ချဲလ်ဆီးတို့ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မည်သည့် ကစားသမား တစ်ဦးတစ်ယောက်ကိုမှ ခေါ်ယူမှုတွေ ပြုလုပ်ရခြင်းမရှိသေးပဲ ခြေငြိမ်လျက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အဆင့်(၃)နေရာနဲ့ ရာသီသိမ်းခဲ့ပြီးတဲ့နောက် ချဲလ်ဆီးရဲ့ အခြေအအနေက လာမယ့် ရာသီသစ်အတွက် ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ရမယ့် အခြေအနေတွေမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

တူချယ်ရဲ့ ချဲလ်ဆီးအနေနဲ့ အဆင့် (၃)နေရာနဲ့ ရာသီ သိမ်းနိုင်ခဲ့တယ်ဆိုပေမဲ့ အဆင့် (၁)နေရာက မန်စီးတီးနဲ့ အဆင့် (၂)နေရာက လီဗာပူးလ်တို့နဲ့ ယှဉ်လိုက်ရင် ကစားသမား အင်အားတောင့်တင်းမှုနဲ့ ခြေစွမ်းပိုင်းတွေက ကွာဟချက်တွေ ရှိနေတာ ဖြစ်ပါတယ်။ အသင်းပိုင်ရှင် အပြောင်းအလဲ တွေကြားမှာ ချဲလ်ဆီးတို့အတွက် ပြောင်းလဲ မှု အချိူ့ရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ လက်ရှိ ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်သစ်ဖြစ်လာတဲ့ တော့ဘိုလေ လက်ရှိ နွေဈေးကွက်ထဲမှာ ငွေသုံးမယ်လို့တော့ ပြောထားတာမျိုး တွေ ရှိပါတယ်။

ဒါပေမဲ့ ပြိုင်ဘက် အသင်းတွေက ဈေးကွက်ထဲမှာ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ဖို့ အလုပ်တွေ များစွာ ပြုလုပ်လျက်ရှိနေပေမဲ့ ချဲလ်ဆီးတို့ကတော့ ဒီနေ့ အချိန်အထိ ကစားသမား သစ်ခေါ်ယူဖို့ နေနေသာ ချဲလ်ဆီးနဲ့ သတင်းထွက်နေတဲ့ ကစားသမားတောင် ခပ်ရှားရှား ဖြစ်နေတာရယ်ပါ။ နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ ဖေဘရီဇီယို ရိုမန်နိုကတော့ ချဲလ်ဆီးတို့ အနေနဲ့ အခုလို အပြောင်း အရွှေ့ ဈေးကွက်ထဲမှာ တိတ်ဆိတ်နေရတာဟာ လာမယ့် ရာသီမတိုင်မီ ကလပ်ရဲ့ အတွင်းပိုင်းမှာ ပိုင်ရှင် အပြောင်းအလဲနဲ့ အတူ မမြင်နိုင်တဲ့ အတွင်းပိုင်း လုပ်ငန်းတွေ ပြုလုပ်နေခဲ့ရတာ ကြောင့် ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးတို့ အနေနဲ့ လက်ရှိ နွေရာသီ ဈေးကွက်ထဲမှာ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်လိမ့်မှာ ဖြစ်သော်လည်း ကစားသမားသစ်တွေ မခေါ်ယူခင်၊ ကလပ်ရဲ့ အတွင်းပိုင်းမှာ ဖြေရှင်းဖို့ ကျန်ရှိနေတဲ့ ပြဿနာတွေ ရှိနေတယ်လို့ ယုံကြည်ရပါတယ်။ လက်ရှိမှာ ပိုင်ရှင်သစ် ဘိုလေအတွက် ချဲလ်ဆီးအသင်းရဲ့ အတွင်းပိုင်း ပြဿနာတွေကို ဖြေရှင်းဖို့က ဦးစားပေး ကိစ္စရပ်တစ်ခုအဖြစ် ပြောကြားထားခဲ့တာကြောင့် လက်ရှိ နွေရာသီ ဈေးကွက်ထဲမှာ ချဲလ်ဆီးတို့ ခြေလှမ်တွေက နှေးကွေးနေရတာပဲ ဖြစ်ပါတယ်။

ရာသီသစ်မစခင် ချဲလ်ဆီးတို့ရဲ့ ပထမဆုံး ခေါ်ယူမှု တစ်ခု ဖြစ်လာနိုင်တဲ့ ခေါ်ယူမှုတစ်ခုကတော့ ဂျူးလပ်စ်ကော့ဒီပဲ ဖြစ်ပါတယ်။ အသက်(၂၃)နှစ်သာ ရှိနေသေးတဲ့ ကော့ဒီကို မကြာခင်မှာ ချဲလ်ဆီးတို့ရဲ့ ကစားသမား သစ်ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။ ဆီဗီလာအသင်းရဲ့ စီအီးအိုကိုယ်တိုင်က ကော့ဒီကို ရောင်းချဖို့အတွက် အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မီးစိမ်းပြထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ ကစားသမား အိုဆမာနီ ဒမ်ဘီလီကလည်း ချဲလ်ဆီးကို ရောင်လာနိုင်ခြေရှိနေတဲ့ ကစားသမားတစ်ယောက် ဖြစ်နေနိုင်ပါတယ်။

ဘာစီလိုနာနဲ့ စာချူပ်သက်တမ်း ကုန်ဆုံးတာနဲ့ ဒမ်ဘီလီဟာ ဘာစီလိုနာကနေ ထွက်ခွာဖို့ ပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီး တောင်ပံ တိုက်စစ်ကစားသမား စတာလင်းနဲ့လည်း ချဲလ်ဆီးတို့ ဟာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက် ရှိနေပါတယ်။ ချဲလ်ဆီးတို့ဟာ စတာလင်းကို ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားလျက် ရှိနေတယ်လို့လည်း သတင်းတွေ အရ သိရပါတယ်။

ဒါပေမဲ့ မန်စီးတီးတို့ကတော့ စတာလင်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း(၆၀)လောက် အလိုရှိနေတာ ဖြစ်ပါတယ်။ ဆိုတော့ ချဲလ်ဆီးတို့ အနေနဲ့ နွေဈေးကွက်ထဲမှာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်မှာ ဖြစ်ပေမဲ့ အခြား ဦးစားပေး ကိစ္စရပ်တွေကြောင့် ပြိုင်ဘက်တွေထက်တော့ နွေဈေးကွက်ထဲမှာ ခြေလှမ်းတွေ နောက်ကျနေတာ ဖြစ်ပါတယ်။

ZAWGYI: ချဲလ်ဆီးတို့ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မည်သည့် ကစားသမား တစ်ဦးတစ်ယောက်ကိုမှ ခေါ်ယူမှုတွေ ပြုလုပ်ရခြင်းမရှိသေးပဲ ခြေငြိမ်လျက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အဆင့်(၃)နေရာနဲ့ ရာသီသိမ်းခဲ့ပြီးတဲ့နောက် ချဲလ်ဆီးရဲ့ အခြေအအနေက လာမယ့် ရာသီသစ်အတွက် ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ရမယ့် အခြေအနေတွေမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။