။ ဒါပေမဲ့ ဂျာမန်အသင်းဟာ ဆောက်သမ်တန် တိုက်စစ်မှူးဟောင်းကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ၂ ကြိမ် မအောင်မြင်ခဲ့ပါဘူး။ ဘိုင်ယန်ရဲ့ တိုက်စစ်မှူး လီဝန်ဒေါ့စကီးကလည်း ယခုနွေရာသီမှာ အသင်းက ထွက်ခွာဖို့ တွန်းအားပေးနေတာပါ။

သူ့ကို ရောင်းချပြီး ရရှိလာတဲ့ ငွေနဲ့ ဗဟိုတိုက်စစ် နေရာမှာပါ ကစားနိုင်တဲ့ စတာလင်ကို ခေါ်ယူဖို့ ဖြစ်နိုင်ပါတယ်။ သူ့အတွက် ဘိုင်ယန်ကို ပြောင်းရွှေ့တာက သူ့ရဲ့ စီးတီး အသင်းဖော်ဟောင်း ဆာနေးနဲ့ ပြန်လည်ပူးပေါင်းနိုင်မှာ ဖြစ်ပေမဲ့ ဖြစ်နိုင်ရင် အင်္ဂလန်မြေမှာ ဆက်ရှိနေချင်တာပါ။ ဒါဟာ သူ ချဲလ်ဆီးကို ပြောင်းရွှေ့နိုင်ချေရှိတဲ့ အခွင့်အရေးပါ။

မန်စီးတီး အသင်းမှာ ဆက်လက်နိုင်ချေရှိတဲ့ စတာလင်။ ။ ဥရောပရဲ့ အသင်းကြီး ၄သင်းလုံးဟာ စတာလင်အတွက် ဖြစ်နိုင်ချေ ရှိပေမဲ့ အင်္ဂလန်သားဟာ ချန်ပီယံလိဂ် ပွဲထွက်ခွင့် ၇၄ ပွဲ ရရှိထား​တဲ့ အီတီဟတ်မှာပဲ သူ့ရဲ့ နေရာအတွက် ဆက်လက်တိုက်ခိုက်ပြီး ရှိနေနိုင်ပါသေးတယ်။ ဟတာလင်ဟာ ပြီးခဲ့​တဲ့ ၇ ရာသီအတွင်း တစ်ရာသီကို ၄၅ ပွဲကျော် ကစားထားခဲ့ပြီး ၂၀၂၁-၂၂ ခုနှစ်ရာသီမှာတော့ ပွဲထွက်စာရင်းကနေ ချန်လှပ်ထားခံခဲ့ရပါတယ်။

ဒါပေမဲ့ သူဟာ အရေးပါတဲ့ နေရာကနေ ကစားနေဆဲပါ။ မာရက်ဇ်ကလည်း နောက်ရာသီမှာ စာချုပ် ကုန်ဆုံးတော့မှာဖြစ်ပြီး ဂွာဒီယိုလာကလည်း ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ၂ ဦးလုံး ဆုံးရှုံးရမှာထက် အယ်လ်ဂျီးရီးယားသားအစား စတာလင်ကို ထိန်းထားဖို့ စောင့်ကြည့်နေမှာပါ။